မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့်အချိန်ဇယား(၁)
ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်းကောင်းစေရန်လိုအပ်သော ကန်ရေ၏ အရည်အသွေးစံညွှန်းများကို အသေးစိတ်သိရှိစေရန်အတွက် လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။

၁။ အပူပိုင်းနှင့်အအေးပိုင်းငါးများအတွက် လိုအပ်သောကန်ရေ၏အပူချိန်(Water temperature)
- အပူပိုင်းငါး- 25 °C မှ 32 °C အတွင်း ရှိသင့်ပါသည်။(အပူချိန် 32°C အထက်နှင့် 24 °C အောက်၌ အစာကျွေးနှုန်းလျှော့ချရန်လိုပြီး 27°C မှအထက် ရောက်ချိန်မှသာ အစာကျွေးသင့်ပါသည်)
- အစာစားနှုန်းအကောင်းဆုံး- 27°C အထက်ရှိလျှင် ကောင်းမွန်ပါသည်။
- အအေးပိုင်းငါး- 20°C အောက်(10°C မှ 18°C) ရှိရပါမည်။ (အပူချိန်မြင့်မားလာပါက ရေဒလက်မောင်းပေးခြင်း၊ ရေသွင်းပေးခြင်းဖြင့် ပျော်ဝင်အောက်ဆီဂျင်(D.O) မြင့်မားလာစေရန် ပြုလုပ်ပေးရသည်)
၂။ ရေနောက်ကျိခြင်း(Turbidity)
ရေနောက်ကျိမှုသည် ငါးများ၏ အစာစားနှုန်းနှင့် ကြီးထွားနှုန်းကိုထိခိုက်စေသဖြင့်...
အနည်မှုန့်များအနည်ထိုင်စေရန်-
- ကန်တစ်ကန်လျှင် လချေးကျောက်(Gypsum)ထုံးမှုန့်ကို ပိဿာ ၆၀ မှ ၁၂၀ အထိလည်းကောင်း၊
- ကျောက်ချဉ်(Alum)ကို ၁၀ ပိဿာမှ ၂၀ ပိဿာနှုန်းဖြင့်လည်းကောင်း၊
- နွားချေး၊ ကြက်ချေး ၁၂၀ ပိဿာမှ ၂၄၀ ပိဿာထိ ရေဖျော်၍လည်းကောင်း ပက်ဖျန်းပေးနိုင်ပါသည်။
၃။ အပင်မျောလှေးများလွန်းခြင်း(Phytoplankton-bloom)
အပင်မျောလှေးသိပ်သည်းမှုပမာဏမှာ Secchi disc တိုင်းတာမှုအရ ၁၂” (၃၀ စင်တီ)မှ ၁၆”(၄၀ စင်တီ)အတွင်း ရှိသင့်ပြီး...
*12”အတွင်း မမြင်ရပါက -
- မြေသြဇာထည့်သွင်းမှုကိုရပ်ဆိုင်းရန်နှင့် အစာကျွေးနှုန်းလျှော့ချပေးရန်လိုပြီး ကယ်စီယမ်ဆာလ်ဖိတ်(Gypsum)ထည့်သွင်းပေးရန်၊
- ကော့ပါးဆာလဖိတ်(ဒုတ္တာ)ကို Total Alkalinity 100 တွင် 1mg/L နှုန်းထည့်ပေးရန်လိုပါသည်။
*၁၆” အထက်မြင်နေရပါက-
- မြေသြဇာထည့်သွင်းပေးရန် လိုအပ်သည်။
၄။ ပျော်ဝင်အောက်ဆီဂျင်(D.O)
ကန်ရေထဲ၌ D.O အနည်းဆုံး 5mg/L အထက် ရှိသင့်သည်။
*D.O နိမ့်ကျနေပါက-
- ရေသစ်သွင်းပေးခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ ရေလှုပ်ရှားပေးခြင်း၊ အစာကျွေးနှုန်းလျှော့ချခြင်းများ ပြုလုပ်ပေးရမည်။
- *Phyto-bloom အပင်မျောလှေးများလွန်းပါက ညအချိန် D.O နိမ့်ကျလာနိုင်သဖြင့် မြေသြဇာထည့်သွင်းမှုကို ရပ်ဆိုင်းထားရမည်။
၅။ နိုက်ထရိုက်(Nitrite)နှင့် နိုက်ထရိတ်(Nitrate)
ရေချိုငါးကန်- နိုက်ထရိတ် 27 mg/L ထက် မပိုစေရ၊
- နိုက်ထရိုက် 0.2 mg/L ထက် မပိုစေရ၊
- နိုက်ထရိုက်မြင့်မားပါက သွေးထဲ၌ O2 ရရှိမှုနည်းလာသည်။
*ဖယ်ရှားရန်-
- ဆား (Nacl2) 25ppm(တစ်ဧက 100 kg)ဖြင့် နိုက်ထရိုက် 1mg/L ကို ဖယ်ရှားနိုင်သည်။
၆။ ရေအရည်အသွေးအား စစ်ဆေးရန်အချိန်ဇယား
- ရေအရောင်(Water Colour) - နေ့စဉ်
- ရေကြည်နှုန်း(Transparency)- တစ်ပါတ်တစ်ကြိမ်
- အပူချိန်(Temperature) - နေ့စဉ်
- ရေအနက်ပေ(Water depth)- တစ်လတစ်ကြိမ်
- ရေ၏ချဉ်ဖန်နှုန်း(pH) - တစ်ပတ်တစ်ကြိမ်
- ထုံးဓာတ်ပါဝင်နှုန်း(Alkalinity) - နှစ်ပတ်တစ်ကြိမ်
- ရေစေးခြင်း(Hardness) - ၂ ပတ်တစ်ကြိမ်
- ပျော်ဝင်အောက်ဆီဂျင်(D.O) - နေ့စဉ်နံနက်ပိုင်း
- အမိုးနီးယား(Ammonia) - ငါးနှင့် ရေအခြေအနေအရ
- ဟိုက်ဒရိုဂျင်ဆာလဖိုဒ်(H2S)- ငါးနှင့် ရေအခြေအနေအရ
တိုင်းတာစစ်ဆေးပေးရပါမည်။
၇။ ချဉ်ဖန်နှုန်း(pH)
- pH 6.5 မှ 8.5 အတွင်း(နံနက်ပိုင်း၌ အနည်းဆုံး 6.5 ရှိသင့်သည်။)
- Alkalinity ကျလာပါက pH အတက်အကျ ကွာခြားမှုကြီးသည်။
- pH နိမ့်ကျပါက- Ca(OH)2 ဖောက်ထုံးနှင့် CaCo3 ထုံးကျောက်နှင့် ဒိုလိုမိုက်ထုံးမှုန့်များကို ထည့်သွင်းပေးရသည်။
*ကန်ရေ၏ pH ပေါ်မူတည်၍ ထုံးထည့်သွင်းနှုန်း-
- pH 4.0 - 4.9 ......... 75 kg - 50 kg
- pH 5.0 - 6.4 ......... 50 kg - 40 kg
- pH 6.5-7.4 ......... 40kg-25kg
*pH 8.5 ထက်မြင့်နေပါက ရေသစ်လဲလှယ်ပေးခြင်းနှင့်လချေးထုံးကျောက် (ကယ်လ်စီယမ်ဆာလဖိတ်) တစ်ဧကလျှင် 25 kg နှုန်း ထည့်သွင်းနိုင်သည်။
(ကျန်ရှိသောအကြောင်းအရာများကို အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025