အစိမ်းရောင်ရွှေ (သို့) ဝါးကို ဘယ်လိုမျိုးပွားမလဲ
ဝါးစေ့သည် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာရရှိနိုင်သည့်အတွက် အချိန်တိုင်း (သို့) နှစ်စဉ်ဝါးစေ့မှ မျိုးပွားရယူနိုင်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ဝါးများကိုမျိုးပွားနည်းကိုအဓိကအသုံးချ မျိုးပွားနိုင်သည်။
ဝါး.........အစေ့ဖြင့်မျိုးပွားခြင်း
ဝါးစေ့မှာ သက်တမ်းတိုခြင်း (Short Seed Viability) တို့ကြောင့် အလျင်အမြန်ပျိုးထောင်ရေးကို ကြိုးစားရမည်ဖြစ်ပါသည်။
ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း
ဤနည်းသည် အပင်များစွာ ရရှိရေးသေချာပြီး ကုန်ကျစာရိတ်လည်း နည်းပါးသောနည်းဖြစ်၍ ဝါးမျိုးပွားရာတွင် ထည့်သွင်းစဉ်းစားသင့်သော နည်းဖြစ်သည်။
ဝါးအဆစ်များမှ စိုက်ပျိုးနည်း
ဝါးအဆစ်များမှ မျိုးပွားရန်အတွက် မိခင်ပင်သည် အသက် (၁၂) လမှ(၁၈)လသားအရွယ် ဝါးများသည် အကောင်းဆုံးဖြစ်သည်။ ရွေးချယ်စုဆောင်းရရှိလာသည့် ဝါးများ၏ အလယ်ပိုင်းသည် မျိုးပွားရန် အကောင်းဆုံးဖြစ်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Related topics