ရွက်လှပင်( Codiaeum variegatum )
ရွက်လှပင်ရဲ့အင်္ဂလိပ်နာမည်က Codiaeum variegatum ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဩစတေးလျရဲ့ တောထဲမှာ စတင်တွေ့ရှိခဲ့တဲ့ ခြုံနွယ်ပင်ဖြစ်ပါတယ်။ အပင်က ပန်းပွင့်ကြောင့်မထင်ရှားပဲ အရွက်ရဲ့လှပခြင်းကြောင့် ရွက်လှပန်းလို့ မြန်မာနိုင်ငံမှာ လူသိများပါတယ်။ ရွက်လှပင်မှာ အပင်မျိုးပေါင်း သုံးရာကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွက်လှမျိုးကွဲပေါင်း( ၇၀) ခန့်ရှိပါတယ်။ ရွက်လှပင်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်ပါတယ်။ အရွက်ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပါတယ်။
စိုက်ပျိုးနည်း
ရွက်လှပင်ဟာ မြေအမျိုးစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ မြေမျိုးမှာ ပိုသင့်တော်ပါတယ်။ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ နေပူထဲတွင် စိုက်ပျိုးခြင်းထက် နေအနည်းငယ်ရိပ်သောနေရာတွင် စိုက်ပျိုးခြင်းဖြင့် အရွက်အရောင်ကို မထိခိုက်စေပဲ လှပစေပါတယ်။ မြေတွင် ကျင်းတူး၍ စိုက်ပျိုးနိုင်သလို အိုးများ၊ သံပုံးများထဲတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ မြေမှာကျင်းတူးစိုက်ခြင်းက အမြစ်ပိုထွက်ပြီး အကိုင်းအခက် အရွက်များပို၍ များပြားလှပပါတယ်။ အိုးနဲ့စိုက်ပျိုးမယ်ဆိုရင် ရေပိုရေလျှံထွက်သက်သာအောင် အောက်ခြေမှာ အပေါက်ဖောက်ထားပြီး အုတ်ခဲကျိုး၊ မီးသွေးခဲတို့ကို သုံးလက်မခန့် ထည့်ပေးပါ။
မြေစပ်နည်းနှင့် မျိုးပွားနည်း
ရွက်လှပင်ကို အများအားဖြင့် အကိုင်းဖြတ်စိုက်ပျိုးကျပါတယ်။ အပင်မျိုးပွားရာတွင် ကိုင်းဖြတ်မျိုးပွားခြင်း( မြေထုပ်စည်း)ကို အသုံးပြုမှုများပြားပါတယ်။ အမြစ်ထွက်ဆေးသုံးပြီး မျိုးထုပ်စည်းမျိုးပွားကြပါတယ်။ မြေစပ်တဲ့အခါမှာလည်း စိုက်ပျိုးမဲ့ အိုးအရွယ်အစားပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲပါတယ်။
အိုး၊ သံပုံးများဖြင့် စိုက်ပျိုးမည်ဆိုပါက
၁။ နွားချေး ( သို့ ) မြေဆွေး တစ်ဆ
၂။ သစ်ပုပ်မြေဆွေး တစ်ဆ
၃။ သဲ တစ်ဆရဲ့ တစ်၀က်
၄။ အင်္ဂတေအကျိုးဟောင်း တစ်ဆ ရဲ့ တစ်၀က်
၅။ ဥယျာဉ်ခြံမြေ တစ်ဆတို့ကို ရောမွှေပြီး အိုးထဲထည့် စိုက်ပျိုးရပါမယ်။ တစ်လ (သို့ ) တစ်လခွဲကြာတဲ့အခါ အမြစ်တွေများလာပြီး အပင်ကို ရွှေ့စိုက်ချင်ပါကလည်း ပြောင်းစိုက်နိုင်ပါတယ်။
