Green Way
ဆားခါးသုံးပြီး သီးနှံဖျက်ပိုးတွေကို ကာကွယ် နှိမ်နင်းရအောင်

ဆားခါးသုံးပြီး သီးနှံဖျက်ပိုးတွေကို ကာကွယ် နှိမ်နင်းရအောင်

ayethandasoe
ayethandasoe 16/01/2018
Epsom Salt  ( Hydrated magnesium sulfate crystal) ဆားခါး ကို အမျိုးမျိုး နည်းလမ်းပေါင်း များစွာဖြင့် အိမ်နှင့် ဥယျာဉ်များတွင် သုံးစွဲနေကြပါသည်။ စိုက်ပျိုးသူများသည် ဆားခါးအား အလွယ်တကူ သီးသန့် သို့မဟုတ် ရောနှော၍  စျေးသက်သာစွာဖြင့်  ရရှိနိုင်ပါသည်။ ပိုးသတ်ဆေး အနေဖြင့်  ဥယျာဉ်ခြံများတွင် ဆားခါး( Epsom Salt ) ကို  ဖျက်ပိုးများ ထိန်းချုပ်ရန် အတွက် သုံးစွဲနိုင်ပါသည်။ 
 
ဖျော်စပ်သုံးစွဲခြင်း -  ဆားခါး လ္ဘက်ရည်ပန်းကန်လုံး တစ်ခွက် နှင့်  ရေ (၅) ဂါလံ  ရောစပ် ပက်ဖျန်း  ခြင်းဖြင့် ကျိုင်း ( Beetle) နှင့် အချို့သော ဥယျာဉ်ခြံ ဖျက်ပိုးများကို    နှိမ်နင်း နိုင် ပါသည်။   ရေ နှင့် ဆားခါး အရောကို     ပုံအကြီးကြီးထဲတွင် ထည့်  ဆားခါးများ ကောင်းစွာ ပျော်ဝင်အောင် ဖျော်ပါ။  ဖျော်ထားသော  ဖျော်ရည်ကို   ဖျန်းစက်ခြင့် အရွက်များ အပေါ်သို့ ဖြန်းပါ။ ဉယျာဉ်ခြံ စိုက်ပျိုးသူ အများစုသည် ဆားခါးဖျော်ရည်ကို ပက်ဖျန်းခြင်းဖြင့် ဖျက်ပိုးများ မလာစေရန် တားဆီးပေးသည် သာမက ဆေးရည်နှင့် ထိတွေ့သော  ဖျက်ပိုးများ ကိုလည်း သေစေနိုင်သည်ဟု ယုံကြည်ကြသည်။  
 
 အခဲများအဖြစ် သုံးစွဲခြင်း- အပင် ပတ်ဝန်းကျင် တအခဲများအဖြစ် သုံးစွဲခြင်းစ်ဝိုက် ဆားခါးအား ဖြူးချပေးခြင်းဖြင့် ပက်ကျိ  ( slug) များကို  ထိန်းချုပ်နိုင်သည်။ ဆားခါးသည် ပက်ကျိ၏ အရေပြားကို ခြစ်ချ / ပွန်းတိုက် သည့်  ပစ္စည်းအဖြစ်  ကြမ်းတမ်း ခြောက်သွေ့ပြီး  ပက်ကျိများအား သေဆုံးစေသည်။
  
ဟင်းသီးဟင်းရွက် စုတ်စားပိုးများ ထိန်းချုပ်ရန်  -  ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် မျိုးစေ့ ချပြီး စိုက်တန်းများ၏ အတွင်း နှင့် ဘေးတစ်လျှောက်တွင် ခြောက်သွေ့သော ဆားခါးကို  လိုင်း ကဲ့သို့  ဖြူးချ ခြင်းဖြင့် ဟင်းသီးဟင်းရွက် များတွင် ကျရောက်သော စုတ်စားပိုး များကို ထိန်းချုပ် နိုင်ပါသည်။ နှစ်ပတ် တစ်ကြိမ် ဖြူးပေး ခြင်းဖြင့် အပင်များအား ဖျက်ပိုးများ အန္တရယ်မှ ကာကွယ် ပေးပါသည်။ အကျိုးကျေးဇူးတစ်ခု အဖြစ် အပင်များအတွက် လိုအပ်သော မဂ္ဂနီစီယမ် ( magnesium) နှင့် ဆာလဖာ ( sulfur) တို့ကိုလည်း ရရှိမည် ဖြစ်သည်။
 
