နွေရာသီ စပါးမျိုးအလိုက် အထွက်စွမ်းရည်အပြည့်အဝရရှိရေး
မြန်မာနိုင်ငံတွင် စပါးသီးနှံကို ဒေသရေမြေရာသီဥတုအခြေအနေအမျိုးမျိုးတွင် စိုက်ပျိုးလျှက်ရှိသည်။ နွေစပါးကို ၁၉၉၂-၉၃ ခုနှစ်မှစတင်၍ သွင်းရေရရှိသည့်ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာသည်။ ယခုအခါ နိုင်ငံအဝှမ်း မိုးစပါးဧရိယာဧက ၁၅ သန်းကျော်နှင့် နွေစပါးဧရိယာဧက ၂ ဒသမ ၇ သန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
ဒေသအနှံ့အပြားတွင် နွေရာသီ၌ စိုက်ပျိုးလျှက်ရှိသည့် စပါးမျိုးများသည် တစ်မျိုးနှင့် တစ်မျိုး အရည်အသွေးလက္ခဏာများနှင့် အထွက်နှုန်းစွမ်းရည်ကွဲပြားသကဲ့သို့ ဖြစ်ထွန်းမှု တူညီခြင်းမရှိပါ။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးသူလယ်သမားကြီးများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ ကြိတ်ခွဲသူများနှင့် စားသုံးသူများသည်လည်း စပါးမျိုးများ အပေါ် ကြိုက်နှစ်သက်မှု ကွာခြားကြပါသည်။
စပါးမျိုးများ
သုတေသနပြုဖော်ထုတ်ထားပြီး စပါးမျိုးများအနက် ပြည်ထောင်စုတစ်ဝှမ်း နွေရာသီတွင် ဧရိယာဧကကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည့် စပါးမျိုးများအနက် ထင်ရှားသည့် သက်လျင်စပါးမျိုး(၃)မျိုးကို ဖော်ပြလိုပါသည်။
အဆိုပါစပါးမျိုးများမှာ- (၁) သီးထပ်ရင် (၂) ရတနာတိုးနှင့် (၃) ရွှေသွယ်ရင်တို့ ဖြစ်သည်။ သီးထပ်ရင်စပါးမျိုးကို နွေစပါးစိုက်ဧရိယာ၏ ၃၈ ရာခိုင်နှုန်းကျော်တွင် စိုက်ပျိုးသည်။ ရတနာတိုးစပါးမျိုးကို ၇ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ရွှေသွယ်ရင်စပါးမျိုးကို ၂ ရာခိုင်နှုန်းကျော်တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
မြန်မာနိုင်ငံအောက်ပိုင်း အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ထင်ရှားသည့် နွေစပါးမျိုးတစ်မျိုး ဖြစ်သည်။ သီးထပ်စပါးအဖြစ်စိုက်ပျိုးရန် ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ကို အထိုက်အလျှောက်ခံနိုင်ကြောင်း သိရသည်။
ဤစပါးမျိုးသည် သက်လျင်အထွက်ကောင်းသည့် ဧည့်မထအုပ်စုဝင် စပါးမျိုးတစ်မျိုးဖြစ်ပြီး အသက်ရက် ၁၁၅ မှ ၁၂၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့်မှာ ၁၀၀ မှ ၁၀၅ စင်တီမီတာရှိသည်။ အနှံပါပင်ပွား ၈ မှ ၁၀ ပင် ပွားနိုင်ပြီး တစ်နှံပါသီးလုံး ၁၀၅ ခန့် သီးသည်။ အစေ့ (၁၀၀၀) အလေးချိန် (ဂရမ်) ၂၄ ဒသမ ၀ ရှိသည့် စပါးမျိုးဖြစ်ပါသည်။
ဆန်ရည်ဆန်သားမှာ ဗိုက်ဖြူအနည်းငယ်ပါသည်။ အေမိုင်းလို့စ်ပါဝင်မှု ရာခိုင်နှုန်း ၃၀ ဒသမ ၄ ရှိကာ စားသုံးမှုအဆင့်အတန်းမှာ မာပါသည်။
ရတနာတိုး
မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ထင်ရှားသည့် နွေစပါးမျိုးတစ်မျိုး ဖြစ်သည်။ ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ကာ အသက်ရက် ၁၂၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၁၂၀ စင်တီမီတာရှိသည်။ အနှံပါပင်ပွား ၉ မှ ၁၁ ဖြစ်ပြီး တစ်နှံပါသီးလုံး ၁၉၀ သီးကာ အစေ့ (၁၀၀၀)အလေးချိန် (ဂရမ်) မှာ၂၇ ဒသမ ၃ ဖြစ်ပါသည်။
