ပဲပုပ်ရဲ့ ရေလိုအပ်ချက်
ပဲပုပ်ပင်ရဲ့ရေလိုအပ်ချက်ကိုအကြောင်းလေ့လာကြတဲ့အခါမှာ ပထမဦးစွာ ပဲပုပ်ပင်ရဲ့ အပင်ကြီးထွားမှု အဆင့်တွေကို ကောင်းစွာသိထားဖို့လိုအပ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ပင်ပိုင်းကြီးထွားတဲ့အဆင့်နဲ့၊ အစေ့အစံဖွံ့ဖြိုးအောင်မြင်တဲ့အဆင့် ဆိုပြီး (၂)မျိုးရှိပါတယ်။
စတင်စိုက်ပျိုးချိန်ကတော့ စိုဓာတ်ကောင်းစွာရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မစိုက်ပျိုးခင် ၁ပတ် ကနေ ၃ ပတ်အတွင်း ရေသွင်းထားနိုင်ရင်အကောင်းဆုံးပါ။ မိုးရွာပြီး ၂ ပတ်အကြာမှာရှိတဲ့မြေအနေအထားကလည်း ပဲပုပ်စိုက်ဖို့ အကောင်းဆုံးအစိုဓာတ်ကို ပေးနိုင်မှာဖြစ်ပါတယ်။ မိုးလေဝသအခြေအနေနဲ့ အပင်ရဲ့ကြီးထွားမှု အဆင့်အလိုက် ရေလိုအပ်ချက်တွေက ကွာခြားသွားမှာဖြစ်ပါတယ်။
အပွင့်အသီး စလိုက်တဲ့အချိန်ကတော့ ရေလိုအပ်အများဆုံးအချိန်ပါ။ ဒီအချိန်မှာ ရေငတ်ဒါဏ်ခံရရင် အထွက်နှုန်းထိခိုက်နိုင်ပါတယ်။ မရှိမဖြစ် ရေလိုအပ်တဲ့အချိန်ကတော့ အသီးတောင့်စဖြစ်တဲ့အချိန်နဲ့ အစေ့အဆန် တည်တဲ့အချိန်ဖြစ်ပါတယ်။ တစ်ရက်အတွက် ၆ မီလီမီတာ ကနေ ၈ မီလီမီတာထိလိုအပ်မှာဖြစ်ပြီး စိုက်ပျိုးပြီး ရက် ( ၆၀ ) ကနေ (၇၀) အတွင်းမှာရောက်ရှိမှာဖြစ်ပါတယ်။ သဲဆန်တဲ့မြေနဲ့ ကုန်းမြင့်ဒေသတွေမှာတော့ ရေလိုအပ်မှုပိုများမှာဖြစ်ပြီး ရွံစေးပါဝင်မှုများတဲ့ မြေတွေမှာတော့ အစိုဓာတ်ထိန်းထားနိုင်တဲ့အတွက် ရေလိုအပ်မှု နည်းမှာဖြစ်ပါတယ်။
ပဲပုပ်ပင်ရဲ့ရေအသုံးပြုမှု (ပင်ငွေ့ပျံခြင်းနှင့်ရေငွေ့ပျံခြင်းအပါအဝင်) အများဆုံးအချိန်ကို သိရှိထားခြင်း ဖြင့် ရေပေးသွင်းမှုကို ကောင်းစွာစီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ရေသွင်းကုန်ကျစရိတ်ကိုလျော့ချနိုင်မှာဖြစ်ပါတယ်။ စတင်စိုက်ပျိုးချိန်မှာသာ ကောင်းမွန်တဲ့ရေအစိုဓာတ်ရှိခဲ့ရင် ပန်းပွင့်စပွင့်တဲ့အချိန်နဲ့ သီးတောင့်ဖြစ်တဲ့အချိန်မှသာ ထပ်မံရေပေးသွင်းဖို့လိုမှာဖြစ်ပါတယ်။ ရေသွင်းတာများသွားခဲ့ရင် ပဲပုပ်ရဲ့အမြစ်ဖြစ်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးအရတွက်ခေျကိုက်ဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့အချိန် ၂ ချိန်မှာ ဂရုတစိုက်ရေပေးသွင်းပေးရမှာဖြစ်ပါတယ်။
ပဲပုပ်ပင်ရဲ့ ရေလိုအပ်ချက်ကို ခြုံငုံကြည့်ရမယ်ဆိုရင်ပုံစံ (၂)မျိုးနဲ့ရေပေးသွင်းနိုင်မှာပါတယ်
ပင်ပိုင်းကြီးတဲ့အချိန်မှာတော့ ရေငတ်ဒါဏ်မခံရရုံသာ ပေးသွင်းရန်လိုအပ်ပါတယ်။ ဒီအချိန်မှာ ရေအများကြီး သွင်းမိခဲ့ရင် ယိုင်လဲတာမျိုးတွေဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။
သီးတောင့်စဖြစ်တဲ့အချိန်မှာတော့ ပေါပေါသီသီသွင်းပေးသင့်ပါတယ်။ ဒီအချိန်မှာ ရေငတ်ဒါဏ် ခံရခဲ့မယ်ဆိုရင်တော့ အထွက်နှုန်းနဲ့အစေ့အရွယ်အစားကို ထိခိုက်နိုင်ပါတယ်။ သီးတောင့် စဖြစ်တဲ့အချိန်မှာ အပေါ်ယံ (၃)ပေလောက်မှာ အစိုဓာတ်ရှိနေအောင်ထိန်းပေးသင့်တာဖြစ်ပါတယ်။
သိမ့်ဇာ
Continue reading related topics, questions and articles.
Topic 1
ပဲပုပ်သီးနှံရေစီမံခန့်ခွဲခြင်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
Mg Mg • 2 answers
အပူပိုင်း ရာသီဥတုမှာ နှင်းဆီကို ဘယ်နှစ်လပိုင်းမှာ စတင်စိုက်ပျိုးသင့်ပါသလဲမြေအမျိုးအစားကရော ဘယ်လိုမြေမျိုးမှာသင့်လျော်ပါသလဲ စီးပွားဖြစ်စိုက်ပျိုးချင်လို့ပါ
Ei Ei Phway • 3 answers
ကြံခင်းမှာ ဖြစ်တဲ့ ရောဂါပါ ဘာ ဓာတ်လိုအပ်တာလဲ ပြောပြပါ
ဟိန်းဇော်နိုင် • 2 answers
ပြောင်း
Sai min • 2 answers
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
Kay Thi Sann • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သိမ့်ဇာ
See all