ကိုယ်ခံအားကောင်းဖို့ အထူးသင့်တော်တဲ့ ကြက်စွပ်ပြုတ်
ကိုယ်ခံအားကောင်းဖို့ ကိုယ်ခံအားကောင်းဖို့ဆိုပြီး ပြောနေရင်းနဲ့ပဲ အရသာလည်းရှိ အာဟာရလည်းဖြစ်စေတဲ့ ကြက်စွပ်ပြုတ်လုပ်နည်းကို အစိမ်းရောင်လမ်းက မျှဝေချင်ပါတယ်။
ဒီချိန်မှာက နေထိုင်လို့မကောင်းရင်ဘဲဖြစ်ဖြစ် နေလို့ကောင်းနေတာပဲဖြစ်ဖြစ် ကိုယ်ခံအားမြှင့်တင်ဖို့အတွက် အာဟာရဖြည့်စွက်ပေးတဲ့အနေနဲ့ တစ်ပတ်တစ်ခါတော့ ကြက်စွပ်ပြုတ်လေး သောက်ပေးသင့်ပါတယ်။ နေထိုင်မကောင်းလို့ ထမင်းစားလို့မရသေးရင် စွပ်ပြုတ်လေးကို အစားထိုးစားပါ။
လွယ်ကူပြီး အရသာရှိစွာချက်စားနိုင်မယ့် ကြက်စွပ်ပြုတ်ထဲမှာ...
ကြက်သား (အိမ်မိသားစုလိုအပ်သလောက်)
ဆား
ချင်း
ငရုတ်ကောင်း
ကြက်သွန်ဖြူ တစ်ဥ
ကြက်သွန်နီ ၂ လုံး
ကြက်သွန်မြိတ်
မုန်လာဥဖြူ
- ဝယ်လာတဲ့ကြက်သားကို ရေနဲ့ပြောင်အောင်ဆေးပြီး ဆားအနည်းငယ်နဲ့ပွတ်ပါ။ တစ်ကောင်လုံးသုံးချင်ရင်တော့ ကလီစာတွေထုတ်ထားဖို့လိုပါမယ်။
- ဆားနဲ့နယ်ထားပြီးသား ကြက်သားကို ရေအေးနဲ့နောက်တစ်ကြိမ်ဆေးပါ။ နောက် ရေခြောက်အောင်စစ်ပါ။
- ဆေးထားပြီးသော ကြက်သား၊ တစ်ပြားရိုက်ထားပြီးတဲ့ ကြက်သွန်ဖြူ၊ လှီးထားပြီးတဲ့ကြက်သွန်နီ၊ ပါးပါးလှီးထားသော ချင်းနဲ့ ငရုတ်ကောင်းအနည်းငယ်တို့ကို အိုးထဲကိုထည့်ပါ။
- လိုချင်သော အရသာတွက် ဆား၊ ငံပြာရည်အကြည် ထည့် (အများကြီးထည့်စရာမလိုပါဘူး ကြက်သားမှာ မူလအရသာရှိနေပြီးသားမို့ပါ)၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့တည်ထားပါ။
- ရေဆူပြီး အပေါ်မှာ အမြှုပ်လေးတွေတက်လာရင် ခပ်ထုတ်ပေးလိုက်ပါ။ ကြက်သားပမာဏပေါ်မူတည်ပြီး မိနစ် ၃၀ ကနေ ၅၀ ထိပြုတ်ရပါတယ်။
- တစ်ချို့ကျတော့ မီးအေးအေးလေးနဲ့ ၂ နာရီလောက်ထိပြုတ်ပါတယ်။ မီးပူပူနဲ့ အချိန်တိုတိုပြုတ်တာထက် မီးအေးအေးနဲ့ အချိန်ကြာကြာပြုတ်ပေးထားတဲ့အသားက ပိုစားလို့ကောင်းပါတယ်။
- လိုချင်တဲ့အသားအနေအထားရပြီဆိုရင် ပါးပါးလှီးထားတဲ့ မုန်လာဥဖြူကိုထည့်ပေးပါ။ ငါးမိနစ်လောက်ပြုတ်ပြီး မုန်လာဥဖြူအနေအထားသင့်ပြီဆိုရင် အရသာအပေါ့အငန်ပြင်ပြီး ကြက်သွန်မြိတ်လေးကို ဖြူးထည့်လိုက်ပါနော်။
- ဒါဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြက်စွပ်ပြုတ်လေးကို ကြက်သွန်နီသုပ်လေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသောက်လို့ရပါပြီ။
ကြက်စွပ်ပြုတ်ကဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဖျားနာတဲ့အခါ ကျွန်တော်တို့ရဲ့ အစာချေစနစ်ကို ကျန်းမာအောင်ထားဖို့လိုအပ်ပါတယ်။ စားလိုက်သမျှအစားအစာထဲက ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအစာချေစနစ်ရဲ့အဓိကတည်ဆောက်မှုတစ်ခုဖြစ်တဲ့ Glucosamine (ဂလူကိုစမင်း) ဓာတ်ကို ကြက်အရိုးတွေကနေ ထုတ်ပေးပါတယ်။ ဒါကြောင့် ကြက်စွပ်ပြုတ်က အူလမ်းကြောင်းကိုသန့်စင်စေပြီး အစာကြေလွယ်စေတာပါ။ ကြက်သားမှာကြွယ်ဝစွာပါဝင်တဲ့ Carnosine (ကာနိုစင်း) ဒြပ်ပေါင်းတစ်မျိုးက လည်ချောင်းနဲ့ နှာခေါင်းကို ရှင်းစေတယ်လို့ လေ့လာချက်တွေအရတွေ့ရပါတယ်။ ထိုဒြပ်ပေါင်းက သွေးဖြူဆဲလ်တွေရွေ့ပြောင်းခြင်းကို ရပ်တန့်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။
စွပ်ပြုတ်ပူပူလေးသောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အပူချိန်ကို မြှင့်တင်ပေးပြီး နွေးနွေးလေးဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းက ရေဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ ကြက်စွပ်ပြုတ်ကိုသောက်ဖို့ မမေ့ပါနဲ့။
ကြက်စွပ်ပြုတ် ပြုတ်သောက်တဲ့နေရာမှာ ကိုယ်လိုချင်သလို အာဟာရတွေကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တွေ ထည့်သောက်ပါ။ ဇီးသီး၊ ဟင်းချက်ဝိုင်၊ ရှီတာကီမှို စတာတွေကိုလည်း ထည့်ကြတာတွေ့ရပါတယ်။ ကိုယ်နဲ့တည့်ပြီး ပစ္စည်းလည်းအလွယ်တကူရှိတဲ့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ပြီး စားသောက်နိုင်ကြောင်းလည်း စကားလက်ဆောင်ပါးလိုက်ပါရစေ။
အားလုံး ဘေးကင်းကျန်းမာကြပါစေ။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်များကို အောက်ပါလင့်မှ ကိုးကားဖော်ပြပါသည်။
Ref:https://www.bbcgoodfood.com/howto/guide/will-chicken-soup-really-cure-your-cold
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကျော့နန္ဒာစိုး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....