ငါးမွေးမြူရန် ကန်ရေပြင်ဆင်နည်း
ငါးမွေးမြူရေးအားစတင်လျှင် ကန်၏အောက်ခြေကြမ်းပြင်ပေါ်သို့ ထုံးဖြူးပေးရန် လိုအပ်ပါသည်။ ထုံးအမျိုးအစား ၃ မျိုးရှိရာ မဖောက်ထုံး ခေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးသည် ပြင်းအားများပြီး ကိုင်တွယ်ရာတွင် အန္တရာယ်ရှိပါသည်။ ထုံးကြက်တက်ရေ ခေါ် ဖောက်ထုံးသည် ကွမ်းယာသုံး ထုံးအမျိုးအစားဖြစ်ပြီး ပြင်းအားအနေဖြင့် အသင့်အတင့်ရှိပါသည်။ စိုက်ပျိုးရေးထုံး ခေါ် ထုံးကျောက်မှုန့်သည် ပြင်းအားအနည်းဆုံးဖြစ်ပြီး ကိုင်တွယ်ရန် အန္တရာယ်အကင်းဆုံး ဖြစ်ပါသည်။
ကန်သစ်များတွင် ကန်ပြင်ဆင်မှု နောက်ဆုံးအဆင့်ဖြစ်သည့် မွေးမြူမည့်ကန်ရေအား ပြင်ဆင်သည့်အချိန်တွင် အသုံးပြုသင့်သောနှုန်းထားများမှာ မဖောက်ထုံးအတွက် တစ်ဧကလျှင် ၂.၅ ပိဿာနှုန်း၊ ဖောက်ထုံး ခေါ် ထုံးကြက်တက်ရည်အတွက် တစ်ဧက လျှင် ပိဿာ ၂၀ နှုန်းနှင့် စိုက်ပျိုးရေးသုံးထုံးအတွက် တစ်ဧကလျှင် ၂၅ ပိဿာနှုန်းဖြင့် သုံးစွဲနိုင်ပါသည်။
ထိုသို့ သုံးစွဲရာတွင် ထုံးအမျိုးအစားတစ်မျိုးတည်းသာသုံးစွဲရန် လိုအပ်ပြီး ဦးစားပေးသုံးစွဲသင့်သော ထုံးအမျိုးအစားမှာ စိုက်ပျိုးရေးသုံးထုံးအမျိုးအစားဖြစ်ပါသည်။

ကန်အောက်ခြေမြေသားအား ထုံးထည့်ပြီးပါက ကန်အား ရေ ၁ ပေခန့် သွင်းပေးရပါမည်။ ထိုသို့ထည့်သွင်းရာတွင် မလိုလားအပ်သော သားစားငါးသားပေါက်များ ရေနှင့်အတူ ကန်အတွင်းသို့ ဝင်ရောက်လာခြင်းမရှိစေရန်အတွက် ရေအားဇကာဖြင့်စစ်၍ ထည့်သွင်းပေးရန်လိုအပ်ပါသည်။ ရေထည့်သွင်းပြီး တစ်ပတ်ခန့်အကြာတွင် သက်ရှိအစာဖြစ်သော အပင်မျှောလှေးနှင့် သတ္တဝါမျှောလှေးများ ပေါက်ဖွားလာပြီး ရေ၏အရောင်မှာ စိမ်း-ဝါ-ညို ရောင် ဖြစ်လာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ကန်ရေကို မိမိလိုအပ်သလောက် ထပ်မံ ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။ သက်ရှိအစာပေါက်ဖွားနှုန်း လုံလောက်ခြင်း ရှိ/မရှိကို ရေကြည်နှုန်းတိုင်းကိရိယာဖြင့် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။
ရေကြည်နှုန်း ၃၀-၄၀ စင်တီမီတာအတွင်းရှိလျှင်အကောင်းဆုံးဖြစ်ပါသည်။ လိုအပ်ပါကရေသြဇာအတွက် မြေသြဇာဓာတ်များအား ထည့်သွင်းပေးနိုင်ပါသည်။ မြေသြဇာထည့်သွင်းနှုန်း တစ်ဧကကန်အတွက် သဘာဝမြေသြဇာ (နွားချေး/ဝက်ချေး-၃၀ ပိဿာ) သို့မဟုတ် ဓာတုမြေသြဇာ(ယူးရီးယား၊ တီစူပါ-၁၅ ပိဿာ)အား ထည့်သွင်းပေးနိုင်ပါသည်။ ကန်၏ရေကြည်နှုန်းသည် ၃၀ စင်တီမီတာခန့်ရှိပြီး ရေ၏အရောင်သည် စိမ်း-ဝါ-ညို ရောင် ဖြစ်နေပါက သားပေါက်များထည့်သွင်းရန် အသင့်တော်ဆုံး အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ထုံးနှင့်ကန်ရေ
Applicable farm inputs (Ad)
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025