အကျိုးများသည့် မိုးစပါးအပြီး ပဲမျိုးစုံသီးနှံ
မြန်မာနိုင်ငံသည် စပါးကို အားထားစိုက်ပျိုးသည့်နိုင်ငံဖြစ်ရာ စပါးစိုက်ဧရိယာသည် လယ်ယာသီးနှံများတွင် စိုက်ပျိုးဧရိယာ အများဆုံးဖြစ်သည်။ ယခုအခါ တစ်ဧက စပါးအထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်သကဲ့သို့ မိုးစပါးကိုအခြေခံ၍ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးရန်လည်း လိုအပ်ပါသည်။
မိုးစပါး
ယခုအခါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလင်းရောင်တုန့်ပြန်မှုမရှိသော သက်လျင်နှင့် သက်လတ်အထွက်ကောင်းစပါးမျိုးများ ပေါ်ထွန်းလာပြီး အကျိုးဆက်အားဖြင့် စပါးရိတ်သိမ်းအပြီး လယ်မြေများတွင် သီးထပ်သီးနှံစိုက်ပျိုးရန် အခြေအနေကောင်းများ ရရှိလာသည်။
မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုကို အားကိုးစိုက်ပျိုးရသည့် မိုးရေသောက်ဒေသနှင့် သွင်းရေရရှိသည့် ဆည်ရေသောက်ဒေသဟူ၍ရှိရာ ဒေသနှစ်မျိုးလုံး၌ နှစ်သီးစား၊ သုံးသီးစား လယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။
မြေတွင်းအစိုဓာတ်နှင့် အချိန်ကိုအသုံးချနိုင်မှု
တစ်နှစ်တွင် ၁၂ လရှိသည်။ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မြေတွင်း၌ လယ်မြေအမျိုးအစားနှင့် သဘာဝအပေါ်မူတည်ပြီး အနည်းဆုံး ရက် ၉၀ ခန့် အစိုဓါတ်ကျန်ရှိနေသည်။ ၎င်းမြေတွင်းအစိုဓါတ်ကို အလေအလွင့် အလဟဿမထားဘဲ အသုံးချနိုင်သည်။ စပါးအခြေခံ သီးထပ်သီးနှံပုံစံချမှတ်သည့်အနေဖြင့် စပါးအပြီး သင့်တော်ရာသီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။
ဆည်ရေ၊ မြစ်ရေ၊ ကန်ရေ၊ ချောင်းရေစသည့် သွင်းရေတစ်မျိုးမျိုးရရှိသည့်ဒေသတွင် တတိယသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးနိုင်သေးသည်။
လယ်မြေကို မြေလပ်မထားဘဲ အချိန်ကို အကျိုးရှိစွာအသုံးချခြင်း မည်ပါသည်။ ပဲမျိုးစုံကဲ့သို့ သီးနှံများကို စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို ဖွံ့ဖြိုးစေခြင်းလည်း မည်ပါသည်။
အရေးပါသည့်ပဲမျိုးစုံသီးနှံ
ပဲမျိုးစုံသီးနှံသည် ပြည်တွင်းစားသုံးရန်သာမက လယ်ယာထွက်သီးနှံများတွင် ပြည်ပပို့ကုန်အဖြစ် အားထားရသည့် သီးနှံဖြစ်သည်။ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၌ ၁၉၉၉ ခုနှစ်မှစတင်၍ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မိုးစပါးရိတ်သိမ်းအပြီး ရေမြေအခြေအနေပေးသော စပါးစိုက်လယ်မြေများတွင် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးနိုင်ပါသည်။
ပဲမျိုးစုံသီးနှံသည် စိုက်ပျိုးရန်လွယ်ကူသည်။ စိုက်ပျိုးကုန်ကျစရိတ် သက်သာသည်။ အကျိုးအမြတ်ရလွယ်သည်။ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်သည်။ ဒေသအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံဖြစ်သည်။ သီးနှံပုံစံ ချမှတ်ဆောင်ရွက်ရေးအတွက် အထူးသင့်တော်သည့်သီးနှံအမျိုးအစားဖြစ်သည်။
သီးနှံပုံစံ ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြေဧရိယာတစ်ခုအတွင်း၌ တစ်နှစ်အတွင်း တစ်သီးပြီးတစ်သီး စိုက်ပျိုးရိတ်သိမ်းခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားကာ စိုက်ပျိုးဝင်ငွေလည်း တိုးပွားစေပါသည်။
