Green Way
ဝါး.........အစေ့ဖြင့်မျိုးပွားခြင်း

ဝါး.........အစေ့ဖြင့်မျိုးပွားခြင်း

Green Way
Green Way Greenovator 10/07/2018

အစေ့မှမျိုးပွားခြင်းကို ပြန်လည်မျိုးပွားခြင်း (Reproduction Propagation) ဟုခေါ်ပြီး အမြစ်ဆုံ၊ ကိုင်းတက်နှင့် အဆစ် ပိုင်းများမှ မျိုးပွားခြင်းကို ခန္ဓာပိုင်းမျိုးပွားခြင်း (Vegetative Propagation) ဟု ခေါ်ပါသည်။ ဝါးမျိုးနှင့် ဒေသလိုက်၍ ဝါးသည် နှစ်(၂၀)မှ (၆၀)ခန့်ကြာမှတစ်ခါ ဝါးသုဉ်း (ဝါးပွင့်) ပြီး အသီးတစ်ကြိမ် သီးလေ့ရှိပါသည်။ သို့ဖြစ်ပါ၍ ဝါးမျိုးစေ့ နှစ်စဉ်မရနိုင်သောကြောင့် အစေ့မှပျိုးထောင်ပြီး မျိုးပွားခြင်းမှာ ဝါးစေ့ကို ဝါးသုဉ်းမှသာ ရရှိနိုင်သဖြင့် ဤနည်းကို အစဉ် သဖြင့် အားကိုးမရနိုင်ချေ။ ဝါးများသုဉ်းသည့်အခါ ဝါးတော တစ်ပြင်လုံး သုဉ်းခြင်း (Gregarious Glowering) နှင့် ကွက် ကျားသုဉ်းခြင်း (Sporadic Flowering)  ဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။ ဝါးသုဉ်းပြီးသောအခါ ဝါးပင်သေသွားပါမည်။

ဝါးအသီး သီးသည့်အခါတွင် များစွာသီးလေ့ရှိသည်။ အစေ့များကို ကြာကြာထား၍မရသောကြောင့် အမြန်ပျိုးရန် လိုအပ် ပါသည်။ အစေ့များကို ပျိုးဥယျာဉ်တွင် ကြဲ၍ပျိုးခြင်း၊ လိုင်းအလိုက်ပျိုးခြင်း (သို့) တစ်စေ့ချင်း ပျိုးခြင်းများဖြင့် ပျိုးထောင် နိုင်ပါသည်။

ပျိုးနည်းမှာ သဲ၊ ဖွဲပြာနှင့် မြေဆွေးတို့ (၅ : ၃ : ၂) ထည့်ထားသော ပျိုးဘောင်ကို ရေနှပ်ပြီး ဝါးမျိုးစေ့များ စီတန်းချထား နိုင်ရန် လက်မဝက်ခန့်အနက်ရှိ ထွန်ခြစ်ကြောင်းများပေး၍ ဝါးမျိုးစေ့များချပါ။ ခြနှင့် အခြားပိုးမွှား တိရစ္ဆာန်များ မနှောက် ယှက်စေရန် ပိုးသတ်ဆေးအနည်းငယ်သုံးပါ။ ထို့နောက်မြေကြီးဖုံးပြီး ရေကိုတစ်နေ့လျှင် ၂ - ၃ ကြိမ် ဒေသအခြေအနေ လိုက်၍ လိုအပ်သလိုသုံးပါ။ ရေပန်းခရားမှထွက်ရှိသော ရေလုံးမကြီးစေရန် သတိပြုပါ။ ပျိုးစင်အရိပ်ကို ၈၀ % အထိ ပေး ထားပါ။ အသုံးများသည့် ဝါးမျိုး (၅) မျိုးကို ဝါးမျိုးပွားနည်း (၅) မျိုးဖြင့် စမ်းသပ်မျိုးပွားခြင်း လုပ်ဆောင်ခဲ့ရာ ဝါးစေ့မှ ဝါးမျိုးပွားခြင်းနည်းသည် ကုန်ကျစရိတ် အနည်းဆုံးဖြစ်ကြောင်း တွေ့ရပါ သည်။ 

ဝါးစေ့မှ ဝါးမျိုးပွားရန်အတွက် အစေ့များစွာရရှိလျှင် ပိုကောင်းသော်လည်း အနည်းငယ် (တစ်တင်းခန့်) ရရှိလျှင်ပင် ဝါး ပျိုးပင်များစွာ ရရှိရေးအတွက် လုံလောက်ပါသည်။ သတိမူရမည့် အချက်မှာ ဝါးသုဉ်းကြောင်း သတင်းရလျှင်ရခြင်း ကျေး ငှက်၊ ကြွက်တို့ စားသောက်ခြင်းမပြုမီ ဝါးမျိုးစေ့ရရှိရေးနှင့် ရရှိပြီးဝါးစေ့မှာ သက်တမ်းတိုခြင်း (Short Seed Viability) တို့ကြောင့် အလျင်အမြန်ပျိုးထောင်ရေးကို ကြိုးစားရမည်ဖြစ်ပါသည်။ 

