မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့် အချိန်ဇယား (၂)
ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်းကောင်းစေရန်လိုအပ်သော ကန်ရေ၏ အရည်အသွေးစံညွှန်းများကို အသေးစိတ်သိရှိရန်လိုအပ် သလို ရေအရည်အသွေးကိုလည်း မပြတ်စစ်ဆေးပေးနေရန် လိုအပ်ပါသည်။

ယင်းအတွက် လိုအပ်ချက်အချို့ကို အပိုင်း(၁) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/Fish_farm_standard_water_qualities
ယခုအပိုင်း(၂) တွင် နောက်ထပ်လိုအပ်သည်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။
၈။ Alkalinity(ထုံးဓာတ် CaCO3 ပါဝင်နှုန်း)
- ငါးမြစ်ချင်းအုပ်စု - 75 မှ 200 mg/Lit အတွင်း
- တီလားပီးယား - 90 မှ 250 mg/Lit အတွင်း
*Alkalinity 40 mg/Lit အောက်ကျပါက CaCO3 ထုံးမှုန့်များကို ထည့်သွင်းပေးရသည်။
- 40 mg အောက်...........100 kg/တစ်ဧက
- 40 mg အောက်...........60 kg-75kg/တစ်ဧက
- 60 mg အောက်...........75 kg-50kg/တစ်ဧကနှုန်း ဖြစ်သည်။
ထုံးမှုန့်ကို ၂ ကြိမ်မှ ၃ ကြိမ်ခွဲ၍ ထည့်ပေးနိုင်ပါသည်။
*Alkalinity အလွန်မြင့်ပါက ရေလဲလှယ်ပေးခြင်း၊ ကယ်လ်စီယမ်ဆာလဖိတ်(လချေးထုံး)တစ်ဧက 50 kg မှ 100 kg အတွင်း ထည့်သွင်းနိုင်သည်။
၉။ ရေစေးနှုန်း(Hardness)
- ရေချိုငါးကန် - 50 mg/Lit မှ 150 mg/Lit အတွင်း...
*Hardness နိမ့်ပါက - Dolomite ထုံးမှုန့်ထည့်ပေးရသည်။ တစ်ဧက 25 kg နှုန်းဖြစ်သည်။
၁၀။ အမိုးနီးယား(NH3)
- NH3 ပမာဏ 0.02 mg/L ထက် မပိုစေရ။
- Total အမိုးနီးယား 0.95 mg/L ထက် မပိုစေရ။
- pH မြင့်တက်လာပါက - အမိုးနီးယား မြင့်တက်လာသည်။
*စုပ်ယူဖယ်ရှားထိန်းသိမ်းနိုင်ရန်ဆိုပါက...
- zeolite ထုံး - တစ်ဧကလျှင် 25 kg နှုန်း
- ဆားကြမ်း - တစ်ဧက 80 ပိဿာနှုန်း
- အစာကျွေးနှုန်းလျှော့ချရန်၊ ရေသစ်လဲလှယ်ပေးရန်
- အောက်စီဂျင်ပျော်ဝင်နှုန်းမြင့်လာစေရန် ရေဒလက်မောင်းပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။
၁၁။ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်(H2S)
- ကန်၏ H2S 0.002 mg/L ထက် မပိုစေရ။
- pH ကျပါက ကန်ရေ၏ H2S အဆိပ်အတောက်မြင့်မားလာသည်။
ဖယ်ရှားထိန်းသိမ်းရန်ဆိုပါက...
- pH မြှင့်ပေးခြင်းနှင့် စုပ်ယူဖယ်ရှားရန် zeolite ထုံးမှုန့် တစ်ဧက 25 kg မှ 50 kg ထည့်သွင်းပေးခြင်း
- ဆားကြမ်း- တစ်ဧက ... 80-100 ပိဿာနှုန်း ထည့်ပေးခြင်း
- ရေလဲလှယ်ပေးခြင်း၊ အောက်ဆီဂျင် D.O မြင့်တက်လာစေရန် ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025