Agroecology ဆိုတာ..
အချိန်အခါမဟုတ် မိုးတွေ၊ ပိုးတွေ….
ဆေးမတိုးတော့တဲ့ သီးနှံဖျက်ပိုးတွေ…
ဘယ်ကပေါ်လာမှန်းမသိတဲ့ ဖျက်ပိုးအစုလိုက် အပြုံလိုက်ကျရောက်မှုတွေ…
နွေရဲ့ အပူချိန်လွန်ကဲမှုတွေ ….
မိုးလိုချိန်မှာ မိုးမရ၊ မလိုချိန်မှာမှ ရတဲ့ ပြဿနာတွေ..
ရေကြီးရေလျှံမှုတွေ
မိုးခေါင်တာ၊ မြေပြိုတာတွေ.. ခပ်စိပ်စိပ်ကြုံလာရတာကို သတိထားမိကြသူတွေကတော့ အဖြေတစ်ခုကိုရှာပြီး လုပ်ဆောင်ဖို့ တာဆူနေကြပါပြီ။
ဒီလိုမျိုး ရာသီဥတုပြောင်းလဲမှုဒဏ်တွေကနေ သက်သာချင်သူတွေအတွက် မိမိတို့ကိုယ်တိုင် လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်တဲ့ Agroecology လို့ခေါ်တဲ့ စိုက်ပျိုးနည်းစနစ် (တစ်နည်းအားဖြင့် ပညာရပ်) အကြောင်း မျှဝေပေးလိုက်ရပါတယ်။
Agroecology ဆိုတာ
- အလုံးစုံခြုံငုံမိအောင် အဘက်ဘက်ကနေ စဉ်းစားထားတဲ့ လမ်းစဉ်တစ်ခုဆိုလည်းဟုတ်တယ်။
- ဇွဲရှိရှိနဲ့ အသုံးချရမယ့် သဘောတရားရေးရာလည်း ဖြစ်ပါတယ်။
- ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်ဖို့ အလေ့အကျင့်ကောင်းတွေရယ်နဲ့ ရေရှည်အတွက် အဆင်ပြေမယ့် အစားအစာစနစ် (Food System) တစ်ခုဖြစ်ဖို့ ဂရုစိုက်ကြရမယ့်အရာတွေရယ် ပါဝင်ပါတယ်။
ပျက်စီးမှုတွေကို ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး ပြန်ကောင်းလာအောင်လုပ်ကြမယ့် အစီစဉ်ကောင်းတစ်ခုလို့ ဆိုပါတော့.. ။
စိုက်ပျိုးနည်းစနစ်တစ်ခုတည်းမဟုတ်ဘဲ သဘောတရားရေးရာတွေပါ ပါဝင်နေပါတယ်။
အပင်တွေ၊ တိရစ္ဆာန်တွေ၊ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အကြားမှာ အပြန်အလှန် ဆက်နွှယ်မှုတွေဆိုတာရှိနေပါတယ်။ Agroecologyမှာ ပြောပြထားတာက ကမ္ဘာမြေပေါ် မှာရှင်သန်ကြတဲ့ သက်ရှိအားလုံးက စားရေရိက္ခာတွေကို မျှမျှတတ ခွဲဝေစားသုံးကြဖို့လိုအပ်တယ်လို့ ညွှန်းဆိုထားပါတယ်။
Agroecology ဆိုတာ သိပ္ပံပညာရပ်တစ်ခုပါ။ ဘယ်လို သိပ္ပံပညာရပ်လည်းဆိုတော့ စိုက်ပျိုးရေးနဲ့ အစားအစာစနစ်( Agriculture & Food System) တစ်ခုလုံးအတွင်းမှာ မကြာသေးမီ ရာစုနှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပေါ် အခြေခံပြီး ခြုံငုံသုံးသပ်ကာ ဖြစ်သင့်တဲ့ စိုက်ပျိုးနည်းစနစ်တွေရယ် လူမှုရေး ဆောင်ရွက်ချက်တွေရယ် ပါဝင်နေတဲ့ ပညာရပ်ဖြစ်ပါတယ်။
ဒီနေရာမှာ အစားအစာစနစ်( Food System) ဆိုတာကို ရှင်းပြရရင်တော့
လူတွေက ဘာတွေစားနေကြသလဲ?
