ပုံမှန်ဝင်ငွေရနိုင်သော ကွမ်းသီးပင်
ဒေသ၊ ရေမြေအခြေအနေပေးလျှင် ကွမ်းသီးပင် စိုက်ပျိုးသင့်ပါသည်၊ တစ်ပင်မှ တစ်နှစ်လျှင် ဝင်ငွေ သောင်းချီ၍ ရနိုင်ပါသည်။ နေရာဒေသအနှံ့ ကွမ်းယာစားသုံးသူ များပြားလာသည်နှင့်အမျှ ကွမ်းသီးအသုံးပြုမှု ရောင်းဝယ်မှုစျေးကွက် ကြီးထွားလာသည်ကိုလည်း မကြာသောနှစ်ကာလမှစ၍ သိသိသာသာ ပြောင်းလဲ လာသည်ကို မြင်တွေ့နေရပါသည်။ ပြည်တွင်းအသုံးပြုမှုများလာသည်နှင့်အမျှ တစ်ခါတစ်ရံ ကွမ်းသီး မလုံလောက်မှုပင် ရှိလာသည်။ ပြည်ပမှ တင်သွင်းရသည့် နှစ်များရှိလာသကဲ့သို့ ပြည်ပသို့ ကွမ်းသီး ပြန်လည် တင်ပို့ရသော စျေးကွက်ဝင်သီးနှံလည်းဖြစ်နေပါသည်။ ကွမ်းသီးနှင့် အဓိကကုန်သွယ်နေရသော နိုင်ငံများမှာ မလေးရှားနှင့် အိန္ဒိယနိင်ငံတို့ ဖြစ်ကြပါသည်။ တမူးနယ်စပ်မှ အိန္ဒိယသို့ ပို့ကုန် ၁၅၂ မျိုးထဲတွင် ကွမ်းသီးနှင့် ဂျင်းတို့မှာ စျေးကွက်ကောင်းစွာ ရရှိပါသည်။ ပထမအများဆုံး စိုက်ပျိုးသောသီးနှံမှာ စပါးဖြစ်ပြီး ဒုတိယ အများဆုံး စိုက်ပျိုးသော သီးနှံမှာ ဥယျာဉ်ခြံသီးနှံပင်ဖြစ်သော ကွမ်းသီးဖြစ်နေပါသည်။
ကွမ်းသီးပင် စိုက်သည့်အခါတွင် ရေမြေကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ရေနှင့် အေးမြသော နေရာ၊ ရာသီဥတုနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မိုးရေချိန် လက်မ ၈၀ မှ ၂၀၀ အထိ ရွာသွန်းသော တိုင်းဒေသကြီးများတွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းပါသည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ပိုမို၍ ဖြစ်ထွန်းပါသည်။ မိုးခေါင်ဒဏ်ကို မခံနိုင်ပါ၊ မိုးခေါင်သော ဒေသတွင် ကွမ်းသီးပင် စိုက်ပျိုးလျှင် အပင် မကြီးထွားနိုင်ပါ၊ ပန်းပွင့်မှုလည်း ညံ့ဖျင်းစေပါသည်။ မိုးရေချိန် လက်မ ၆၀ ခန့်ရရှိသော အခါတွင် ရေသွင်း ပေးရပါသည်။ နေပြင်းဒဏ်ကိုလည်း ကောင်းစွာ မခံနိုင်ပါ၊ လေပူလေပြင်း တိုက်ခတ်လျှင် အသီးအပွင့်ကြွေ၍ အသီးတင်မှု နည်းစေပါသည်။ သို့သော် နေရာဒေသ ပူပြင်းသော်လည်း အေးမြစိုစွတ်သောနေရာတွင် စိုက်ပျိုးပါက ဖြစ်ထွန်းနိုင်ပါသည်။ ကွမ်းသီးပင် စိုက်ပျိုးရာတွင် ရေအဓိကရရှိရန် လိုအပ်ပါသည်။ အပွင့်ပွင့်နေချိန်တွင် ရေကောင်းစွာ မရရှိပါက အသီးမတင်နိုင်ပါ။ အသီးကင်ဖြစ်ချိန်တွင် ရေမရရှိပါက အသီး ကြွေ၍ ကွမ်းသီးလုံးအဆင့်ကို မရောက်ရှိနိုင်ပါ။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကွမ်းသီးပင်ကို မကွေးတိုင်းဒေသတွင် စိုက်ပျိုးမှု အားနည်းပြီး မြန်မာနိုင်ငံ အောက်ပိုင်းတိုင်းဒေသ မိုးများသော ဒေသများတွင် အဓိကထားစိုက်ပျိုးကြသည်။ တစ်နိုင်ငံလုံးတွင် စိုက်ဧက သိန်းဂဏန်းဝန်းကျင်သာရှိ၍ နှစ်စဉ် ကွမ်းသီးအခြောက် ပိသာ သိန်း၂၀၀ ကျော် ထွက်ရှိပါသည်။ တစ်ဧကလျှင် ကွမ်းသီးအစို ( အခွံမပါ ) ပိသာ ၁၈၀၀ မှ ၃၆၀၀ ထွက်ရှိပါသည်။ ကွမ်းသီးအခြာက် ပိသာ ၅၄၀ မှ ၁၁၀၀ ခန့်သာ ထွက်ရှိပါသည် ကွမ်းသီးပင် တစ်ပင်လျှင် အကြီးအသေး အသီး ၅၀၀ ကျော် ထွက်ရှိရာ ကွမ်းသီးအစို အလေးချိန် ပိသာ ၄၀၀ အနည်းဆုံးထွက်နိုင်ပါသည်၊ တစ်ပင်လျှင် ကျပ်နှစ်သောင်းခန့် အနည်းဆုံး ရရှိနိုင်ပါသည်။ ကွမ်းသီးကို တစ်နှစ်လျှင် ၃ ကြိမ် မှ ၄ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်၊ ကွမ်းသီးပင် သီးကာစတွင် တစ်ပင်လျှင် ပန်းခိုင် ၂ ခိုင်မှ ၃ ခိုင်အထိ ထွက်လေ့ရှိပါသည်၊ ပန်းခိုင် ၁ ခိုင်လျှင် ကွမ်းသီးလုံး ၃၀ ခန့် ပါရှိတက်ပါသည်။ နောက်ပိုင်းနှစ်များတွင် တစ်ပင်လျှင် ပန်းခိုင် ၅ ခိုင်အထိ ထွက်ရှိတက်ပြီး ၁ ခိုင် လျှင် ကွမ်းသီးလုံး ၂၅၀ အထိ သီးတက်သဖြင့် ဝင်ငွေကောင်းလာပါသည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများတွင် ကွမ်းသီးရင့်မှည့်ပြီး အသီးတင်မှု အားကောင်းစေပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနေဆဲ ကွမ်းသီးမျိုးများမှာ ၁၉၅၃ ခုနှစ်တွင် စိုက်ပျိုးရေးဌာနမှ ကွမ်းသီးပင် စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့စဉ်က စိုက်ပျိုးသောခဲ့သော မလေးရှားမှ တင်သွင်းသော ကွမ်းသီးမျိုးများ ဖြစ်ကြသည်။ ထိုစဉ်က ကွမ်းသီးပင် ဧက ၅၀,၀၀၀ ကို ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မော်လမြိုင်၊ တနင်္သာရီ၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ငူ၊ မတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးခဲ့သည်။ မျိုးများမှာ ကွမ်းသီးလုံးချွန်၊ အဝိုင်း၊ ချည်ဝင်ကွမ်းသီး၊ အိုးပေါက်ကွမ်းသီး၊ မိချောင်းခေါင်း၊ အူဖြူမျိုး၊ အူနီမျိုးတို့ကို စိုက်ခဲ့ကြသည်။ ကွမ်းသီး၏ အလုံးအရွယ်အစား၊ ပုံပန်းသဏ္ဍန်၊ အဖန်ဓါတ်ပါဝင်မှုကို မူတည်၍ မျိုးများကို ခွဲခြားကြသည်။
