ရောဂါခုခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဇင့်(Zinc)ပါဝင်သော အစားအစာများ
ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး ရောဂါတွေကင်းဝေးချင်တယ်ဆိုရင် နေ့စဉ်အာဟာရမျှတစွာစားပေးဖို့ အထူးလိုအပ်ပါတယ်ဗျ။ အာဟာရမျှတဖို့ဆိုရင် အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ ပါအောင်စားပေးရပါမယ်။ အဲ့ဒါကြောင့် ရောဂါခုခံစွမ်းအားကိုကောင်းစေပြီး အဖျားတွေ၊ ရောဂါပိုးတွေ ဝင်ရောက်ခြင်းမှကာကွယ်ပေးတဲ့ ဇင့်ဓာတ်ကိုလည်း နေ့စဉ်ပါဝင်အောင်စားပေးသင့်ပါတယ်။
ဇင့်ဓာတ်က ဘာတွေကောင်းစေလဲဆိုရင်- ကိုယ်ခံအားကောင်းစေမယ်၊ အအေးမိဖျားနာ သက်သာစေမယ်၊ အနာမြန်မြန်ကျက်စေမယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ နည်းစေမယ်၊ အရေပြားပြဿနာတွေ သက်သာစေမယ်၊ မှတ်ဉာဏ်နဲ့ စူးစိုက်နိုင်စွမ်းကောင်းစေမယ်၊ အမြင်အာရုံကောင်းစေမယ်၊ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးမယ်၊ အရပ်အမောင်းကောင်းခြင်း၊ ဆံပင်သန်ခြင်းအပြင် နောက်ထပ် ကောင်းကျိုးများစွာလည်း ရှိနေပါသေးတယ်။ ဒါ့ကြောင့်လည်း အခုဆို ကိုဗစ်ရောဂါခံစားနေကြတဲ့သူတွေဟာ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်နဲ့ ဇင့်ဓာတ်ပါတဲ့ ဆေးပြားတွေကို သောက်သုံးနေကြတာကိုတွေ့ရပါတယ်။ ဇင့်က ဆေးပြားတွေထဲတင် ရှိတာမဟုတ်ပဲ နေ့စဉ်အစားအစာတွေထဲကလည်း လုံလောက်စွာရရှိနိုင်တာမို့ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်ဗျ။
၁။ အသားများနဲ့ နို့ထွက်ပစ္စည်းများ
အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ နွားနို့၊ ဒိန်ခဲ
၂။ အခွံမာရှိသော ပင်လယ်စာများ
ကမာကောင်၊ ဂဏာန်း၊ ပုစွန်၊ ခရု၊ ယောက်သွား
၃။ ပဲအမျိုးမျိုး
ကုလားပဲ၊ ပဲနီကလေး၊ မြေပဲ၊ ရွှေပဲသီး၊ ပဲပုပ်၊ ပဲကြီးစသောပဲအမျိုးမျိုး၊ တို့ဟူး
၄။ အသီးအရွက်များ
ဆလပ်ရွက်၊ ကိုက်လန်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ ပူစီနံ(ပူဒီနာ)၊ စမုန်ဖြူ(Thyme)၊ ကျောက်ပွင့်၊ မှို၊ ဆီးဖြူသီး၊ ရွှေဖရုံသီး၊ ရုံးပတီသီး၊ ကီဝီသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ စတော်ဘယ်ရီ၊ စွံပလွန်သီး
၄။ အစေ့အဆံများ
ဖရုံစေ့၊ နှမ်းစေ့၊ သီဟိုဠ်စေ့၊ နေကြာစေ့၊ ဗန်ဒါစေ့၊ Almonds၊ ကွာစေ့(ဖရဲစေ့)၊ သခွားစေ့၊ အုတ်ဂျုံမှုန့်(oatmeal)၊ ဆန်၊ ဂျုံ စတဲ့ကောက်နှံများ
၅။ Dark chocolate
ဒီချောကလက်မှာဆိုရင် ဇင့်ဓာတ်များစွာပါဝင်လို့ စားပေးမယ်ဆိုရင် အရေပြားနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။
ဒီလောက်ဆိုရင်တော့ ဇင့်ရဲ့အရေးပါပုံတွေနဲ့ ဇင့်ပါဝင်တဲ့အစားအစာကို သိရှိကြပြီးလောက်ပါပြီ။ ဂရုတစိုက်စားသုံးပြီး ရောဂါဘယကင်းဝေးကာ ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြပါစေဗျာ။
Ref; https://www.healthline.com/nutrition/best-foods-high-in-zinc
https://m.facebook.com/story.php?story_fbid=2016327228439667&id=1829457530459972
https://hellosayarwon.com/healthy-eating/nutrition-facts
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းရာဇာ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....