Green Way
အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျား

အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျား

    Leafcutter bee ဆိုတာ အရွက်နုတဲ့အပင်တွေပေါ်ကျတဲ့ ပျားတစ်မျိုးပါ။ အပင်တွေရဲ့အရွက်တွေကို အစွန်းကနေ လခြမ်းပုံအဝိုင်းတွေဖြစ်အောင် ကိုက်ဖြတ်တဲ့ ပျားဖြစ်ပါတယ်။ နှင်းဆီ၊ အောင်မဲညို၊ စက္ကူ၊ ဇီး၊ ပဲမျိုးနွယ်အပင်တွေရဲ့ အရွက်တွေကိုနှစ်သက်ပြီး ထိုအရွက်အစိတ်ပိုင်းတွေကို စားတာမဟုတ်ဘဲ ဥဥဖို့ အခန်းငယ် (cell) ဆောက်ဖို့ သယ်ဆောင်သွားတာဖြစ်ပါတယ်။

    ရွက်ဖြတ်ပျားများသည် အခြားပျားများကဲ့သို့ အစုလိုက်အုံဖွဲ့မနေဘဲ ပျားရည်လည်းမထုတ်နိုင်ပါ။ သို့သော် ဝတ်မှုံကူးရာတွင် အရေးပါသောသက်ရှိများဖြစ်ပါသည်။ အထီးသည် မိတ်လိုက်ပြီးနောက်သေဆုံးပါသည်။ အမသည် ဥဥသည့်အသိုက်ကို မြေထဲတွင်လည်းကောင်း၊ ကျောက်ဆောင်များအောက်တွင်လည်းကောင်း၊ အခေါင်းပွရှိသော ပင်စည်ကြီးများတွင်လည်းကောင်း၊ သစ်သားများပေါ်ရှိ ပိုးပေါက်များထဲတွင်လည်းကောင်း၊ သစ်ဆွေးပေါက်များတွင်လည်းကောင်း၊  အုတ်နံရံများတွင်လည်းကောင်း ဆောက်လုပ်ကြကာ ဥအရေအတွက်အများဆုံး ၂၀ ဥပါသည်။ ဆဲလ်တစ်ခုတွင် ဥတစ်လုံးသာပါပြီး ဥမဥမီ ဝတ်မှုံများနှင့် အစာများအရင်ထည့်ပြီးမှ ဥကို အပေါ်တွင်ဥကာ ဆဲလ်ကို ရွှံ့ဖြင့်လည်းကောင်း၊ အရွက်အစများဖြင့်လည်းကောင်း ဖုံးထားကြပါသည်။ အမသည် ဥဥပြီးနောက် သေဆုံးပါသည်။ ဆဲလ်ထဲမှဥသည် ပေါက်လာပြီးနောက် မိခင်ချန်ခဲ့သောအစာကို စားသုံးကာ သားလောင်းဘဝမှ ရုပ်ဖုံးအဆင့်သို့ ထိုဆဲလ်ထဲတွင်ပင် ပြောင်းလဲပါသည်။ ထို့နောက် ရုပ်ဖုံးထဲမှထွက်ကာ ဆဲလ်ကိုဖောက်၍ အရွယ်ရောက်ပျားအဖြစ် ပြင်ပသို့ထွက်ပါသည်။

    ရွက်ဖြတ်ပျားသည် အခြားပျားကဲ့သို့ အဆိပ်မပြင်းပါ။ အပင်များတွင် ကျရောက်ပါက အကောင်အရေတွက်နည်းလျှင် အပင်ကို ထိခိုက်ခြင်းမရှိပါ။ သို့သော် အရွက်ကို ဖျက်ဆီးမှုဆိုးဝါးလာပါက သဘာဝနည်းအနေဖြင့် ကြက်သွန်ဖြူကိုထောင်း၍ ရေနှင့်ပြုတ်ကာ ထိုအရည်တွင် ငရုတ်ကောင်းမှုန့်ရောပြီး အရွက်များကိုဖျန်းပေးခြင်း၊ ရှာလကာရည်ကို ရေအနည်း ငယ်ရောကာ အရွက်ကိုဖျန်းခြင်း (သို့) ရှာလကာရည်ကို အဖုံးဖွင့်ထားသော ဘူးတစ်ခုတွင်ထည့်ကာ အပင်အနား ထိုဘူးကို ချိတ်ဆွဲထားခြင်း၊ ပရုတ်လုံးများချိတ်ဆွဲခြင်း၊ ဆိုးဝါးလွန်းပါက ပိတ်စိမ်းပါးအုပ်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့သည် သဘာဝဝတ်မှုံကူးရာတွင် အရေးပါသော pollinator များဖြစ်သည့်အတွက် ဓာတုဆေးများကိုသုံး၍ မနှိမ်နင်းသင့်ပါ။

    ပျားအမျိုးစားများစွာထဲမှ အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျားအကြောင်းသိရှိစေရန် ရည်ရွယ်၍ ရေးသားလိုက်ပါသည်။

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....