ပင်ပွား(လုံးစေ့)
ပင်ပွား (လုံးစေ့) ဆိုတာဘာလဲ ဘယ်ကရလဲ ဘယ်မှာသုံးလဲ ဆိုတာ သိချင်ကြမယ် ထင်ပါတယ်နော် ...
ပင်ပွားစေ့ ဆိုတာ ကမ္ဘာပေါ်မှာ လူသိများတဲ့ ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်က အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။
ပင်ပွားစေ့မှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် ကေ၊ ပရိုတင်း နှင့် အခြားအင်အားပြည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စတာတွေပါဝင်ပါတယ်။
ပင်စိမ်းပင် မျိုးကွဲများဖြစ်တဲ့ ထိုင်းပင်စိမ်း၊ သံပုရာပင်စိမ်း၊ ပင်စိမ်းချို၊ ပင်စိမ်းကြီးများစွာထဲမှ ပင်စိမ်းကြီးပင်မှ ပင်ပွားစေ့ရရှိတာဖြစ်ပါတယ်။ ပင်စိမ်းပင်စိုက်ခြင်းဖြင့် ပင်ပွားစေ့အလွယ်တစ်ကူရရှိမှာ ဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ နှစ်ရှည်ခံအပင်အမျိုးအစားထဲတွင်ပါဝင်ပါတယ်။
ပင်ပွားစေ့အတွက် ရည်ရွယ်၍ ပင်စိမ်းပင်စိုက်ပျိုးပါက အညွှန့်မချိုးပေးရပါဘူး။ ထိုမှသာ အပွင့်ပွင့်ပြီး အစေ့ရရှိပါမယ်။ အပွင့်အရောင်ဟာ မျိုးပေါ်မူတည်ပြီး အဖြူရောင်၊ ခရမ်းရောင် အမျိုးမျိုးရှိပါတယ်။အရွက်အတွက် ရည်ရွယ်ပါက အညွှန့်ချိုးပေးရမယ်။
ပင်စိမ်းပင်ဟာ ဘယ်မြေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပြီး ရေ ရရှိရန်လိုအပ်ပါတယ်။ ပင်ပွားစေ့ဟာ အပင်ပြန်လည် စိုက်ပျိုးရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ အပင်အတွက်အသုံးပြုပါက တစ်ညသိပ်ရေစိမ်ပြီး စိုက်ပျိုးနိုင်ပါတယ်။
အစားအသောက်အတွက် အသုံးပြုမည်ဆိုပါက အသုံးပြုမည့် ပမာဏအနည်းငယ် (လက်ဖက်စားဇွန်း တစ်ဇွန်းလျှင် ရေ ၂၃၇ မီလီလီတာ)ကို ၁၅မိနစ်ခန့်ရေစိမ်ပြီး အသုံးပြုမည့်အရာများနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ၁၅မိနစ်ခန့် စိမ်ပြီးပါက ပင်ပွားစေ့ဟာ မူလအနက်ရောင်မှ မီးခိုးရောင်အဖြစ်ပြောင်းသွားမှာ ဖြစ်ပါတယ်။ အလယ်မှာ အနက်ဆံလေးရှိပြီး ဂျယ်လီသားလိုပုံစံလေးက ဝန်းရံထားသလိုပါ။ ရေစိမ်မှသာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အရသာကတော့ ထူးထူးခြားခြားမရှိပေမဲ့ အစေ့လေးတွေကို စားမိရင် ဝါးလို့ကောင်းပါတယ်။
သတိပြုရမည်မှာ
ရေထိတွေ့ မှု့ မညီညာပါက အချို့သောအစေ့များ မပွလာနိုင်ပါ။ ရေစိမ်ပြီးသားကိုပမာဏများစွာတစ်ပြိုက်နက်စားသုံးပါက သီးတတ်တဲ့အတွက် ဖြေးဖြေးချင်းစားဖို့တော့ သတိပေးချင်ပါတယ်။ ဓာတ်မတည့်မှု များမရှိသလောက်နည်းတဲ့အတွက် လူတိုင်းစားသုံးနိုင်ပါတယ်။
ပင်ပွားစေ့အသုံးပြုနိုင်သောနေရာများ
• သစ်သီးဖျော်ရည်များတွင် ထည့်စားခြင်း
• ကျောက်ကျောထဲတွင် ထည့်စားခြင်း
• အချိုပွဲများတွင်ထည့်ခြင်း
• ရေခဲမုန့်များတွင် ထည့်ခြင်းများ
• ဒိန်ချဉ်
• မစ်ရှိတ်များတွင် ထည့်စားခြင်းများ ပြုလုက်ကျပါတယ်။
ပင်ပွားစေ့သည် ကျန်းမာရေးအတွက်လဲ များစွာ အထောက်အကူပြုပါတယ်။
အိုမီကာ သရီးဖက်တီးအက်စစ်ကြောင့်ကိုယ် အလေးချိန်ကျစေခြင်း၊ အအေးဓာတ်ရရှိခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်ခြင်း၊ ဝမ်းချုပ်လေပွ သက်သာစေခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ရင်ပူသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများစွာရှိပါတယ်။
ပင်ပွားစေ့ 25ကျပ်သား ကို 2000ကျပ်ရှိပါတယ်။ ပင်ပွား(လုံးစေ့)ဟာ အလွယ်တကူရရှိနိုင်ပြီး ကျန်းမာရေးအတွက်ဆေးဖက်ဝင်ကြောင်း ရှာဖွေတင်ပြလိုက်ပေးလိုက်ပါတယ်။
မေမြတ်မော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မေမြတ်မော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....