အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,876
လွန်ခဲ့သော ၆ နှစ် က · မလှိုင်

ပုံပါအတိုင်းမြေပဲကတလကျော်ကျော်ပဲရှိပါသေးတယ် မိုးကတလခေါင်တာပါ ခုမှမိုးရွာတာပါ အပွင့်အားဆေးဖျန်းရမှာလား အပင်အား...

ပုံပါအတိုင်းမြေပဲကတလကျော်ကျော်ပဲရှိပါသေးတယ် မိုးကတလခေါင်တာပါ ခုမှမိုးရွာတာပါ အပွင့်အားဆေးဖျန်းရမှာလား အပင်အားဆေးပဲဖျန်းရမလဲ လိုအပ်တာတွေအကုန်ဖြေကြားပေးပါဦး ပိုးသက်ဆေးရောဖျန်းရမလားနဲနဲကြတယ်ထင်လိုပါ

Post image
Post image
5

ဖြေကြားချက် ၅ ခု

9,876 လွန်ခဲ့သော ၆ နှစ် က

ဆရာကြီးခဗျ မြေပဲပင်ကမိုးပြက်ထားတာဆိုတော့ အပင်အားနဲနေတယ်ထင်ပါတယ် အပင်အားဆေးသုံးရမလား အရွက်အားဆေးသုံးရမလားခဗျ

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

ပိုးတွေကမြေပဲအရွက်နဲ့သီးတောင့်ရဲ့အနံ့ကိုသိတ်မကြိုက်တာကြောင့်ဆိုးဆိုးဝါးဝါးကျရောက်လေ့မရှိပါဘူ။ရွက်လိမ့်ရွက်ကပ်ပိုးဘဲ တစ်လသားကျော်ရင်ကျတတ်ပါတယ်.တမာဆေးကြိုဖျန်းပေးပါ။(ပိုးကျရောက်မှုများရင် ထိသေစားသေဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်)

9,876 လွန်ခဲ့သော ၆ နှစ် က

ပိုးအခြေအနေကရော

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

အပွင့်စလိုက်နေပြီဆိုရင် ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို အရွက်အပေါ်အောက် ရွှဲရွှဲဖျန်းပေးပါ.၅ရက်တစ်ကြိမ်ဖျန်းပေးပါ.သီးတောင့်ဖြစ်တည်ချိန်ထိဖျန်းပေးပါ.ဆေးဖျန်းပုံးတစ်ပုံးကိုပုလဲ.၁၆ဇွန်း+လက်ချား.၄ဇွန်းနှုန်းထည့်ဖျန်းပေးပါ။ဂျစ်ပဆမ်ကျောက်မှုန့်ကိုမြေဆွေးမှုန့် သို့မဟုတ် နွားချေးမှုန့်နဲ့ရောပြီး အပင်ခြေကိုဖြူးချပေးပါ။

290 လွန်ခဲ့သော ၆ နှစ် က

ပထမအကြိမ် ဟက်ဇာဂွန်းဟင်းစားဇွန်း၃ဇွန်း ဆိုင်လာ၁ဇွန်းရောဖျန်းပါ ၃ရက်ခြားပြီး စူပါပါဝါ၃+၃ဇွန်း စပါယ်ရှယ်ကေ၅ဇွန်း ရယ်ဒီ၅ဇွန်းဖျန်းပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စွယ်ချနဲနေလားဗျ မိုးကတော့ဝေးနေသေးတယ် ဒီအတိုင်းဆို အထွက်တိုးပါ့မလား ဂျစ်ပစန်လည်းဖြူး ကော့မက်ပလပ်လည်းဖျန်း ထားပါ...

ဖြေကြားချက် 6 ခု

မြေပဲပင် အားဆေးအတွက် ယခု ပုံပါ ဆေးတွေ အသုံးပြုတဲ့ တောင်သူဦးကြီးများရှိကျလားဗျ

ဖြေကြားချက် 0 ခု

မြေပဲဆွယ်ချချိန်ရောက်နေပါပြီဆွယ်ချကောင်းအောင်ဘာဆေးသုံးရမှာလည်းခဗျ

ဖြေကြားချက် 3 ခု

ဆရာတို့ခဗျ ယူရီးယား ပုလဲကိုမြေပဲခင်းကို ကြဲပက်တာနဲ့ တန်းပေါ်ဖြူး တာနဲ့ဘယ်ဟာကမြေပဲပင်ကိုပိုကောင်းစေတာလဲ နှိုင်း...

ဖြေကြားချက် 10 ခု

ပိုးတွေကြနေတယ် ဘာဆေးဖြန်းပေးရမလဲ ဆရာတို့ အပင်က ရက် 70 ရှိပါပြီ 6လပဲပါ ပြီတော့ ဥအားကောင်အောင် ဘာဆေးကြွေးရမလဲ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။