ဘယ်လိုရွေးချယ်ဝယ်ယူနေရသလဲ?
အဲ့အစားအစာတွေကို ဘယ်ကနေထုတ်နေသလဲဆိုတာမျိုး အဆင့်ဆင့်ပါဝင်နေတဲ့ စနစ်ကြီးကို ဆိုလိုတာပါ။
စိုက်ပျိုးတာကနေ စားသုံးဖြစ်ကြတဲ့အထိ အဆင့်ဆင့်မှာ အစားအစာတွေဘယ်လိုဖြစ်လာခဲ့ကြသလဲဆိုတဲ့ ရာဇဝင်ကြီးတစ်ခုပေါ့။
ဒီရာဇဝင်ကြီးမှာ စိုက်ပျိုးတာကနေစတင်တာဖြစ်လို့ ဂေဟစနစ်ဆိုင်ရာအကြောင်းတွေပါတယ်။
စိုက်ပျိုးကြသူတွေလည်းပါဝင်တာမို့ လူမှုဘဝ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေပါတယ်။
နည်းပညာတွေ၊ စီးပွားရေးဆိုင်ရာတွေ၊ နိုင်ငံရေး အခြေအနေတွေ စတဲ့ အရာအားလုံးက Food System ထဲမှာ ပါဝင်ပတ်သက်နေကြပါတယ် ။

လူသားတွေရဲ့ ကိစ္စအဝဝဖြစ်တဲ့ အစားအစာ၊ လူနေမှုဘဝ၊ ကျန်းမာရေးအခြေအနေ စတဲ့အကြောင်းအရာတွေနဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုတဲ့ အကြောင်းအရာဟာ ကြာကြာခွဲထားလို့မရတော့ပါဘူးလို့ Agroecology မှာပြောပြထားပါတယ်။ အကြောင်းကတော့ အားလုံးက ရှုပ်ထွေးစွာနဲ့ပဲ အပြန်အလှန်မှီခိုနေကြရလို့ပါပဲ။
သဘာဝအရင်းအမြစ်တွေထဲက တစ်နေရာမှာ ပြဿနာတက်တာနဲ့ “တစ်နွယ်ငင်တစ်ဆင်ပါ”ဆိုသလို အားလုံးကို ထိတာကြောင့်ပါပဲ။
တောတွေပြုန်းတယ်၊ တောင်တွေပြိုတယ်ဆိုတာက ကိုယ့်အနီးနားမှာ မဟုတ်ပေမယ့် နွေမှာ အပူချိန်မြင့်လာပြီး ရှော့ဖြစ်ကြသူတွေများလာတယ်။ ဒီလို ဆက်စပ်မှုတွေကိုပြောချင်တာပါ။ ဂေဟစနစ်ပျက်သုန်းလာတဲ့ လက္ခာဏာတွေအနေနဲ့ စိုက်ပျိုးရေးမှာဆို ဖျက်ပိုးတွေ အစုလိုက် ရှိလာကြတာမျိုးပေါ့ ။
လွန်ခဲ့တဲ့ရာစုနှစ်ရဲ့ သဘာဝရင်းမြစ်အသုံးချမှု လွဲမှားခြင်းတွေကနေ မျက်မှောက်ခေတ်မှာ အကျိုးဆက်အဖြစ် လူတွေရဲ့ အစားအစာတွေ နဲ့ ကျန်းမာရေးအခြေအနေတွေက စိန်ခေါ်မှုတွေနဲ့ ကြုံလာရတာကလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့ Agroecology မှာ ပြောထားတဲ့ ဒီအကြောင်းအရာတွေက စိတ်ဝင်စားစရာပါ။
ဒါကြောင့်လည်း ၂၀၃၀ အမီ စိုက်ပျိုးရေးနဲ့ အစားအစာစနစ်က ရေရှည်တည်တံ့တဲ့ နည်းစနစ်ဖြစ်ဖို့ အရေးတကြီး လုပ်ဆောင်ရမယ်လို့ တစ်ကမ္ဘာလုံးကသဘောတူထားကြပါသတဲ့။
