ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ကြက်ဟင်းခါးသီးကိုဟင်းအနေနဲ့ချက်စားကြပေမဲ့ဖျော်ရည်အနေနဲ့သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးပါတယ်။ ဖျော်ရည်မှာခါးတဲ့အရသာရှိနေမှာကတော့မလွဲမသွေပါ။ အရသာခါးပေမယ့်သွေးတိုးကျခြင်း၊ အရေပြားလှပခြင်းစတဲ့ ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိတာကြောင့် နောက်ပိုင်းမှာဖျော်ရည်အဖြစ်သုံးစွဲလာကြပါတယ်။ ဆက်လက်ပြီးကြက်ဟင်းခါးသီးရဲ့အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းရေးသားဖော်ပြလိုပါတယ်။
ကြက်ဟင်းခါးသီးကိုသိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရကြမ်းတမ်းပြီး တရုတ်မျိုးနဲ့အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။
ပါဝင်သောအာဟာရဓာတ်များ
ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ဥပမာအားဖြင့်ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်(၁၁၈မီလီမီတာ)မှာ အာဟာရဓာတ်အားဖြင့်...
-ကယ်လ်လိုရီ ၁၆ ယူနစ်
-ကာဗိုဟိုက်ဒရိတ် ၃.၄ ဂရမ်
-အမျှင်ဓာတ် ၂.၆ ဂရမ်
-ပရိုတင်း ၀.၉ ဂရမ်
-အဆီဓာတ် ၀.၂ ဂရမ်
-ဗီတာမင်စီ တစ်နေ့တာလိုအပ်ချက်၏ ၉၅ %
-ဖောလိတ် တစ်နေ့တာလိုအပ်ချက်၏ ၁၇%
-ဇင့်ဓာတ် တစ်နေ့တာလိုအပ်ချက်၏ ၉၅ %
-ပိုတက်ဆီယမ် တစ်နေ့တာလိုအပ်ချက်၏ ၉၅ %
-သံဓာတ် တစ်နေ့တာလိုအပ်ချက်၏ ၉၅ %
-ဗီတာမင်အေ တစ်နေ့တာလိုအပ်ချက်၏ ၄ % စတာတွေပါဝင်ပါတယ်။
ကိုယ်ခံစွမ်းအား မြင့်တက်စေခြင်း
ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ဗီတာမင်စီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ခံစွမ်းအားမြင့်တက်စေခြင်း၊ ဦးနှောက်ကိုအကျိုးပြုခြင်း၊ တစ်ရှူးများအနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေပေးပါတယ်။
အမြင်အာရုံကောင်းစေခြင်း
ဗီတာမင်အေလည်းကြွယ်ဝတာကြောင့် အမြင်အာရုံကောင်းစေခြင်း၊ အရေပြားကျန်းမာရေးကောင်းခြင်း စတဲ့အာနိသင်တွေရှိပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဖျော်ရည်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓတ်ရဲ့၈%ပါဝင်တာကြောင့် အစာခြေစနစ်ကိုအကျိုးပြုပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းပေးပါတယ်။
သွေးတွင်းသကြားဓာတ်ကိုထိန်းပေးခြင်း
သွေးတွင်းသကြားဓာတ်ကိုထိန်းနိုင်တာနဲ့ပတ်သတ်ပြီး သုတေသနတွေပြုလုပ်ထားပါတယ်။ ကြက်ဟင်းခါးသီးမှာ polypeptide-p ၊charantin နဲ့ vicine စတဲ့ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ polypeptide-p ဟာသွေးတွင်းသကြားဓာတ်ကိုထိန်းရာမှာ အင်ဆူလင်လိုပဲလုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင်ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ပန်ကရိယရဲ့ဆဲလ်တွေကိုကာကွယ်ပေးခြင်း၊ အသစ်ပြန်ဖြစ်စေခြင်းစတဲ့နည်းတွေနဲ့အကျိုးပြုပါတယ်။
အရေပြားကျန်းမာရေးကောင်းစေခြင်း
ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အသားအရေကိုကြည်လင်တောက်ပစေတဲ့ဂုဏ်သတ္တိရှိတယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်စီနဲ့ဗီတာမင်အေဟာ အရေပြားကိုလှပစေခြင်း၊အနာကျက်မြန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေပေးပါတယ်။ တိုင်းရင်းဆေးပညာအချို့မှာ နှင်းခူအပါအဝင် အရေပြားမှာဖြစ်တက်တဲ့ယားနာများ၊ အနာများအတွက် ကုသရာမှာသုံးစွဲကြတယ်လို့ဆိုပါတယ်။
ငှက်ဖျားပိုးကာကွယ်ပေးခြင်း
ယနေ့ခေတ်လိုဆေးဝါးအများအပြားမပေါ်ပေါက်ခင်က ငှက်ဖျားရောဂါကို ရပ်ရွာထဲတွင်အလွယ်တကူရရှိနိုင်တဲ့ကြက်ဟင်းခါးရွက်ကိုထောင်းပြီး(သို့) ကျိုပြီးသောက်သုံးခြင်းဖြင့် ကုသခဲ့ကြပါတယ်။
အခြားအကျိုးကျေးဇူးများ
ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များပြီးကယ်လိုရီနည်းလို့ဖြစ်ပါတယ်။ ဒါ့ကြောင့်အချိန်အတော်ကြာကြာဗိုက်ပြည့်နေတဲ့ခံစားချက်ကို ပေးပါတယ်။ ကြက်ဟင်းခါးသီးဟာ အကျိုးပြုကိုလက်စထရောဖြစ်တဲ့HDL ကိုလက်စထရောကိုတက်စေပြီး မကောင်းတဲ့LDLကိုလက်စထရောနဲ့triglycerideကို လျော့ကျစေတယ်လို့လည်းသိရပါတယ်။ တိရစ္ဆာန်များနဲ့စမ်းသပ်တဲ့သုတေသနအရ ကင်ဆာရောဂါအချို့ကိုကာကွယ်နိုင်တဲ့အစွမ်းရှိတယ်လို့လည်းသိရပါတယ်။
ဒါ့ကြောင့်ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အရသာခါးပေမယ့် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အချက်တွေရှိနေတာကြောင့် မြည်းစမ်းသောက်သုံးသင့်ပါတယ်။ ကြက်ဟင်းခါးပင်ဟာအသီးတင်မဟုတ်ပဲအရွက်ကပါအသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့် အိမ်တိုင်းစိုက်ထားသင့်သလို အလေ့ကျပေါက်ပင်လေးများကိုလည်းဂရုစိုက်ပေးသင့်ပါတယ်။
ကိုးကားချက်
https://www.healthline.com/nutrition/karela-juice
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မထက်ယမင်းဦး
See all