ထို့နောက် ၃ လသား အရွယ်၌ တင်းဝါးပင်မှာ ၆ - ၈ လက်မ အထိနှင့် သိုက်ဝါးမှာ ၁၀ - ၁၂လက်မ အထိ ကြီးထွား လာကြောင်း တွေ့ရပါသည်။ ၈ - ၁၀ လက်မအရွယ် ပျိုးအိတ်အတွင်းသို့ (၁၅) စေ့ခန့် စီ၍ ပျိုးထောင်ထားရာ ထွက်ရှိ သော ဝါးပင်အရေအတွက်မှာ ပျမ်းမျှ (၇) ပင်နှုန်းရှိ၍ မျိုးစေ့မှ အစေ့ပေါက်ရာခိုင်နှုန်း (Germination percent)  ၅၀% နီးပါးရှိသည်ကို တွေ့ရပါသည်။ 

အဆိုပါ ဝါးပင်များကို ပျိုးအိတ်တစ်အိတ်လျှင် (၂) ပင်နှုန်းဖြင့် ထပ်မံခွဲ၍ စိုက်ပျိုးရာ နောက်ထပ်(၃)လ ကြာမြင့်သော အခါ မူလက (၂) ပင်စီ တိုးပွားလာပြန်သဖြင့် စုစုပေါင်း (၄) ပင်အထိ ရှိလာပြန်ပါသည်။

သိုက်ဝါးမှာ စတင်စိုက်ပျိုးထားပြီး (၁) နှစ်နီးပါး အချိန်အတွင်း ပျမ်းမျှ (၁) လ (၁) ပင်နှုန်းပွားကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယဝါးသုတေသနအဆိုအရ (၈)လကြာလျှင် မျှင်ဝါးမှာ (၈) ဆ အထိတိုး၍ မျိုးပွားနိုင်ကြောင်း သိရပါသည်။ (Bamboo in  India,  ICFRE, Dehra Dun)

မြန်မာနိုင်ငံတွင် ဝါးသုဉ်းမည့်အရိပ်အခြေနှင့် ပတ်သက်သော သုတေသနပြုလုပ်ဖူးခြင်း မရှိသေးသော်လည်း နီပေါနိုင်ငံတွင် အောက်ပါအချက်များရှိပါက ဝါးသုဉ်းတော့မည်ဟု ဖော်ပြထားပါသည်။ (Manual on  bamboo of Nepal, September, 2004) Ministry of Forest and Soil Conservation, Nepal.

၁။ မျှစ်အထွက် နည်းပါးလာခြင်း။

၂။ မိုးခေါင်၍ ခြောက်သွေ့ကာလ ရှည်လျားသောနှစ် ဖြစ်ခြင်း။

၃။ ဝါးရုံသည် ကြပ်ညပ်နေခြင်း။

၄။ ဝါးခုတ်ယူမှု လွန်ကဲခြင်းနှင့်

၅။ ရောဂါပိုးမွှား ကျရောက်နေခြင်းတို့ ဖြစ်ကြောင်းဖော်ြပထားပါသည်။

ပဲခူးရိုးမ ရွှေတောင်ငွေတောင်ရွာများရှိ တောင်ပေါ်ကရင်တိုင်းရင်းသားများထံသို့ ရွှေ့ပြောင်းတောင်ယာ လေ့လာရန် ၂၀၀၉ ခုနှစ်က သွားရောက်စဉ် လေ့လာတွေ့ရှိရသည်မှာ မျှစ်ထပ်မံမထွက်ပါက နောက်နှစ်ကျလျှင် အဆိုပါဝါးများ သုဉ်း တော့မည်ဟု ပြောပြပါသည်။ ဝါးများအပွင့်ပွင့်ပြီး (၁) နှစ်အကြာတွင် တော၌ ဝါးပင်ပေါက်များ များစွာပေါက်ရောက် နေ သည်ကို တွေ့ရပါမည်။ ဤဝါးပင်ပေါက်များကိုခွဲပြီး ပျိုးဥယျာဉ်တွင် ပျိုးထောင်နိုင်ပါသည်။ ဤပျိုးပင်များ ကြီးထွားလာ သည့်အခါ ထပ်ခါထပ်ခါခွဲ၍ ပျိုးထောင်နိုင်ပါသည်။ ဤနည်းဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ဝါးပျိုးပင်များစွာ ရရှိနိုင်ပါသည်။

ဝါးစတင်ပေါက်ရောက်ပုံ၊ ဝါးမျိုးပွားပုံနှင့် ဝါးအသုံးပြုပုံ စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။

 

Continue reading related topics, questions and articles.

You

Related articles

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....