စိုက်ပျိုးရေး မိုးလေဝသ
သီးနှံများသည် မိုးလေဝသအခြေအနေပေါ်မူတည်၍ စိုက်ပျိုးထုတ်လုပ်ကြရပေသည်။ ထို့ကြောင့် သဘာဝတရား အတိုင်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓါတ်ကြီးလေးပါးကဲ့သို့ စိုက်ပျိုးမြေများတွင် မြေဆီလွှာ၊ အပူချိန်၊ ရေ၊ လေ တို့နှင့် သီနှံပင်များ (တစ်နည်းအားဖြင့်) သက်ရှိလောကသားများ ရှင်သန်ပေါက်ဖွား မှီတင်းနေထိုင်မှု များတွင် ယခုကဲ့သို့ ကြုံတွေ့ရေသော အပူချိန်တစ်ခုတည်းသာမက ကျန် ၃ ခုသည်လည်းပါဝင်ပက်သက် ဆက် နွယ်နေကြောင်းကို လေ့လာသိရှိထားသင့်ပါသည်။ သို့မှသာလျှင် မိမိလုပ်ငန်းအတွက် ညီညွတ်မျှတစေပြီး တစ်ဧကအတွက် ကုန်ကျစရိတ်များအား ခြိုးခြံချွေတာစွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။
အပူချိန်များကို တွန်းလှန်ဖယ်ရှားရန်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်သူများမှာ မြန်မာ့ဆိုစကားနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည့် အချက် (၃) ချက်ရှိပေသည်။ မိုးရွာတုန်းရေခံ၊ နေပူလျှင်စပါးလှန်း၊ လသာတုန်းဗိုင်းငင် ဆိုစကားကဲ့သို့ ယနေ့စိုက်ပျိုးထုတ်လုပ်သူများသည် မိမိသီးနှံများ အပူချိန်လွန်ကဲစွာ ကျရောက်မှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် ရေသိုလှောင်မှု စနစ်များကို ကျင့်သုံးကြရပေမည်။ ဥပမာ - အညာဒေသတစ်ခုတွင် မိမိစိုက်ခင်းအတွင် အလျား ၁၅ ပေ × အနံ ၁၂ ပေ × အမြင့် ၄ ပေခွဲ ကန်တစ်ကန် တူးဖော်ထားမည်ဆိုလျှင် ရေပမာဏ ၆၆၆၀ ဂါလန် ကို စုဆောင်းထားနိုင်ပြီး မိမိသီးနှံအတွက် ရေလိုအပ်သောအချိန်များတွင် ဖြည့်စွက်ပေး ခြင်းအားဖြင့် သီးနှံများပျက်ဆီးယိုယွင်းမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
မိုးလေဝသပညာရှင်တစ်ဦး၏အဆိုအရ မြေဧရိယာ အလျားတစ်မိုင်၊ အနံတစ်မိုင် ဧကအားဖြင့် (၆၄၀)တွင် မိုးရေ ချိန်လက်မ ရွာသွန်းသောမိုးရေပမာဏသည် ဂါလန်ပေါင်း (၁၉၂) သန်းနှင့် ညီမျှသည်ဟု တောင်သူပညာပေး ဆွေးနွေးပွဲမှ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြောင်းလဲလာသော ရာသီဥတုကြောင့် ရေလိုအပ်မှုဖြစ်ကာ မိမိသီးနှံများ ပျက်ဆီယိုယွင်းမှု မဖြစ်ရလေအောင် ဉာဏ်အမြော်အမြင်ထုတ်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပျသင့်သည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ဦးထင်အောင်ရှိန် (ဘိုးရာဇာ)
Related questions
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
Mg Mg • 2 answers
အပူပိုင်း ရာသီဥတုမှာ နှင်းဆီကို ဘယ်နှစ်လပိုင်းမှာ စတင်စိုက်ပျိုးသင့်ပါသလဲမြေအမျိုးအစားကရော ဘယ်လိုမြေမျိုးမှာသင့်လျော်ပါသလဲ စီးပွားဖြစ်စိုက်ပျိုးချင်လို့ပါ
Ei Ei Phway • 3 answers
ကြံခင်းမှာ ဖြစ်တဲ့ ရောဂါပါ ဘာ ဓာတ်လိုအပ်တာလဲ ပြောပြပါ
ဟိန်းဇော်နိုင် • 2 answers
ပြောင်း
Sai min • 2 answers
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
Kay Thi Sann • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးထင်အောင်ရှိန်
See all