ဆေးဖက်ဝင် ဇီးဖြူသီးအကြောင်း
ဇီးဖြူသီးကိုကြော်စားတာ၊ ထောင်းစားတာမျိုးတွေရှိပါတယ်။ ဆေးဖက်ဝင်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင်စီနဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကိုစားသုံးပေးမယ်ဆိုရင် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို မျှဝေပေးချင်ပါတယ်။
၁။ အမြင်အာရုံကြည်လင်စေခြင်း
ဇီးဖြူသီးကိုစားပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးလာရင်တွေ့ကြုံရမဲ့ အမြင်အာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါဝင်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းက မျက်ကြည်လွှာကို oxidativestress တွေကြောင့် ပျက်စီးမှုကနေကာကွယ်ပေးပြီ; ရေတိမ်ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးမယ်ဆိုရင် အမြင်အာရုံကိုကြည်လင်စေပါတယ်။
၂။ စိတ်ဖိစီးမှုကိုသက်သာစေခြင်း
ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အိပ်ပျော်စေပါတယ်။ ဦးရေပြားကို ဇီးဖြူသီးအဆီလူးနယ်ပြီးနှိပ်နယ်ပေးပါက အိပ်ပျော်စေမှာဖြစ်သလို ခေါင်းကိုက်တာကိုလည်းသက်သာစေပါတယ်။ ရေမချိုးခင် ဇီးဖြူသီးအဆီကို ဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် ကြက်မျက်သင့်တာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
၃။ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ခြင်း
ဇီးဖြူသီးကိုစားပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို တိုးစေနိုင်ပါတယ်။
၄။နှလုံးကျန်းမာစေခြင်း
ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးဟာဆိုရင် နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေမဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ အကျိုးပြုကိုလက်စထရောတွေတိုးအောင်လည်း လုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၅။ အစာကြေစေနိုင်စွမ်းရှိခြင်း
ဇီးဖြူသီးက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ၎င်းရဲ့ချဉ်ပြီးဖန်တဲ့အရသာက အစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။ ဝမ်းချုပ်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။
၆။ အရေပြားကျန်းမာစေခြင်း
ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကိုကြည်လင်ဝင်းပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေကိုကင်းစေပြီး ချွေးပေါက်ကိုကျဉ်းစေပါတယ်။ အရေပြားမှာဖြစ်ပေါ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ free radical တွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။
၇။ ဆံသားကိုနက်မှောင်သန်စွမ်းစေခြင်း
ဇီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်။ ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။
၈။ ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ဇီးဖြူသီးက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကိုလျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။
၉။ အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း
ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ဆဲလ်တွေဖြစ်တဲ့ osteoclasts ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်တာကိုတွေ့ရှိရပါတယ်။ ဇီးဖြူသီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။
၁၀။ ကျောက်ကပ်ကျောက်တည်တာကို သက်သာစေခြင်း
ဇီးဖြူသီးအမှုန့်ကို မုန်လာဥအဖြူနဲ့ တွဲဖက်စားပေးတာက ကျောက်ကပ်မှာကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။
၁၁။ အနာပဆုပ်ဆေး
အနာပဆုပ်ပေါ်သော် ဇီးဖြူသီးကို မီးဖုတ်၍အုံပေးရတယ်လို့လေ့လာမိပါတယ်။ (အနာပဆုပ် ဇီးဖြူဖုတ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဇော်ထွန်း
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်။
ဦညီညီ
လွန်ခဲ့သော ၅ နှစ် ကသိရလို့ကျေးဇူးပါ
kyaw Myint
လွန်ခဲ့သော ၅ နှစ် ကgood
ကိုမင်းခန့်
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပါအခုလိုသိခွင့်ရလို့
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from မထက်ယမင်းဦး
အားလုံး
ပရန္နဝါရွက်ရဲ့ဆေးဖက်ဝင်ပုံ
23/12/2021
ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
06/10/2021
ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
22/09/2021
ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
09/09/2021
ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု
17/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....