စံပယ်ပန်းလှိုင်လှိုင်ပွင့်စေဖို့
စံပယ်ပန်းကို လူတိုင်းနီးပါးနှစ်သက်ကြပါတယ်။ အဖြူရောင်အဆင်းရှိပြီး သူ့ရဲ့သင်းပျံ့တဲ့ရနံ့က စိတ်ကြည်လင်စေတယ်၊ စိတ်ဖိစီးမှုတွေလျော့ချပေးတာကြောင့်မို့ အိမ်တိုင်းလိုလို စံပယ်ပင်ကို စိုက်တယ်။ သို့သော် မိမိတို့စံပယ်ပင်တွေမှာ အပွင့်မပွင့်တာမျိုးကြုံဖူးကြလား။ ဘာအချက်တွေကြောင့်နဲ့ ဘယ်လိုပြုပြင်ပါက ပန်းပွင့်နိုင်မလဲဆိုတာပြောပြပေးပါ့မယ်။
၁။ နေရောင်ခြည်ရရှိမှု
စံပယ်ပင်ဟာ နေရောင်ခြည်နဲ့ နွေးထွေးသောရာသီကိုနှစ်သက်ပြီး လင်းတာ တစ်နေ့ ၆ နာရီခန့်လိုပါတယ်။ တကယ်လို့ မရပါက အနည်းဆုံး ၄ နာရီရရှိမယ့်နေရာကို ရွေ့ပြောင်းသင့်ပါတယ်။
၂။ မြေအနေအထားနှင့် ရေရရှိမှု
စံပယ်ပင်ဟာ အပူမပြင်းထန်လွန်း အအေးမပြင်းထန်လွန်းဘဲ ပူနွေးစိုစွတ်သောနေရာတိုင်းမှာ ရှင်သန်ပါတယ်။ နုန်းဆန်သောမြေကိုနှစ်သက်ကာ မြေချဉ်ငံကိန်း 6.5 မှ 7.5 အထိက စံနှုန်းဖြစ်ပါတယ်။ ရေကြိုက်ပေမယ့် ရေဝပ်တာမခံနိုင်ပါ။ ရေအလောင်းလွန်ပါက အမြစ်ပုပ်နိုင်ပါသည်။ အိုးကြပ်လွန်းသောမြေတွင်လည်း အပွင့်မပွင့်နိုင်ပါ။ ထို့ကြောင့် စံပယ်ပင်ဟောင်းများရှိပါက ကျယ်ပြန့်ပြီး ရေဆင်းကောင်းသော အိုးအသစ်ကို ပြောင်းလဲစိုက်ပေးရန်လိုပါသည်။
၃။ မြေဩဇာကျွေးခြင်း
သဘာဝမြေဩဇာအဖြစ် နွားချေးခြောက်မှုန့်၊ ဖွဲပြာ၊ မြေဆွေးတို့ကို ရောစပ်သုံးနိုင်ပါသည်။ ဖော့စဖောရပ်ကြွယ်ဝတဲ့ အရိုးမှုန့်၊ ပုစွန်ခွံအမှုန့်၊ ဂဏန်းခွံမှုန့်တို့ကို တစ်လလျှင်နှစ်ကြိမ်ခန့် မြေဩဇာအနေနှင့် အပင်အရေတွက်ပေါ်မူတည်ကာ ထည့်နိုင်ပါသည်။ ပိုတက်ဆီယမ် များစွာပါသောငှက်ပျောခွံကို ပိုင်းဖြတ်၍ ရေနှင့် ၃ ရက်ခန့်စိမ်ကာ ရလာသောပျော်ရည်ကိုလည်း ၁၀ ရက်တစ်ကြိမ် လောင်းနိုင်ပါသည်။ မီးဖိုမှရသောပြာကိုလည်း ရေဖျော်ကာလောင်းနိုင်ပါသည်။ ဖော့စဖောရပ်သည် ပန်းများပွင့်ရန် အရေးပါသော အာဟာရတစ်ခုဖြစ်ကာ အပင်၏ အလင်းမှီစုအစာဖွဲ့စည်းခြင်းကိုလည်း ကူညီပေးပါသည်။ ပိုတက်စီယမ်သည် အမြစ်ကိုအားကောင်းရန် အထောက်အပံ့ပေးပါသည်။ သို့သော် မြေဩဇာများလွန်းလျှင် လောင်တတ်သည်ကို သတိပြုရပါမည်။ အထူးသဖြင့် နိုက်ထရိုဂျင်များပါက အပင်၏အရွက်များသာဖြစ်ထွန်းကာ အပွင့်မပွင့်ဘဲနေမည်ဖြစ်ပါသည်။ စံပယ်ပင်သည် အနည်းငယ် အက်ဆစ်ဆန်သောမြေကို နှစ်သက်သဖြင့် pH မြင့်သောမြေများတွင် သောက်ပြီးသားကော်ဖီအမှုန့်များကို ရေစိမ်ကာ ထိုအရည်ကို လောင်းနိုင်ပါသည်။
၄။ ကိုင်းချိုင်ခြင်း
