ငါးမွေးမြူရန် ကန်အသစ်ပြင်ဆင်နည်း
ကန်အသစ်အား တူးဖော်ပြီးပါက ကန်အားရေ ၁ ပေခန့်သွင်းပြီး ၄င်းရေအားပြန်လည်ဖောက်ထုတ်ခြင်းဖြင့် ကန်အားဆေးကြောပေးရမည်ဖြစ်ပါသည်။ ထိုသို့ ကန်ဆေးကြောခြင်းအား ၃-၄ ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးမှသာ ကန်အားပြန် လည်အခြောက်ခံပြီး ထုံးထည့်ခြင်း၊ မြေသြဇာထည့်သွင်းခြင်းများကို ကန်အဟောင်းများအတိုင်းမွေးမြူရန် ပြင်ဆင်ဆောင်ရွက်သင့် ပါသည်။
(က) ကန်အခြောက်ခံခြင်း
ကန်အခြောက်ခံခြင်းကို မြေပတ်ကြားအက် ၁ လက်မခန့် ရရှိသည်အထိ ပြုလုပ်ရပါမည်။ ဖြစ်နိုင်ပါက ကန်အောက်ခြေမြေသားအား ထွန်ယက်ပေးရပါမည်။ ထိုသို့ ထွန်ယက်ပေးခြင်းဖြင့် အောက်ခြေမြေသားများသည် လေထုနှင့် ထိတွေ့ဓာတ်တိုးပြီး မြေသားအတွင်း ဓာတ်ပြုပိတ်မိနေသော သြဇာဓာတ်များ ပြန်လည်ရရှိမည်ဖြစ်ပါသည်။

(ခ) ထုံးထည့်ခြင်း
မဖောက်ထုံး(သို့) ဖောက်ထုံး(အိမ်ဆောက်ထုံး)ကို အသုံးပြုနိုင်ပါသည်။ ကန်အခြောက်ခံခြင်းကို ၁ လက်မခန့် ပက်ကြားအက်လာသောအခါ မဖောက်ထုံးကို တစ်ဧကလျှင် ၂၅ မှ ၅၀ ပိဿာနှုန်း ကန်အနှံ့ဖြူးထည့်ပြီး ရေ ၆လက်မခန့်သွင်းပြီး ရေအား ဖောက်ထုတ်ကာ ပြန်လည်၍ အခြောက်ခံရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် ငါးရိုင်းများနှင့် အခြားတွင်းအောင်းသတ္တဝါများကို သုတ်သင်ရှင်းလင်နိုင်သည်။
(ဂ)မြေသြဇာထည့်ခြင်း
ကန်များအတွင်း ထုံးထည့်ပြီးနောက် ကန်၏ရေသြဇာဓာတ် ကြွယ်ဝလာစေရန် သဘာဝမြေသြဇာ(တိရစ္ဆာန်အညစ်အကြေး) သို့မဟုတ် ဓာတုဓာတ်မြေသြဇာ(ယူးရီးယား၊တီစူပါ)တို့ကို ထည့်ပေး ရပါသည်။ နွား/ကျွဲချေးကို တစ်ဧကလျှင် ပိဿာချိန် ၃၀၀ ခန့် ထည့်သွင်းပေးနိုင်ပြီး ကြက်ချေးဖြစ်ခဲ့ပါက တစ်ဧကလျှင် ပိဿာ ၁၅၀ ခန့်သာ ထည့်သွင်းပေးသင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ထုံးနှင့်ကန်ရေ
Applicable farm inputs (Ad)
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....