အကျိုးပြုပိုးမွှားတွေကို စိုက်ခင်းထဲဝဲနေအောင် စွဲဆောင်နည်း
စိုက်ပျိုးသူ တောင်သူတစ်ယောက်အနေနဲ့ ဖျက်ပိုးတွေ သီးနှံကိုဖျက်စီးနေတာကိုမြင်ရတာက ရင်နာစရာအကောင်းဆုံးမြင်ကွင်းပဲမဟုတ်ပါလား။ စိုက်ခင်းထဲမှာရှိနေတတ်တဲ့ အင်းဆက်တွေက အကျိုးပြုပိုးမွှားလည်းဖြစ်နိုင်သလို သီးနှံတွေကိုဖျက်ဆီးပစ်မယ့် ဖျက်ပိုးတွေလည်းဖြစ်နိုင်ပါတယ်။ ခရမ်းချဉ်သီးဖျက်ပိုး (hornworm)က ဦးကြီးတို့ရဲ့ခရမ်းချဉ်စိုက်ဘောင်တစ်ဘောင်ကို တစ်ညထဲနဲ့အပြီး ဖျက်ဆီးစားသောက်လိုက်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပိုးသတ်ဆေးမသုံးဘဲ ဖျက်ပိုးတွေကို နှိမ်နင်းနိုင်တဲ့ သဘာဝအစာကွင်းဆက်နည်းကို အသုံးပြုနိုင်ပါတယ်။ တချို့အကျိုးပြုပိုးတွေက အေးဖစ်ဘီတယ်ကဲ့သို့သောဖျက်ပိုးတွေကို စားသောက်နိုင်ပြီး အချို့အင်းဆက်တွေက သီးနှံတွေကို ဝတ်မှုန်ကူးခြင်းအားဖြင့် အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့် အကျိုးပြုပိုးတွေကို စိုက်ခင်းထဲရောက်အောင် စွဲဆောင်တာဟာ ကောင်းတဲ့အမူအကျင့်ပဲဖြစ်ပါတယ်။
ဦးကြီးတို့အနေနဲ့ ပိုးမွှားတွေကိုမြင်လိုက်တဲ့အခါ ပထမဦးဆုံး ဆေးဖျန်းဖို့လိုနေပြီဆိုတဲ့အတွေးကို ဖျက်သိမ်းပေးရပါမယ်။ များစွာသောဓာတုပိုးသတ်ဆေးတွေက ဖျက်ဆီးတဲ့ပိုးမွှားတွေအပြင် အကျိုးပြုပိုးမွှားတွေကိုပါ ထိထိရောက်ရောက်ဖြေရှင်းလိုက်နိုင်ပါတယ်။ ဦးကြီးတို့စိုက်ခင်းထဲမှာ အကျိုးပြုပိုးမွှားတွေစားသုံးတဲ့ ဖျက်ပိုးတွေကို ထောက်ပံ့ပေးနေမှသာ အစာကွင်းဆက် အမျှင်တန်းနေမှာပဲ ဖြစ်ပါတယ်။ အကျိူးပြုပိုးမွှားတွေကို စွဲဆောင်တဲ့နေရာမှာ ဖျက်ပိုးတွေ တဟုန်ထိုးများလာနိုင်ပါတယ်။ မတုန်လှုပ်ပါနဲ့။ စိတ်ရှည်ဖို့က အရမ်းအရေးကြီးပါတယ်။ အကျိုးပြုပိုးမွှားတွေက ၎င်းတို့၏သက်ရှိကို ရှာဖွေရန် အချိန်လိုအပ်ပါတယ်။ ဥပမာ အကျိုးပြုပိုးအမသည် ဖျက်ပိုးများရှိသောစိုက်ခင်းကို အစာအရင်းအမြစ်အဖြစ် သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စတင်ပြီးမိတ်လိုက်ကာ ဥဥကြပါတော့တယ်။ အဲ့ဒီအခါ အကျိုးပြုပိုးမွှားများ စိုက်ခင်းအတွင်းများလာပြီး ဖျက်ပိုးကင်းစင်တဲ့စိုက်ခင်းကို ရလာပါပြီ။ တစ်ခါတစ်ရံဖျက်ပိုးပြင်းထန်လာတဲ့အခါ ဓာတုပိုးသတ်ဆေးကို သတိနဲ့ ထိန်းချုပ်အသုံးပြုသင့်ပါတယ်။ ဦးကြီးတို့အနေနဲ့ သင့်လျော်တဲ့ထုတ်ကုန်ကို ရွေးချယ်အသုံးပြုခြင်းက အကျိုးပြုပိုးမွှားများအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေမှာပါ။
