အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
78
လွန်ခဲ့သော ၄ လ က · ဆိပ်ဖြူ

အနှံအထွက်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၂ ခု

259,693 လွန်ခဲ့သော ၄ လ က

စပါးအထွက်နှုန်းကို အဆုံးအဖြတ်ပေးသည့် အဓိကမိတ်ဖက် (၄) ခုရှိပါတယ်။ ၁။ ပထမနည်းလမ်း (နှံအရေအတွက်) စပါးစိုက်ခင်းထဲတွင် နှံအရေအတွက် များအောင် လုပ်ဆောင်ရပါမည်။ ၂။ ဒုတိယနည်းလမ်း (တစ်နှံပါ အစေ့အရေအတွက်) စပါးတစ်နှံချင်းစီတွင် ပါဝင်သော အစေ့အရေအတွက် များအောင် လုပ်ဆောင်ရပါမည်။ တစ်နှံလျှင် အစေ့အရေအတွက် များလေလေ၊ အထွက်နှုန်း ကောင်းလေလေဖြစ်သည်။ ၃။ တတိယနည်းလမ်း (အောင်စေ့ရာခိုင်နှုန်း) စပါးနှံတွင်ပါဝင်သော အစေ့များ အောင်စေ့ များအောင် လုပ်ဆောင်ရပါမည်။ ပုံပါဥပမာအရ စပါးအစေ့ ၁၀၀ ရှိလျှင် ၈၀ ကျော်သည် အောင်စေ့ဖြစ်အောင် ကြိုးစားရပါမည်။ ၄။ စတုတ္ထနည်းလမ်း (အစေ့အလေးချိန်) စပါးစေ့များအလေးချိန်စီးအောင် လုပ်ဆောင်ရပါမည်။ ဆိုလိုသည်မှာ စပါးနှံများအတွင်း အဆန်ပြည့်ဖြိုးပြီး အောင်စေ့များ အလေးချိန်စီးနေရန် လိုအပ်သည်။ အနှစ်ချုပ်အနေဖြင့် -ဤအချက် (၄) ချက်စလုံး တိုးတက်အောင် လုပ်ဆောင်နိုင်ပါက စပါးအထွက်နှုန်း ကျိန်းသေပေါက် တိုးတက်လာမည် ဖြစ်ပါသည်။ အထက်ပါ၄ချက်ကို ရရှိရန်လုပ်ဆောင်ရမည့် အကြောင်းအရာများကို ခေါင်းစဉ်တစ်ခုချင်းဆီအလိုက် Agricultural Field Staff Training and Life Coaching Institute FB page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၄ လ က

ရေသွင်းရေထုတ်မှန်ကန်ဖို့၊မြေဩဇာလိုအပ်ချိန် အာဟာရမျှတစွာကျွေးနိုင်ဖို့လိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။