ဆန်ရည်ဆန်သားကြည်လင်သည်။ အေမိုင်းလို့စ်ပါဝင်မှုရာခိုင်နှုန်း ၂၆ ဒသမ ၃ ရှိကာ စားသုံးမှုအဆင့်အတန်းမှာ သင့်ပါသည်။
ထူးခြားချက်မှာ ဖြုတ်ညိုပိုးဒဏ်ကိုခံနိုင်သည်။ စပါးရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့်ခံနိုင်ပါသည်။
ရွှေသွယ်ရင်
မြန်မာနိုင်ငံအထက်ပိုင်း အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးလျှက်ရှိသော သက်လျင်စပါးမျိုးတစ်မျိုးဖြစ်သည်။ မိုးရာသီရော နွေရာသီတွင်ပါ စိုက်ပျိုးသည့် စပါးမျိုးဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် မျိုးသစ်အဖြစ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဘက်တီးရီးယားရွက်ခြောက်ရောဂါကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း သိရသည်။
ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၀၀ မှ ၁၀၅ ရက်ခန့်ဖြင့် ရိတ်သိမ်းနိုင်၍ အပင်အမြင့် ၁၀၀ မှ ၁၀၅ စင်တီမီတာရှိသည်။ အနှံပါပင်ပွား ၁၁ ပင်နှင့် တစ်နှံပါသီးလုံး ၁၃၁ ရှိသည်။ အစေ့ (၁၀၀၀)အလေးချိန်(ဂရမ်) မှာ ၁၉ ဒသမ ၅ ဖြစ်ပါသည်။
ဆန်ရည်ဆန်သားကြည်လင်သည်။ အေမိုင်းလို့စ်ပါဝင်မှုရာခိုင်နှုန်း ၃၂ ဒသမ ၄၉ ရှိကာ စားသုံးမှုအဆင့် အတန်းမှာ သင့်ပါသည်။
အထွက်စွမ်းရည်အပြည့်အဝရရှိရေး
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖေါ်ပြပါသက်လျင်စပါးသုံးမျိုးအပြင် အခြားစပါးမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ သုတေသနပြုထုတ်ဝေထားသောအထွက်ကောင်းစပါးမျိုးများသည် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် အရေးပါသော စပါးမျိုးများဖြစ်ကြောင်း တွေ့မြင်ရသည်။ စပါးမျိုးအလိုက် မျိုးဗီဇအရ မြင့်မားသည့် အထွက်နှုန်းစွမ်းရည်တွေ ရှိပြီးဖြစ်သည်။
စပါးမျိုးအလိုက် ရှိပြီးဖြစ်သည့် အထွက်နှုန်းစွမ်းရည်တွေကို အပြည့်အဝရရှိရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။
(၁) မျိုးသန့်ကိုသာ အသုံးပြုစိုက်ပျိုးပါ။
(၂) ဒေသအလိုက်စိုက်နည်းစနစ် မှန်ကန်ပါစေ။
(၃) မြေနမူနာဓာတ်ခွဲစစ်ဆေးမှုအရ လိုအပ်သည့် အာဟာရမြေသြဇာများကို ကျွေးပေးပါ။
(၄) ပေါင်းမြက်နှင့် ပိုးမွှားရောဂါများကို ကာကွယ်နှိမ်နင်းပါ။
(၅) အလေအလွင့်နည်းအောင် ရိတ်သိမ်းချွေလှေ့ပါ။
ဆင်းသီဟ
Continue reading related topics, questions and articles.
Topic 1
မျိုးစပါး
Topic 2
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
မပပဝင်း
3 years agoရတနာတိုးစပါးက အပျော့လား အမာလားသိချင်ပါတယ်
myo chit aung
3 years agoရတနာတိုးစပါးဘယ်မှာရလဲသိချင်လို့ပါ
ဦးမြင့်စိုး
4 years agoအချိန်အခါအလျာက် ကျွေရမည့် မြေသြဇာအချိုးအစားနှင့် တစ်ဧကနှုန်းထားကို သိချင်ပါသည်၊၊
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all