မြေတွင်စိုက်ပျိုးပါက ကျင်းတူးရာတွင်
- အပင်ငယ်အတွက်(၁ )ပေ ပတ်လည် (၁ ) ပေအနက် စိုက်ကျင်းများ၊
- အပင်လတ်အတွက်(၂)ပေပတ်လည် (၂) ပေအနက် စိုက်ကျင်းများ၊
- အပင်ကြီးအတွက် (၃) ပေပတ်လည်(၃)ပေအနက် စိုက်ကျင်းများ ပြုလုပ်စိုက်ပျိုးပေးရပါမယ်။
အပင်ပြုစုစောင့်ရှောက်ခြင်း
- အိုးထဲတွင်ပဲ အမြဲစိုက်ပျိုးမည်ဆိုပါက တစ်နှစ်တစ်ကြိမ် မြေကိုလဲလှယ်ပေးသင့်ပါတယ်။ လဲလှယ်ချိန်တွင် အမြစ်ဟောင်းအနည်းငယ်ကို ဖြတ်ပေးသင့်ပါတယ်။
- အိုးဘေးမှ မြေမာများလည်းဆွပြီး မြေဩဇာအနည်းငယ် ကျွေးပေးသင့်ပါတယ်။
- အပင်အရှည်ကို စိတ်ကြိုက်ထားနိုင်ပေမဲ့ နှစ်တောင်ခန့် အထိထားပါက ပိုသင့်တော်ပေသည်။
- အပူချိန်က ၁၀ ဒီဂရီမှ ၁၃ ဒီဂရီအောက်မကျဖို့တော့ လိုအပ်ပါတယ်။ အအေးများရင် အရွက်ကြွေကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မွှား၊ ပင့်ကူများကျရောက်တတ်ပါတယ်။ပင့်ကူများကြောင့် အရွက်မလှပဲ ကုပ်သွားတတ်ပါတယ်။ နေရောင်ပေါ်မူတည်ပြီး အရွက်အရောင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ရွက်လှမျိုးများ
ပုလဲမင်းသမီး
ဆာရစ်ချက်ဂတ်
ဆာမတ်အာသာ
လိမ္မော်မင်းသား
ဇာဘုရင်
ဒူရာဘင်္ဂါ မဟာရာဇာ
ဂရန်းဒေး
မကာ သူရိ
ဆန်းဆက်
အယ်လက်ဇန်းဒါး
မြွေဟောက်ပါးပျဉ်း
နေရီရီ
နားပန်းကြီး
မာလာကြီး
လိပ်ခုံး
ကြက်မြီးလိမ်စိမ်း
သရက်ရွက်
မောင့်မမေ့
သော်တာပင်
နေသူရိန်
ပတ္တမြားကြိုးလိမ်
ဗာဂျာတွန့်
လစက်ရောင် စသည့်ဖြင့် အမျိုးမျိုးရှိပါတယ်။
မေမြတ်မော်
https://www.thespruce.com/grow-codiaeum-variegatum-1902750
https://en.m.wikipedia.org/wiki/Codiaeum_variegatum?fbclid=IwAR0U7GZT_0dytAIkqoE2W5uhbAs8FPvueZUfI4tVeD-MMGDkRCsCwQkY1FY
https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%84%E1%80%BA?fbclid=IwAR0KFE2Cjh_OEbJ7GBTn3zyJKtvxpgXnH2qB7Y1Kg8P9E3DSsUOJGNoe4oI
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ကောင်းမြတ်သူ
3 years agoအပင်အများစုကအရွက်ကစိမ်းပြီးရွက်လှပင်ကဘာလို့အရောင်စုံတာလဲသိရင်ဖြေပေးပါခင်ဗျာ
kyaw
5 years agoကိုင်းကူးနည်းသိချင်ပါတယ်
Anonymous
5 years agoအရွက်က အဝါနဲအစိမ်းပါ ဘာအမျိုးအစား ဖြစ်မလဲဗျ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မေမြတ်မော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....