Food System ထဲက ပြဿနာတွေဖြစ်တဲ့ ဆင်းရဲ နွမ်းပါးမှုတွေနဲ့ အစားအစာရှားပါးမှုတွေက တအိအိနဲ့ဖြစ်လာနေတာမို့ ရုတ်တရက်ဆို မသိသာပါဘူး။ သေချာတွေးကြည့်၊ ပြန်ကြည့်ရင်တော့ ဒါတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။
Agroecology ဆိုတဲ့ ပညာရပ်မှာက ဒီပြဿနာတွေကို အဆုံးသတ်စေမယ့် နည်းစနစ် အဆင့်ဆင့်ကို ဖော်ပြထားတယ်။ အောက်ခြေကနေ မူဝါဒတွေအထိ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေပါဝင်တယ်။
စိုက်ပျိုးရေး ကဏ္ဍတစ်ခုတည်းမှာ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ ဒေသဝန်းကျင်ကသဘာဝကအရင်းအမြစ်တွေအတွက် စဉ်းစားလုပ်ဆောင်တာတွေ ဇီဝမျိုးစုံ မျိုးကွဲတွေ ဆုံးရှုံးလာနေမှုတွေအတွက်လုပ်ဆောင်တာတွေ အစားအစာစနစ်(Food System) ကြီးထဲက လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ၊ အာဟာရဆိုင်ရာတွေအတွက် လုပ်ဆောင်တာတွေ စသည်ဖြင့် စပ်ဆက်နေတဲ့ နယ်ပယ်အစုံကို ခြုံငုံမိစေတဲ့ အလေ့အကျင့်ကောင်းတွေကို Agroecology မှာတွေ့ရပါတယ်။
အားလုံးပါဝင်လုပ်ဆောင်ကြပြီး တစ်ပြိင်နက် အတူတူလုပ်ဆောင်ကြရပါမယ်။ ဒါတွေကိုအတူလုပ်ဆောင်ခြင်းက လူတစ်ယောက်အဖြစ် လူပီသခြင်းဖြစ်ပါတယ် လို့လည်း ဆိုထားပါသေးတယ်။
ဒါကတော့ Agroecologyကို အားလုံးအလွယ်တကူနားလည်ဖို့ အကျဉ်းချုပ် ဘာသာပြန်ဆိုခြင်းဖြစ်ပါတယ်။
ဘယ်သူမှပြေးမလွတ်နိုင်တဲ့ ရာသီဥတု ကပ်ဘေးမှာ မျက်ကွယ်ပြုလေ လူသားတွေရဲ့ အစားအစာစနစ်က ပိုမိုထိခိုက်လာလေဖြစ်ပါတယ်။
Agroecologyမှာတော့ အားလုံးဝိုင်းဝန်းဖြေရှင်းနည်းတွေကို စုစည်းဖော်ပြထားတာကြောင်း မိတ်ဆက်ရေးသားလိုက်ရပါတယ်ရှင့်။
ကိုးကား-https://www.fao.org/agroecology/overview/en/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သိမ့်ဇာ
See all
ထိုင်းနိုင်ငံက ပြည်သူတွေခံယူထားတဲ့ ဖူလုံလုံလောက်မှုဆိုတာ..
25/02/2025
ကမ္ဘာကလေးစားအတုယူရမယ့် ထိုင်းနိုင်ငံက ဖူလုံလုံလောက်တဲ့ အမီအခိုကင်းကျေးရွာ
12/02/2025
ဆား( အငံ) နှင့် ကျန်းမာရေး
16/05/2024
ငွေနှင်းမှို နောက်တစ်ပွင့် ထပ်ပွင့်ဖို့ အချိန်ဘယ်လောက်ကြာသလဲ?
05/10/2023
စိုက်ပျိုးရေးလောကမှ ဝယ်စရာမလိုသောအရာများကို နည်းလမ်းမှန်စွာ အသုံးချခြင်း
16/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....