ကိုရဲ (စိုက်ပျိုးရေး)
၁၉၇၁ ခုနှစ်တွင် မန္တလေးမြို့ စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်မှစ၍ ဗိုလ်တစ်ထောင်သတင်းစာတွင် စိုက်ပျိုးရေးပညာပေးဆောင်းပါးများကို စတင်ရေးသားခဲ့ပါသည်။ စိုက်ပျိုးရေးပညာပေးဆောင်းပါးများကို ကိုရဲ (စိုက်ပျိုးရေး)၊ ကိုရဲ၊ ဆွေရည်၊ ချမ်းငြိမ်း၊ ရဲမြင့်ဆွေ၊ ကိုရဲထွေး၊ မြင့်ဆွေ (စိုက်ပျိုးရေး) စသည့် ကလောင်အမည်ခွဲများဖြင့် ရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ စိုက်ပျိုးမွေးမြူတို့ပြည်သူ၊ စိုက်ပျိုးစီးပွားနိုင်ငံအား၊ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား အစီအစဉ်များ၊ မြန်မာ့အသံ စိုက်ပျိုးရေးရာ ဖြေကြားလွှာတို့ကို ရေးသားစီစဉ်ထုတ်လွှင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
5 articlesLatest articles by ကိုရဲ (စိုက်ပျိုးရေး)
ပိုးလောင်းမီးနှင့် လောင်မီးရောဂါ
ရေနက်စိုက်ပျိုးကြသော ပင်လယ်ကမ်းရိုးတန်းဒေသများ၊ ရေငန်စပ်လယ်မြေများ၊ သဲဆန်သော လယ်မြေများတွင် ပို၍ဂရုပြုသင့်သော အပင်ရောဂါမှာ လောင်မီးရောဂါဖြစ်ပါသည်။
ပန်းတို့မာလာ စကားဝါ
ငွေပန်း စိုက်ပျိုးနည်း
သစ္စာပန်း စိုက်ပျိုးနည်း
ပုံမှန်ဝင်ငွေရနိုင်သော ကွမ်းသီးပင်