အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,215
လွန်ခဲ့သော ၆ နှစ် က · စစ်ကိုင်း

စွယ်ချနဲနေလားဗျ မိုးကတော့ဝေးနေသေးတယ် ဒီအတိုင်းဆို အထွက်တိုးပါ့မလား ဂျစ်ပစန်လည်းဖြူး ကော့မက်ပလပ်လည်းဖျန်း ထားပါ...

စွယ်ချနဲနေလားဗျ မိုးကတော့ဝေးနေသေးတယ် ဒီအတိုင်းဆို အထွက်တိုးပါ့မလား ဂျစ်ပစန်လည်းဖြူး ကော့မက်ပလပ်လည်းဖျန်း ထားပါတယ် အကြံပေးကြပါအုံး

Post image
6

ဖြေကြားချက် ၆ ခု

2,215 လွန်ခဲ့သော ၆ နှစ် က
2,215 လွန်ခဲ့သော ၆ နှစ် က
2,215 လွန်ခဲ့သော ၆ နှစ် က

ပန်းပွင့်စက ဖြုးတာပါ မိုးမရွာတော့ အပင်ကနားသွားတာလားမသိ

2,215 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ဗျ ဖြန်းလိုက်ပါ့မယ် ကျေးဇူးပါ အရာရာအောင်မြင်ပါစေ

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

မြေပဲစွယ်ထိုးတာနဲ့ သီးတောင့်(ဥ)ရနိုင်တာက မြေပဲပင်ရဲ့အောက်ဆုံးကိုင်း၂ခု(မြေကြီးနဲ့ကပ်နေတဲ့ကိုင်း)ကအဓိကဘဲ။၇၀% သောသီးတောင့်တွေကအဲဒီကိုင်း၂ခုကရတာဗျ.ဒါကြောင့်နောက်ဆုံးထွန်ရေး(ကြားထွန်)ဝင်ချိန်မှာဘောင်လုံးပေးရပါမယ်။ဒါမှစွယ်ချဖို့အခွင့်အလန်းပိုမှာဖြစ်ပါတယ်။အပေါ်မှာကိုသိန်းစိုးမင်းပြောသလိုပန်းစပြပြီဆိုတာနဲ့ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို ၇ရက်ကိုတစ်ကြိမ်ဖျန်းပေးသင့်ပါတယ်.ဒါဆိုရင်ပန်းပွင့်နဲ့စွယ်ဖြစ်ထွန်းမှုအားကောင်းလာမှာပါ။သုတေသနပြုချက်အရပန်းပွင့် ၁၀၀ပွင့်ရင်သီးတောင့်၂၀ခန့်ဘဲရပါတယ်။ဒါကြောင့်ပန်းများများပွင့်အောင်ပုလဲ+လက်ချားဖျန်းပေးပါ။ဂျစ်ပဆမ်ဘယ်အချိန်က​ဖြူးခဲ့တာလဲ။အမှန်က စွယ်ချပြီးချိန်ဖြစ်တဲ့ ၆၅ရက်သား..၇၅ရက်သားရှိချိန်မှာဖြူးပေးရမှာဗျ(မြေအစိုဓာတ်တော့ရှိနေရမယ်နော်)။ဂျစ်ပဆမ်ကပန်းပွင့်ကောင်းစေတာမဟုတ်ပါဘူး။သီးတောင့်အစေ့အဆံပြည့်စေတာပါ။

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၆ နှစ် က

ပန်းပွင့်အောင်အောင် ပုလဲ လက်ချား ဖြန်းပေးပါလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေပဲပင် အားဆေးအတွက် ယခု ပုံပါ ဆေးတွေ အသုံးပြုတဲ့ တောင်သူဦးကြီးများရှိကျလားဗျ

ဖြေကြားချက် 0 ခု

မြေပဲဆွယ်ချချိန်ရောက်နေပါပြီဆွယ်ချကောင်းအောင်ဘာဆေးသုံးရမှာလည်းခဗျ

ဖြေကြားချက် 3 ခု

မြေပဲစိုက်ဖို့မြေပြင်ချင်တာဘာမြေသြဇာသုံးရမလဲ အချ်ုးတွေကဘာကိုရည်ညွန်တာလဲ ကွန်ပေါင်းမြေသြဇာကလဲ အလိုပဲပြောဝရမှာ...

ဖြေကြားချက် 1 ခု

ပုံပါအတိုင်းမြေပဲကတလကျော်ကျော်ပဲရှိပါသေးတယ် မိုးကတလခေါင်တာပါ ခုမှမိုးရွာတာပါ အပွင့်အားဆေးဖျန်းရမှာလား အပင်အား...

ဖြေကြားချက် 5 ခု

ဆရာတို့ခဗျ ယူရီးယား ပုလဲကိုမြေပဲခင်းကို ကြဲပက်တာနဲ့ တန်းပေါ်ဖြူး တာနဲ့ဘယ်ဟာကမြေပဲပင်ကိုပိုကောင်းစေတာလဲ နှိုင်း...

ဖြေကြားချက် 10 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။