မြေဆီလွှာဖွံ့ဖြိုးစေခြင်း
ပဲမျိုးစုံသီးနှံများသည် အခြားသီးနှံများနှင့်မတူ တစ်မူထူးခြားသည်။ ပဲမျိုးနွယ်ဝင်အပင်များ၏ အမြစ်တွင် မြစ်ဖုများရှိသည်။ ပဲမြစ်ဖုဖြစ်ပေါ်စေမှုကို အားပေးရန် ပဲမြစ်ဖူဇီဝမြေသြဇာကို အသုံးပြုနိုင်သည်။ မြစ်ဖုများတွင် မြစ်ဖုဘက်တီးရီးယား (Rhizobia)များ နေထိုင်ကာ လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူသည်။ ဤသို့ဖြင့် ဖမ်းယူရရှိသည့် နိုက်ထရိုဂျင်ကို ပဲပင်အတွက် ရရှိစေပါသည်။
လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်မှုသည် ပဲမျိုးစုံသီးနှံအလိုက် ကွာခြားသည်။ အပင်ဖြစ်ထွန်းမှုအလိုက် မတူညီနိုင်ပါ။ ယေဘူယျအားဖြင့် တစ်ဧကလျှင် ဖမ်းယူပေးနိုင်သည့် နိုက်ထရိုဂျင်ပမာဏမှာ ကုလားပဲတွင်် ၅၀ ကီလိုဂရမ်၊ ပဲပုပ်တွင် ၆၀ ကီလိုဂရမ်၊ ပဲလွမ်း၊ မတ်ပဲနှင့် ပဲတီစိမ်းတို့တွင် ၈၀ ကီလိုဂရမ် ခန့်ရှိသည်ဟု မှတ်သားဘူးသည်။ ပဲမျိုးအလိုက် ၂၇ မှ ၄၈ ရာခိုင်နှုန်းအထိ အထွက်တိုးစေသည်ဟု သိရပါသည်။
ပဲမျိုးစုံသီးနှံပင်၏အမြစ်သည် မြေဆီလွှာအတွင်းသို့ နက်စွာထိုးဝင်ဆင်းခြင်းကြောင့် မြေဆီလွှာထက်အောက်၌ အပင်အဟာရဓါတ် မျှတစေကာ ဆက်လက်စိုက်ပျိုးသည့် အခြားသီးနှံများအတွက် အဟာရကို လွယ်ကူစွာရယူနိုင်စေသည်။ ထိုမျှမက စပါးရိတ်သိမ်းအပြီး ပဲမျိုစုံစိုက်ပျိုးခြင်းသည် ပေါင်းမြက်၊ ပိုးမွှားရောဂါနှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
ပဲမျိုးစုံပင်များရိတ်သိမ်းပြီး မြေပေါ်၌ ကြွင်းကျန်သော ပဲပင်၏ အကိုင်းအခက်၊ အရွက်များနှင့် မြေအောက်ရှိ အမြစ်များ၊ မြစ်ဖုများ ဆွေးမြေ့သည့်အခါတွင် ဆက်လက်စိုက်ပျိုးမည့်သီးနှံအတွက် နိုက်ထရိုဂျင်ကို ရရှိစေသည်။
မြေတွင် သြဂဲနစ်ပစ္စည်းကို ကြွယ်ဝစေသည်။ မြေဆီလွှာ၏ ရုပ်သတ္တိကို တိုးမြှင့်ပေးသည်။ ဓာတ်သတ္တိကိုလည်း ကြွယ်ဝစေသည်။ ထို့ကြောင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရာတွင် စျေးနှုန်းမြင့်မားသော ဓာတ်မြေသြဇာများကို များစွာကျွေးပေးရန် လိုအပ်ခြင်းမရှိပါ။ စိုက်ပျိုးချိန်၌ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပြီး အပင်ဖြစ်ထွန်းချိန်၌ သင့်တော်သည့် မြေသြဇာအရည်များကို အပင်ပေါ် ပက်ဖျန်းရုံဖြင့် လုံလောက်နိုင်ပါသည်။
စပါးရိတ်သိမ်းအပြီး လယ်မြေတွင် မိမိဒေသနှင့်သင့်တော်သည့် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးပြီး မိုးစပါး-ပဲမျိုးစုံသီးနှံပုံစံကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်စွမ်းအားကို မြင့်မားစေရေး ဆောင်ရွက်ရန် နှိုးဆော်လိုပါသည်။
နှစ်သီး၊ သုံးသီးစိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားတစ်ဦးချင်းတွင်လည်း အကျိုးအမြတ်ဝင်ငွေ ပိုမိုတိုးတက်ရရှိကြစေလိုပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးစိုက်ပျိုးနည်း
Topic 2
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
Ye Thu Aung123
4 years agoပဲမြစ်ဖုမြေသြဇာ ဘယ်မှာရနိင်လဲ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all