Green Way
မိုးသည်းထန်စွာရွာပြီးချိန် စိုက်ခင်းထဲလုပ်ဆောင်ရမယ့် အချက် ၄ ချက်

မိုးသည်းထန်စွာရွာပြီးချိန် စိုက်ခင်းထဲလုပ်ဆောင်ရမယ့် အချက် ၄ ချက်

 

သီးနှံတွေစိုက်ပျိုးနေချိန်မှာ မိုးရွာတာဟာ တောင်သူတိုင်းမျှော်လင့်ကြတဲ့အရာပါ။ ဒါပေမဲ့ အများကြီး ရွာချတာ မျိုးတော့ မျှော်လင့်လို့ မကောင်းပါဘူး။ မိုးများလို့ အခင်းထဲ ဗွက်ထသွားပြီဆိုရင် အပင်တွေငယ်ရင် မျိုးစေ့တွေ နေရာရွေ့သွားနိုင်တယ်။ ပေါင်းပင်တွေပိုပွားလာနိုင်တယ်။ အပင်တွေကို ပုညှက်သွားစေပြီး သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ ရေဝပ်ချိန်ကြာပြီးများမယ်ဆိုရင်လည်း အမြစ်တွေကို ပုပ်စေနိုင်ပြီး ကြီးထွားမှုကို ထိခိုက်နိုင် ပါတယ်။ ရေဝပ်နေတဲ့မြေက အောက်စီဂျင်ကို အဝေးကို တွန်းထုတ်ပစ်နိုင်ပါတယ်။

အပင်တွေဆက်လက်ရှင်သန်ကြီးထွားဖို့ဆိုရင်လည်း အောက်စီဂျင်က လိုအပ်ပါတယ်။ အောက်စီဂျင် မရှိတော့ ဘူးဆိုရင် အပင်တွေက ရှင်သန်ဖို့ မလွယ်တော့ပါဘူး။ နက်နက်ဆင်းထားတဲ့ အမြစ်တွေက ပထမဦးဆုံး ဒုက္ခရောက်မှာဖြစ်ပြီးတော့ တိမ်တဲ့အမြစ်တွေက အစိုဓာတ် ဆက်လက်ရရှိနေမယ်ဆိုရင် ထိခိုက်တော့မှာပါ။

ရှေ့ရက်တွေကဆို တချို့ဒေသတွေ မိုးများသွားလို့ စိုက်ခင်းတချို့ ရေဖုံးသွားတာမျိုးဖြစ်ကုန်လို့ တော်တော် များများ ဒုက္ခရောက်ကြပါတယ်။ အရွက်တွေဝါတဲ့ အပင်ကဝါလို့ လဲတဲ့အပင်ကလဲလို့ပေါ့။

ဒီတော့ စိုက်ခင်းထဲကအပင်တွေမိုးမိများတဲ့အခါ ဘယ်လိုပြန်ပြီးဂရုစိုက်ရမလဲဆိုတဲ့အချက်လေးတွေကို သတိထားစေချင်လို့ ဖော်ပြပေးလိုက်တာပါ။

(၁) ရေသွင်းရေထုတ်မြောင်းကိုပိတ်ထားပါ

မိုးရွာနေချိန်မှာ ရေသွင်းတာတွေ ရှိနေတယ်ဆို ရပ်ထားရပါမယ်။ အစိုဓာတ်မြင့်မားနေမယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလို မြေကြီးအောက်စီဂျင်ကိုဖယ်ထုတ်လိုက်နိုင်ပြီး အမြစ်တွေသေစေနိုင်ပါတယ်။ ရာသီဥတုပူနေချိန် မိုးရွာချလိုက်တဲ့အခါမျိုးမှာဆိုရင်လည်း အပင်တွေညှိုးခြောက်သွားတာ အရွက်တွေ အရောင်ပျက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၂) ရွှံ့တွေထဲလမ်းမလျှောက်ပါနဲ့

စိုက်ခင်းထဲ ရွှံ့နွံတွေဖြစ်နေမယ်ဆိုရင် ဒီအတိုင်းကြီးလမ်းဝင်မလျှောက်ပါနဲ့။ ဘောင်တွေကြားမှာ တစ်ခုခု ချပြီးတော့မှ လျှောက်တာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ စိုနေတဲ့ မြေကိုတူးတာမျိုးတွေ လုပ်ခြင်းကနေလည်း ရှောင်ကြဉ်ရပါမယ်။ ခြောက်သွားအောင်စောင့်ပြီးမှသာ နောက်ပိုင်းအလုပ်တွေကို ဆက်လုပ်သင့်ပါတယ်။

(၃) မြေကျပ်ခြင်းမရှိအောင်လုပ်ဆောင်ပါ

မြေဖုံးပေးခြင်း (သို့) မြေဖုံးပင်တွေစိုက်ပျိုးထားတာကလည်း မြေကျပ်ခြင်းကို မဖြစ်အောင် လျှော့ချပေးပါတယ်။ မိုးရွာပြီးနောက်ပိုင်းမှာ မြေကျပ်တာတွေဖြစ်နိုင်တဲ့အတွက် ဖွဲပြာနဲ့ နွားချေးကိုရောပြီး စတီးထမင်းစားဇွန်း ၃ ဇွန်းလောက် အပင်ဘေးပတ်ချာလည်ပုံကာ ခါးဆွတဲ့ ကိရိယာလေးနဲ့ ဆွပေးနိုင်ပါတယ်။

(၄) အပင်လေးတွေကို ဂရုစိုက်ပေးခြင်း

စိုစွတ်တဲ့ ရာသီဥတုက အပင်တွေမှာနေထိုင်ပြီး ဆွေးမြည့်နေတဲ့အပင်တွေကို စားသုံးတဲ့ ခရုတွေကို အများကြီး ကျရောက်စေပါတယ်။ အဲ့ဒီခရုတွေကို လက်နဲ့ကောက်ဖယ်တာမျိုးတွေ ထောင်ချောက် ဆင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မင်နီစိုတားတက္ကသိုလ်ကတော့ ခရုတွေကို ဆပ်ပြာရည်နဲ့ စိမ်ပြီး နှစ်သတ်ခြင်း၊ ထုချေသတ်ခြင်း၊ ၅ - ၁၀ ရာခိုင်နှုန်းပျော်ဝင်နေတဲ့ အမိုနီးယားပျော်ရည် ဖျန်းသတ်ခြင်း၊ ခရုတွေကို ခွက်တစ်ခုထဲကိုထည့်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ မျှားကာ သတ်ခြင်းတွေ လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

သတိထားရမှာကတော့ ရောဂါတွေက ရေကနေပြီးလည်း ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေဆီ ကူးစက်နိုင်တာပါပဲ။ ကန်ဆတ်ပြည်နယ်က တက္ကသိုလ်ကတော့ ဝါနေတဲ့အသီးနဲ့ အရွက်တွေကိုမစားရပါဘူးတဲ့။ မိလ္လာတွင်း၊ တိရစ္ဆာန်အညစ်အကြေးတွေပါဝင်နေတဲ့”ရေ” ထိတွေ့ခဲ့ဖူးတဲ့ အသီးတွေဆိုလည်း မစားပါနဲ့လို့ ဆိုထားပါတယ်။

ref: https://www.farmanddairy.com/top-stories/how-to-manage-your-garden-after-too-much-rain/267001.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
ကိုပိုင်

ကိုပိုင်

3 years ago

အိုင်ဆမာဒေ စပါးမျိုးရှိလားဗျာ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....