ထုံးကန့်ဆေးရည်နဲ့ ဘော်ဒိုမစ်ချာ တူသလား
သဘာဝနည်းတွေ ပြောင်းလဲသုံးစွဲလာကြတဲ့အချိန်မှာတော့ ထုံးအခြေခံတဲ့ မှိုသတ်ဆေးရည်လုပ်နည်းကလည်း ပေါ်ပြူလာဖြစ်တဲ့ အမျိုးအစားတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ မှိုရောဂါအတော်များများကို နှိမ်နင်းနိုင်တာကြောင့် တောင်သူတွေလည်း ပြုလုပ်သုံးစွဲလာကြပါတယ်။
ဒီနေရာမှာ ထုံးအသုံးပြုရတာအတူတူကိုမှ ရောရုံရောရတဲ့ ဆေးပြုလုပ်နည်းနဲ့ မီးနဲ့ပါ အပူပေးကြိုချက်ရတဲ့ ဆေးလုပ်နည်းတွေဟာ အတူတူပဲလား ကွဲပြားကြလားဆိုတာ ဒွိဟဖြစ်စရာဖြစ်လာပါတယ်။
ထုံးရယ်၊ ကန့်ရယ် ရောကြိုတဲ့ “ထုံးကန့်ဆေးရည်” ဆေးလား?
ထုံးနဲ့ ဒုတ္တာရောစပ်ပြီးသုံးတဲ့ “ဘော်ဒိုမစ်ချာ” ဆေးလား?
ကန့်နဲ့ ဒုတ္တာကရော အတူတူပဲလားဆိုတာကို ကျွန်တော်တို့ အဖြေရှာကြည့်ရအောင်ပါ။
ကန့်ဆိုတာကိုတော့ ဆာလဖာဓာတ်ပါ။ အပင်ရဲ့ လိုအပ်တဲ့အာဟာရတွေထဲမှာလည်း တစ်ခုအပါအဝင်ပါ။ ဒုတ္တာဆိုတာကတော့ ကော့ပါးဆာလဖိတ်ပါ။ သူကတော့ ဆာလဖာဓာတ်မှာ ကော့ပါးပေါင်းထားတဲ့ ဒြပ်စင်ပါ။
ဒီလို အကြမ်းဖျင်းသိလိုက်ရုံနဲ့တင် တူသလိုလိုနဲ့ မတူဘူးဆိုတာ နည်းနည်းတော့မြင်သာသွားပါတယ်။ ဆေးဖော်စပ်တဲ့အခါ ဘယ်လိုတွေပြောင်းလဲသွားကြလဲ၊ အာနိသင်တွေကရော ဘယ်လိုကွာလဲ ဆက်လေ့လာကြည့်မယ်ဆိုရင်တော့ ကော့ပါး၊ ဒုတ္တာပါဝင်တဲ့ ဘော်ဒိုဆေးရည်ဟာ ကော့ပါးဆာလဖိတ်ဖြစ်တာကြောင့် (ကော့ပါး+ဆာလဖာ) ကော့ပါးပါဝင်တဲ့ မှိုသတ်ဆေးပါ။
ဘော်ဒိုဆေးရည်ထဲမှာ ပါဝင်သွားတဲ့ အပင်စုပ်ယူနိုင်တဲ့ပုံစံမဟုတ်သေးတဲ့ ကော့ပါး(insoluble copper)တွေဟာ ဖျန်းလိုက်တာနဲ့ မှိုရောဂါ ဖြစ်နေတဲ့နေရာက စစ်ထုတ်လိုက်တဲ့အရည်နဲ့တွေ့ပြီး ဓာတ်ပြုပါတယ်။ ဒီအချိန်မှာ ကော့ပါးက ပျော်ဝင်နိုင်တဲ့ အဆိပ်ရှိတဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်သွားပြီး မှိုကိုသေစေတဲ့လုပ်ငန်းကို လုပ်ဆောင်သွားပါတယ်။ (ဆေးပြင်းအားကတော့ ကိုယ်အသုံးပြုလိုက်တဲ့ အချိုးအဆ ပြုလုပ်နည်းတွေအပေါ် မူတည်နိုင်သလို အပင်ပေါ်မှာကျရောက်နေတဲ့ မှိုအပေါ်လည်း မူတည်နိုင်ပါတယ်တဲ့) ဒါ့အပြင် မှိုသတ်ဆေးအာနိသင်ရှိတဲ့ကော့ပါးက အပင်ရဲ့ အနီးအနားက လေထုထဲမှာရှိနေပါတယ်။ အရွက်ပေါ်မှာရှိနေပြီး အကောင်းပကတိရှိတဲ့ အပင်ကိုလောင်စေတာမျိုးတွေလဲဖြစ်နိုင်ပါတယ်။
ဆာလဖာ မှိုသတ်ဆေး
ထုံးကန့်ဆေးရည်ကတော့ ဆာလဖာပါဝင်တဲ့ မှိုသတ်ဆေးပါ။ အငွေ့ပုံစံနဲ့ မှိုရောဂါမျိုးစေ့တွေကို သေစေနိုင်တာဖြစ်ပါတယ်။ ဆေးရည်ဟာ အပင်ပေါ်ရောက်တာနဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်သွားပြီး မှိုသတ်ဆေးအာနိသင်ရှိသွားပါတယ်။
ဒါကတော့ သုတေသန စာစောင်တစ်ခုရဲ့ တွေ့ရှိချက်ကိုသာ ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်။
ဆေး(၂)မျိုးလုံးက လောင်တတ်တဲ့ အာနိသင်တွေရှိတာကြောင့် အသုံးပြုတဲ့အခါ နှုန်းထားကို အထူးဂရုစိုက်သင့်ပါတယ်။
ဒီသုတေသနစာစောင်လေးကို တောင်သူများ လက်တွေ့အသုံးချရာမှာ လိုသလိုချင့်ချိန်တွက်ဆပြီး အကျိုးရှိရှိအသုံးချတတ်စေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။
အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်ကနေ မူရင်းသုတေသနစာစောင်ကို လေ့လာနိုင်ပါတယ်။
Continue reading related topics, questions and articles.
Topic 1
ဘော်ဒိုဆေးရည်
ကိုဇော်ကြီး
2 years agoသပြေပန်ကို ရလား
shwe
4 years agoထုံးနဲ့ ကန့်နဲ့ ဘယ်လောက်ဆက်ရတာလည်း
Htet Shine Aung
4 years agoဂန္ဓမာ ပန်းရောဖျန်းလို့ အဆင်ပြေလားဗျ
ဦးမျိုးမင်း
4 years agoမတ်ပဲခင်းတွေဖျန်းလို့ရလားခဗျာ
Ko Aung
4 years agoလောင်စေပါတယ် အပင် သက်နု့စဉ် လျှော့ဖျန်းသင့်ပါတယ်
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သိမ့်ဇာ
See all