ကွမ်းသီးရောင်းဝယ်မှု စျေးကွက်သည် ၁၉၈၀ နောက်ပိုင်းတွင် ကြီးမားကျယ်ပြန့်လာသည်။ အိမ်နီးချင်း နိုင်ငံများတွင် အသီးထွက်ပိုမိုကောင်းမွန်သော ကွမ်းသီးမျိုးများ များစွာရှိသော်ကြောင့် မျိုးပြောင်းလဲစိုက်ပျိုးမှု၊ မျိုးအသစ်တင်သွင်းမှုများ ပြုလုပ်သင့်ပါသည်။ လယ်သမား၊ ယာသမား၊ တောင်သူဦးကြီးများသည် လယ်ယာသီးနှံနှင့် တွဲဖက်၍ ဥယျာဉ်ခြံမြေတွင် ကွမ်းသီးပင်ကို ရေမြေအဆင်ပြေသော နေရာတွင် အနည်းဆုံး ၁၀ ပင်မှ အပင် ၂၀၊ အပင် ၅၀ နေအိမ်ပတ်လည်တွင် စိုက်ပျိုးထားခြင်းဖြင့် အပိုဝင်ငွေ မပြတ်ပဲ ရရှိစေပါသည်။ ကန်၊ ချောင်း၊ မြစ်ကမ်းနံဘေးတွင် ရေရရှိမှုကောင်းလျှင် စျေးကွက်ကောင်းမွန်သော အပိုဝင်ငွေရနိုင်သော ကွမ်းသီးပင်ကို စိုက်ပျိုးထား သင့်ပါသည်။
ကိုရဲ (စိုက်ပျိုးရေး)
ဝေလင်းထက်
8 months agoကွမ်းသီးပင် ဘယ် လို ျမိုး ဖောက်ရမလဲ
U Min San Maung
1 year agoကွမ်းသီးပင် ပြုပြင်ထိမ်းသိမ်းနည်း အစာလိုအပ်ချက်အရ အစာကြွေးနည်း ကြွေးရမည့်အစာအမျိုးအစား အချိုးအစား အသေးစိတ်သိချင်ပါတယ် ခင်ဗျ
သက်ခိုင်
3 years agoကျေးဇေူးတင်ပါသည်
Kyaw Kyaw Lwin
3 years agoကျေးဇူးပါ ခင်ဗျာ
C thu
3 years agoကျေးဇူးအထူးတင်ပါတယ်
Related questions
မကွေးနှမ်းနက်စျေးလေးသိချင်လို့ပါခဗျာ
kyaw zin • 2 answers
ဒန့်သလွန်သီးက ရန်ကုန်မှာတင်ပို့ကြရတာ ဒန့်သလွန်သီးက စျေးကွက်အမြဲရှိလား အဲ့အသီးတေကို ဘာလုပ်ဖို့ဝယ်ယူကြတာလည်းသိချင်ပါတယ်
ကိုလတ် • 1 answers
နှမ်း စမုံနက် စျေးကွက် အခြေနေနဲ့ ရှေ့အလား အလာ ဘယ်လိုရှိနိုင်လဲ သိသူများ သုံးသပ်ပေးပါအူးခင်ဗျာ
Ayechan koko • 3 answers
မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်
Kay Thi Sann • 2 answers
နံနံပင်လေးတွေဝါနေတာ နေအရမ်းပူလို့လား ဘယ်လိုဆောင်ရွက်သင့်ပါသလဲဗျ နည်းလမ်းလေးပြောပြပေးပါအုံး။
TunLin • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုရဲ (စိုက်ပျိုးရေး)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....