စံပင်ပန်းပွင့်ဖို့ အရေးပါသောအချက်တွင် ကိုင်းဖြတ်ပေးခြင်းလည်း ပါဝင်ပါတယ်။ ကိုင်းချိုင်ခြင်းကို ဆောင်းရာသီမှာပဲလုပ်သင့်ပြီး နွေရာသီမှာ လုံးဝမလုပ်သင့်ပါ။ ကိုင်းဖြတ်မယ်ဆို မဖြတ်ခင် ၄ ရက်လောက် ရေဖြတ်ထားပါ။ ပြီးမှ အပင်ရဲ့အောက်ဘက် တစ်ပေခွဲခန့်မှနေ၍ အပေါ်ဘက်ကိုင်းများကို ဖြတ်ပစ်ရပါမည်။ ပွင့်ပြီးသားကိုင်းများကိုလည်း ဖြတ်ရပါမည်။ အရွက်များကိုပါ ခြွေပစ်ရပါမည်။ အပင်အရှည်၏ တစ်ဝက်နီးပါးကို ဖြတ်ရပါမည်။ စီးပွားဖြစ်စိုက်ခင်းများတွင် ကိုင်းချိုင်ပြီးပါက မှိုရောဂါမဝင်စေရန် ချိုင်ပြီးသောကိုင်းများကို ဘော်ဒိုသုတ်လိမ်းကြပါသည်။
အရိုးမှုန့်ပြုလုပ်ရာတွင် ကြက်ရိုး၊ ဝက်ရိုး၊ အမဲရိုး၊ ငါးရိုး စသည်ကို သုံးနိုင်ပါသည်။ မိမိတို့ဟင်းခွက်မှ ကြွင်းကျန်သောအရိုးများကို အသားများနှင့် သားရေများစင်အောင် ဆေးကြောကာ မီးဖိုပေါ်တွင် မီးပြင်းပြင်းနှင့် ခြောက်နာရီခန့် ပျော့အောင်ပြုတ်ရပါမည်။ သို့မဟုတ် ပေါင်းအိုး pressure cooker တွင် အပူချိန်ပြင်းပြင်းဖြင့် နှစ်နာရီပြုတ်ရပါမည်။ အရိုးအနေအထားသည် သေးလျှင်ကတ်ကြေးနှင့် ပိုင်းနိုင်သည်အထိ ပျော့ရပါမည်။ ကြီးလျှင် ဆုံထဲထည့်ထောင်းပါက အလွယ်တကူကြေသော အနေအထားရောက်ရပါမည်။ ထို့နောက် ထိုအရိုးများကို နေပူပူတွင်ခြောက်အောင်လှန်းကာ ကြိတ်စက်ထဲကြိတ်ခြင်း သို့ ဆုံနှင့်ကြိတ်ခြင်းလုပ်ပါက အရိုးမှုန့်ရပါသည်။
ပုစွန်၊ ဂဏန်းမှုန့်လုပ်မည်ဆိုပါက ပုစွန်အခွံ (သို့) ဂဏန်းအခွံများကိုလည်း အရိုးအတိုင်းပြုတ်ကာ အခြောက်ခံ၍ ထောင်းပါ (သို့) ကြိတ်ပါက ပုစွန်မှုန့်နှင့် ဂဏန်းမှုန့်ကို ရပါသည်။ ပုစွန်အခွံနှင့် ဂဏန်းအခွံတို့တွင်ပါဝင်သော ခိုင်တင်ဓာတ်သည် အပင်ကို မာကြောစေကာ နီမတုတ်နှင့် မှိုရောဂါများမှ ကာကွယ်ပေးပါသည်။ ၎င်းတို့တွင် ဖော့စဖောရပ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရများလည်းပါဝင်သဖြင့် ထည့်သွင်းအသုံးပြုသင့်ပါသည်။
အထက်ပါနည်းလမ်းများသည် ကိုယ်တွေ့ပြုလုပ်နေသော နည်းများဖြစ်လို့ ဤနည်းအတိုင်း ပန်းမပွင့်သောစံပယ်ပင်များကို အပွင့်များဝေဝေဆာဆာပွင့်အောင် ပြုလုပ်နိုင်ကြပါစေ။
U Ye Yint Naing
2 years agoအပင်အရွက်ဝါသွားတာ ဘာကြောင့်လဲခင်ဗျား။ဝါပြီးအရွက်တွေ ကြွေကုန်လို့ပါ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စုမြတ်မြတ်မိုး
See all
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022