မှန်ကန်သောအပင်များကို ရွေးချယ်ခြင်းသည်လည်း အကျိုးပြုပိုးမွှားများကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ရာသီအစမှာ အကျိုးပြုပိုးမွှားများကို စွဲဆောင်ရန်အတွက် ဦးကြီးတို့စိုက်ပျိုးထားသော သီးနှံများကို အစောပိုင်း ပန်းပွင့်တတ်သောအပင်များနဲ့ ရောနှော၍ စိုက်ပျိုးသင့်ပါတယ်။ ပေါင်းစပ်ပန်းပွင့်ပုံစံရှိတဲ့အပင်က အကျိုးပြုအင်းဆက်ပိုးအတွက် အကျိုးရှိဆုံး အစာအရင်းအမြစ်ပဲဖြစ်ပါတယ်။
ရောနှောစိုက်ပျိုးသင့်တဲ့ အကောင်းဆုံးမျိုးနွယ်ဝင် (၅) မျိုး
Aster Family မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်း၊ ထပ်တရာပန်း၊ ဒေါင်းဖန်ဝါပန်း။
Carrot Family ကရဝေး၊ ဉနီ၊ တရုတ်နံနံ၊ ဇီယာပင်၊ စမုန်စပါး စတဲ့ ဟင်းခတ်အမွှေးအကြိုင်အပင်များ။
Legume Family ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မန်ကျည်းပင်။
Mustard Family မုန်ညှင်း၊ ဘရိုကိုလီ၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်းပွင့်။
Verbena Family ဆောင်တော်ကူးပန်းမျိုးနွယ်ဝင် အပင်တို့ပဲဖြစ်ပါတယ်။
ဦးကြီးတို့စိုက်ခင်းမှာ ရေဖျန်းကိရိယာ(sprinkler) ကို အသုံးပြုပါက အကျိုးပြုပိုးရဲ့ ရေဓာတ်အလုံအလောက်ရရှိဖို့အတွက် အိုင်ရှိဖို့လည်းလိုအပ်ပါတယ်။ အကျိုးပြုပိုးတွေက ရေအလုံအလောက်မရှိတဲ့စိုက်ခင်းမှာ ကြာကြာမနေဘဲ ထွက်သွားတတ်ကြပါတယ်။ စိုက်ဘောင်များကို မြေဖုံးပေးထားခြင်း (mulching) နည်းကလည်း မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အကျိုးပြုပိုးမွှားများကို ရေရှားပါးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Reference:
https://www.thoughtco.com/attract-beneficial-insects-to-control-garden-pests-4054078
Continue reading related topics, questions and articles.
Topic 1
မိတ်ဆွေပိုး
Thi Ha Kyaw
3 years agoပဲတီးစိမ်းရဲ့ရန်သူတော်ဖျက်ပိုးတွေဖြစ်တဲ့ လိပ်ပြာ ဖလန်တွေ လှေး ပြ ပွင့်ထွေးစသည်ပိုးတွေမလာအောင်ကာကွယ်နည်းနဲ့လာခဲ့ရင်လဲ ဒီဖျက်ပိုးတွေကိုစားသုံးဖျက်စီးတက်တဲ့ အကျိုးပြုပိုးတွေ ပေါများပွားများအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ ပြည့်ပြည့်စုံစုံလေး ရှင်းပြထားတဲ့ ဆောင်းပါးလေးရှိရင် ကောင်းမယ်ဗျာ
Thi Ha Kyaw
3 years agoပဲတီစိမ်းနဲ့ ကုလားပဲက ပန်းပွင့်ချိန်မတူဖူးလား ဘယ်ပဲကစောပွင့်တာလဲ
laylaythoo
4 years agoလ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆုမြတ်နိုး
See all