ဖြေကြားချက် ၁ ခု
နောင်ချိုဒေသဟာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်ပြီး မိုးရွာသွန်းမှု အစောပိုင်းမှာ ရှိတတ်တာကြောင့် မိုးစပါး အနေနဲ့ စိုက်ပျိုးမယ်ဆိုရင် မေလလယ်မှ ဇွန်လလယ် အထိဟာ ပျိုးထောင်/မျိုးစေ့ချဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။အကြောင်းရင်းက ရက် (၁၂၀) သက်တမ်းရှိ စပါးမျိုးတွေဟာ အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းပိုင်းမှာ ရိတ်သိမ်းနိုင်မှာဖြစ်လို့ အအေးဓာတ် မဝင်ခင်နဲ့ ရိတ်သိမ်းချိန် မိုးလွတ်စေဖို့ ဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရွှေဝါထွန်းစပါး အနှံပြနေပါပြီ မြေဩဇာနောက်ဆုံးအကြိမ်အနေနဲ့ ဘာမြေဩဇာအမျိုးအစားနဲ့ ဘယ်လောက်နှုန်းကျွေးသင့်ပါလဲ
ဖြေကြားချက် 1 ခု
အနှံအထွက်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
N P K အကြောင်းလေးရှင်းပြပေးပါ ဘယ်အချိန်မှာဘယ်လိုသုံးသင့်လဲဆိုတာ
ဖြေကြားချက် 2 ခု
မိုးခေါင်ဒေသမှာ စပါးကို ဘယ်လိုစိုက်ပျိုးသင့်လဲဗျ
ဖြေကြားချက် 2 ခု
ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်း...
ဖြေကြားချက် 7 ခု