ခရမ်းချဉ် အပင်တွင် ဆားခါး သုံးစွဲ၍  ပိုးများအား ကာကွယ်ခြင်း  -   ဆားခါးကို နှစ်ပတ် တစ်ကြိမ်  ခရမ်းချဉ်အပင် တစ်ပင်စီ၏  အပင်ခြေ ပတ်လည်တွင် စားပွဲတင်ဇွန်း တစ်ဇွန်း  ဖြူးချပေးခြင်းဖြင့် ခရမ်းချဉ်ပင်တွင် ကျရောက်သော ဖျက်ပိုးများအား ကာကွယ် နှိမ်နင်း နိုင်ပါသည်။
 
ကျွမ်းကျင်သူများပြောကြသော ဖျက်ပိုးများမှ ကာကွယ်နိုင်သည့် ဆားခါးအကြောင်း
 
WSU ( Washington State University ) မှ ဉယျာဉ်ခြံ ပညာရှင်များ လေ့လာ တွေ့ရှိချက် အရ ဆားခါး အနည်းငယ် သုံးစွဲခြင်းဖြင့် ပက်ကျိ ( slugs) နှင့် အခြားသော ဥယျာဉ်ခြံတွင် ကျရောက်သည့် ဖျက်ပိုးများ အဓိက လိပ်ပြာ မျိုးရင်းဝင် ဖျက်ပိုးများအား ထိရောက်သော နှိမ်နင်းမှု ရရှိနိုင်သည်ကို တွေ့ရှိခဲ့ပါသည်။ သို့သော် WSU ဥယျာဉ်ခြံ ပညာရှင်များ ဆက်လက် တွေ့ရှိခဲ့သည်မှာ  ဆားခါးအာ  ပိုမိုသုံးစွဲပါ ရေ  နှင့် မြေကို  ညစ်ညမ်း စေသည်။
University of Nevada Cooperative မှ လေ့လာ တွေ့ရှိချက် အရ ဆားခါး ပန်းကန်လုံး တစ်လုံး ခန့်သည် အခန်းအတွင်းရှိ ပိုးဟပ်များ ( roaches) ကို အခြား ဓါတုဗေဒ အဆိပ် ပစ္စည်း တစ်စုံတစ်ရာ ရောနှောရန် မလိုအပ်ဘဲ သေဆုံးစေနိုင်သည်ဟု ဆိုသည်။
 
ဆားခါးကို ဖျက်ပိုး  ကာကွယ်ရန် အတွက် သုံးစွဲနိုင်သော်လည်း   သုံးစွဲ သည့်အခါ    သေချာ စဉ်းစား ဆုံးဖြတ်ရမည်။ သတိပြုရန်မှာ ဆားခါးကို ဟင်းသီးဟင်းရွက် စုတ်စားပိုးများ ကာကွယ်ရန် အတွက် အသုံးပြုသောအခါ စိုက်ပျိုးသော မြေနေရာသည် တစ်နေရာ နှင့် တစ်နေရာ  / သီးနှံ အလိုက် ကြိုက်နှစ်သက်မှု လိုအပ်ချက်များ မတူသည့် အတွက် မိမိ မြေနေရာ/ စိုက်ပျိုးမည့် သီးနှံ စသဖြင့် အခြေအနေအလိုက် အကျိုးရလာဘ် မတူညီဘဲ ကွဲပြား ခြားနားခြင်းတို့ ရှိမည်  ဖြစ်ပါသည်။
 
Aye Thanda Soe
 
salt-for-pest-control.htm
 
မှတ်ချက်။ ။ ဖျော်စပ်သုံးစွဲရမည် ပမာဏထက်  အချိုးအစားများပါက အပင်ကို လောင်စေပါသည်။

Continue reading related topics, questions and articles.

ကိုညွန့်မောင်

ကိုညွန့်မောင်

1 year ago

ပဲမျိုးစုံအတွက်သုံးရင် အကျိုးများနိုင်မလား သုံးသင့်လားခမျ

kyaw Zin  win

kyaw Zin win

3 years ago

နှင်းဆီဖျန်းလို့ရလားဗျ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....