မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် လိုအပ်ချက်များ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၆)
စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်းရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၅)
အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများ၏ အရည်အသွေးမြင့်စေသော အခြေအနေများ
အပူပိုင်းစိုက်မျိုးစိတ်မိုက်ခရိုဂရင်းများသည် အပူပိုင်းဒေသအလိုက်စိုက်ပျိုးရရှိသော မျိုးများဖြစ်သည်။ မျိုးစေ့ဆိုင်များတွင် မျိုးစေ့များကို အလွယ်တကူဝယ်ယူနိုင်သည်။ မျိုးစေ့ စျေးမကြီးပါ။ ကိုယ်တိုင် စိုက်ပျိုးစားသုံးနိုင်သည်။ မိုက်ခရိုဂရင်းများကို အလွှာအသီးသီးမှ စားသုံးသူများသည် ဝယ်ယူစားသုံးနိုင်သည်။ အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများ၏ အာဟာရဓာတ် ပါဝင်မှုနှင့် ကျန်မာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်မှုမြင့်သည်။ မျိုးစေ့အရည်အသွေး၊ အပင်ပြုစုနည်းများ၊ စိုက်ပျိုးသော မီဒီယာ၊ စိုထိုင်းဆ၊ အပူချိန်၊ အလင်းရောင်၊ ရိပ်သိမ်းပြီး ထုတ်ပိုးပစ္စည်း၊ သိုလှောင်ကာလအတွင်း အပူချိန်တို့ကိုတော့ သေချာဂရုစိုက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရန်ကုန်နှင့် ပုဂံမြို့ တို့တွင် အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများစိုက်ကြသည်။ မိုက်ခရိုဂရင်းအစေ့များကို တီမြေဆွေး ကြွယ်ဝပြီး ပီအိပ်ချ်ထိန်းညှိထားသည့် မြေတွင်စိုက်သည်။ အုန်းဆံခွံတွင်လည်း စိုက်သည်။ အပူပိုင်းစိုက်မျိုးစိတ်များသည် အလားအလာကောင်းပြီး ထိပ်တန်း ဖြည့်စွက်အစားအစာအဖြစ် စျေးကွက်ဝင်လာပြီ ဖြစ်သည်။
အပူပိုင်းစိုက် မျိုးစေ့များ၏ မိုက်ခရိုဂရင်းစိုက်ရန် အရေးကြီးသောအချက်များ

မိုက်ခရိုဂရင်း စိုက်ပျိုးချိန်တွင် အရေးကြီးသောလိုအပ်ချက်များ

အပူပိုင်းစိုက်မျိုးစေ့များ၏ မိုက်ခရိုဂရင်း အမျိုးမျိုး
၁။ ဟင်းနုနွယ်အနီ

၂။ ပင်စိမ်း မိုက်ခရိုဂရင်း

၃။ ဆလပ် မိုက်ခရိုဂရင်း

၄။ မတ်ပဲနှင့်ပဲတီစိမ်း မိုက်ခရိုဂရင်း

၅။ စပိုင်းနတ် ဟင်းနုနွယ်မိုက်ခရိုဂရင်း

၆။ ပေါက်ပေါက်ပြောင်း မိုက်ခရိုဂရင်း

၇။ မုံလာဥ မိုက်ခရိုဂရင်း

၈။ ရေကန်စွန်း

၉။ ပတ်ချွိုင် မုံညင်းဖြူ

သဘာဝအလင်းရောင်ရသော ခြံဝင်းအတွင်းအမိုးအကာဖြင့်စိုက်ခြင်းသည် အထွက် ပိုကောင်းသည်။ အခန်းတွင်း အလင်း ရောင်ဖြင့်စိုက်ခြင်းထက် ပျိုးပင်ပိုရှည် သည်၊ ကယ်လစီယံ၊ သံဓါတ်၊ ဇင့်ဓါတ် ဘီတာကယ်ရိုတင်း၊ အမျှင်ကြမ်း၊ ပရိုတင်းအကြမ်း ပါဝင်မှုမြင့်သည်။ အခန်းတွင်း အလင်းရောင်ဖြင့်စိုက်ခြင်းသည် အနံ့၊ အရသာစသော အာရုံခံ အရည်အသွေး မြင့်သည်။ မည်သည့်နည်းဖြင့်စိုက်သည်ဖြစ်စေ သိုလှောင်သိမ်းဆည်းရာတွင် အပူချိန် ၄-၅ဒီဂရီ စင်တီဂရိတ် တွင် ဇစ်ပါသော ပိုလီအီသလင်းပလပ်စတစ်အိတ်ဖြင့် သိမ်းဆည်းပါလှင် သိုလှောင်သက်တမ်းကြာမည်။ ပျိုးဗန်းဖြင့် မြေအခြေခံစိုက် ပါလှင် တီမြေဆွေး ၃ဝ% (သို့မဟုတ်) မှိုစိုက်ပြီးကျန်သော ပွားစာဆွေးကျန်မြေ၄ဝ-၅ဝ%ထိ အာဟာရအတွက်ထည့်သုံးနိုင်သည်။
ကိုးကား
Arya KS. et al.,Microgreens of tropical edible-seed species, an economical source of phytonutrients- insights into nutrient content, growth environment and shelf life.
Future Foods. Volume 8, December 2023, 100262Partap M. et al., Microgreen: A tiny plant with superfood potential. Journal of Functional Foods. Volume 107, August 2023, 105697
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘယ်လိုစိုက်ရမလဲ ခုမှစစိုက်မလို့ပြင်နေတာ ခြင်းနဲ့စိုက်မှာပါ ဘာတွေလုပ်ရမလဲ အဆင့်ဆင့် video နဲ့ ရှင်းပြပေးနိုင်လား စာနဲ့ပြောပြလည်းရပါတယ်
Si Thu Myo • ဖြေကြားချက် 4 ခု
ဧရာပဒေသာ။ မဂျမ်းတောစပါးမျိုးကသက်တမ်းဘယ်လောက်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ပျိုးမိုးလေဝသ ကြည့်လို့ရကြပြီလား? သဘောကျကြပါလားဗျ?
Thein Soe Min • ဖြေကြားချက် 1 ခု
စပါးကြဲခင်းကြဲပြီးရေပြောင်အောင်ထုတ်ထားတာဘယ်နှစ်ရက်သားလောက်မှာရေပြန်သွင်းသင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
ပုံထဲကအတိုင်းနှမ်းခင်းမှာအပွင့်တွေခြောက်ပြီးအသီးကြဲနေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024