အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၈ နှစ် က · ညောင်ဦး

နဂါးမောက်သီးယို ပြုလုပ်နည်း သိချင်ပါတယ်ခင်ဗျာ။

တန်ဘိုးမြှင့်ထုတ်ကုန် နဂါးမောက်
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ရိုးရိုးနဂါးမောက်သီး သီးသန့် ယိုလုပ်နည်း ပါဝင်ပစ္စည်းများ နဂါးမောက်သီး (၁) လုံး လီမွန်သီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်ဥ (၂) လုံး ထောပတ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း သကြား ရေနွေးပန်းကန်လုံးတစ်လုံး ပြုလုပ်ပုံအဆင့်ဆင့် ၁။ နဂါးမောက်သီးတွေ အခွံခွာ၊ပါဝင်ပစ္စည်းတွေ စုဆောင်းတာက အချက် နံပါတ် (၁) ပေါ့ ၂။ အကုန်လုံးစုဆောင်းပြီးတော့ ခွက်တစ်လုံးတည်းမှာ ကြက်ဥလည်း ဖောက်ထည့် ပါဝင်ပစ္စည်းတွေကို အားလုံး တူတူရောတဲ့ အဆင့်ပါ။ ၃။ သူတို့ကတော့ double boiler လို့ခေါ်ပါတယ်။ အမှန်တော့ အောက်ခံအိုးထဲကို ရေထည့်ပြီး အပေါ်ကနေ ဖန်ပန်းကန်လို ဖန်ခွက်လို တင်ပြီး ပြန်ချက်တဲ့ပုံစံပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း စွပ်လိုက်ရင်ရပါတယ်၊ သတိထားရမှာက အောက်ခံအိုးထဲမှာ ရေနည်းနည်းထည့်ထားရမှာပါနော်။ အဲ့အိုးထဲကို အကုန်ထည့်ပြီးတော့ မီးအေးအေးနဲ့ ပျစ်လာတဲ့အထိ ကြိုပေးရမှာပါ။ နာရီဝက်လောက်ကြာမှာပါ၊ ၄။ ချိုတာကြိုက်ရင် ကြိုနေတဲ့ချိန်မှာမြည်းပြီး သကြားထပ်ထည့်နိုင်ပါတယ်။ ပျစ်နှစ်လာပြီဆိုရင်တော့ အိုးချပြီး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။ နဂါးမောက်ယိုပြုလုပ်နည်းကို စိုက်ပျိုးနည်းပညာ-တန်ဖိုးမြှင့်ထုတ်ကုန်အခန်းကဏ္ဍတွင် ဖော်ပြထားပါတယ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီLinkပြီးဝင်ရောက်လေ့လာကြည့်ပါ။ ပုံလေးတွေနဲ့ဖော်ပြပေးထားတဲ့အတွက် ပြုလုပ်ရာတွင်လည်းလွယ်ကူစေမှပါ။ https://greenwaymyanmar.com/posts/Dragon-Fruit-Value-Added

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။