ငါးသားပေါက်များ ကန်အတွင်းသို့ မထည့်ခင်နှင့် ထည့်သွင်းနေစဉ် စီမံခန့်ခွဲမှု (၂)
(၈) ငါးကန်ထဲတွင်ရှိ သဘာဝအစားအစာကို လက်ကိုအသုံးပြုပြီး သုံးသပ်ခြင်း
ငါးကန်ထဲ ထုံးထည့်ခြင်းဖြင့်
လက်ကိုကန်ရေပြင်ထဲသို့ ဒေါင်လိုက်အနေအထားဖြင့် တံတောင်ဆစ်မြုပ်သည်အထိ စိုက်ထည့်ထားပြီး လက်ဖဝါးကို ဖြန့်ကြည့်ပါ။ လက်ဖဝါးကို ရေပြင်မှ မမြင်ရပါက မြေဩဇာ ပြည့်ဝနေသည့် အနေအထားဟု မှတ်ယူရမည်။ အကယ်၍ လက်ကိုမြင်ရပါက ကန်ရေဩဇာနည်းနေပြီဟု သတ်မှတ်နိုင်သည်။ ယင်းကဲ့သို့ ဖြစ်ပါက မြေဩဇာကို ငါးကန်ထဲထည့်ပေးရမည်။

(၉) ငါးကန်၏ရေအလွှာလိုက် ငါးများအတွက် သဘာဝအစာများ
ရေကန်ရှိ ရေလွှာအမျိုးမျိုးတွင် နေထိုင်ကြသောငါးများသည် ကွဲပြားခြားနိုင်သည့် သဘာဝအစာများကို အောက်ပါအတိုင်းလိုအပ်သည်။


(၁၀) ငါးသန့်မျိုးထည့်ရမည့် အချိုးအစား
ငါးမျိုးများကို သင့်တော်သည့် အရေအတွက်ဖြင့် ရေလွှာလိုက် ထည့်သွင်းမွေးမြူခြင်းဖြင့် အကျိုးမြတ် ကောင်းကောင်းရရှိနိုင်ပါသည်။ ငါးကန်တွင်ထည့်သွင်းမွေးမြူသည့် အချိုးအစားနမူနာ (၂) မျိုးမှာအောက်ပါအတိုင်းဖြစ်သည်။

(၁၁) ကန်ရေနှင့် ငါးသန်/ငါးသားပေါက် အသားကျအောင်ပြုလုပ်ခြင်းနှင့် ကန်တွင်းသို့ ငါးသန်/ငါးသားပေါက်များ ထည့်သွင်းခြင်း
· ငါးသန်/ငါးသားပေါက်များ ထည့်ထားသည့် ပလတ်စတစ်အိတ်ကို ကန်ရေပြင်တွင် ၁၅မိနစ်ခန့် ပေါလောအနေအထား ထားပေးပါ။
· ထို့နောက် လက်နှစ်ဖက် သို့မဟုတ် မတ်ခွက်ကို အသုံးပြု၍ ကန်ထဲမှရေကို ဖြည်းဖြည်းခြင်း ၁၀-၁၅မိနစ်ခန့်ထည့်ပါ။ ထို့နောက် အိတ်ကို အနည်းငယ်စောင်းပြီး ကန်ထဲမှရေကို အိတ်ထဲသို့ လက်ဖြင့် ယက်ထုတ်ပေးခြင်းဖြင့် ရေစီးကြောင်းအသွင်ဖြစ်ပေါ်စေပြီး ငါးသားပေါက်များ ယင်းရေစီးကြောင်းကို ဆန့်ကျင်ဖက်အနေအထားဖြင့် ကန်ထဲသို့ ကူးခတ်သွားမည်။

(၁၂) ကျန်းမာသန်စွမ်းသည့် ငါးသန်၏လက္ခဏာများ
· ကိုယ်ခန္ဓာတောက်ပကြည်လင်ခြင်း
· အကြေးခွံမကျွတ်၊ ဆူးတောင်များမကျိုးပဲ့ခြင်း
· ငါးများထည့်ထားသော ရေပုံးထဲတွင် လက်ဖြင့်ရေစီးကြောင်းများ ဖန်တီးပါက ငါးသန်များရေစီးကြောင်းနှင့် ဆန့်ကျင်ဖက်သို့ ရွေ့လျားကူးခတ်ခြင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....