အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,279
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

ကျ ွန်တော်တို့ တောင်သူလယ်သမားတွေ စွန့်ပြစ်ပစ္စည်းတွေကို မြေဆွေလုပ်ဖို့အတွက် EM အပြင်းစားနဲ့ ထရိုင်ကို ဓါးမား...

ကျ ွန်တော်တို့ တောင်သူလယ်သမားတွေ စွန့်ပြစ်ပစ္စည်းတွေကို မြေဆွေလုပ်ဖို့အတွက် EM အပြင်းစားနဲ့ ထရိုင်ကို ဓါးမား ပြ ုလုပ်ပုံ အသေးစိတ် သိခြင်ပါတယ် အကြိုးသက်ရောက်မူ ရှိသည့်အတွက် EM ပြ ုလုပ်ပုံ အသေးစိတ် သိခြင်ပါတယ် လိုအပ်မည့် ပစ္စည်းများ အချိုးအစားတွေ

အပင်အာဟာရ နဂါးမောက်
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,043 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါခင်ဗျာ့ (EM2) အီးအမ်အပြင်း အော်ရဂျင်နယ် EM1(Orginal EM1) တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရနိုင်ရာ တစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ ခြောက်သွေ့သော နေရောင်တိုက်ရိုက်မထိသော နေရာတွင် ရက် ၃၀ ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em2) အီးအမ်အပြင်းကို ပိုးဆေး၊ မှိုဆေး၊ ငါးအမိုင်နို အက်ဆစ် ဖော်စပ်ရာတွင် ရောစပ်အသုံးပြုနိုင်သည်။ EMအပြင်းအကြောင်းနှင့်အသုံးပြုပုံအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့ာနိုင်ပါတယ်။ https://greenwaymyanmar.org/article/124227 ထရိုင်ခိုဒါးမားမှိုကို အသုံးပြုပုံ ထရိုင်ကိုဒါးမားမှိုကို အသုံးပြုပုံနှင့် နှုန်းထားများသည် ဖော်စပ် ထုတ်လုပ်ထားသည့် နည်းစနစ်ပေါ်တွင် မူတည်ပါသည်။ ၎င်းကို- -မှိုပေါက်ပွားသည့် အာဟာရပြင် (အခဲ/အရည်) ပေါ်တွင်မွေးမြူထားပြီး မှိုစပိုးကို ထုတ်ယူ သုံးစွဲခြင်း -ပွားစာများ (နှံစားပြောင်း၊ ပြောင်းဖူး၊ ဂျုံစေ့၊ ဂျုံဖွဲ+သကာရည်၊ ဆန်ကွဲထမင်း) ကို အသုံးပြု၍မွေးမြူခြင်း -မှိုစပိုးများကို သင့်တော်သည့် အမှုန့်တစ်မျိုးဖြင့်ရောစပ်၍ ဘူးများတွင် ထည့်၍ရောင်းချခြင်း -သစ်ဆွေးမြေ (Peat soil) တွင်မွေးမြူ၍ ခဲအိပ်များတွင် ထည့်၍ရောင်းချခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုး ထုတ်လုပ်ရောင်းချ သုံးစွဲကြပါသည်။ ထရိုင်ခိုဒါးမားအကြောင်းအပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.org/article/9756 ကျေးဇူးတင်ပါတယ်ခင်ဗျာ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။