ငါးခုံးမကြီးငါး သားဖောက်နည်း
ကြီးထွားနှုန်းကောင်းပြီး အစာမရွေးဘဲ သားဖောက်ရ လွယ်ကူတဲ့ ငါးခုံးမကြီးငါးက ၁နှစ်သားမှာ အရွယ်ရောက်ပါတယ်။ အလေးချိန် (ဝ.၅- ၁) ကီလိုဂရမ် (သို့) (၃၀-၆၀ ကျပ်သား) ရှိတဲ့ အမတွေက ဥချသားဖောက်ဖို့ အကောင်းဆုံးဖြစ်ပြီးတော့ မျိုးငါးတွေကို ပုံမှန်အစာကျွေးပြုစုပါက မျိုးပွားကာလ တစ်ရာသီမှာ မျိုးငါးတွေကို ၂ကြိမ် (သို့) ၃ကြိမ် သားဖောက်နိုင်ပါတယ်။ သားဖောက်ရန် အကောင်းဆုံးကာလကတော့ မတ်လမှ စက်တင်ဘာလထိ ဘဲဖြစ်ပါတယ်။
သားဖောက်ခြင်း
သားဖောက်ရာမှာ သဘာဝနည်း (သို့) ဆေးထိုးသားဖောက်နည်းနဲ့ ဖောက်နိုင်ပါတယ်။ သဘာဝနည်းနဲ့ သားဖောက်ရာမှာ မျိုးရင့်မှည့်တဲ့ မျိုးငါးအထီး၊ အမတွေကို မိတ်လိုက်ကန်အတွင်း ထည့်သွင်း၍ ရေသစ်သွင်းပြီး ရေရှင်ဖန်တီးပေးခြင်းဖြင့် မိတ်လိုက်ဥချ စေနိုင်ပါတယ်။
မြေကန်၊ကွန်ကရိကန် နှင့် ပိုက်လှောင်အိမ် (ဟာပါ)များ အသုံးပြုနိုင်ပါတယ်။ အမ ၁ကောင်ကို အထီး၁ကောင်နှုန်း အချိုးနဲ့ ထည့်သွင်းသားဖောက်နိုင်ပါတယ်။
မျိုးပွားနှုန်းကောင်းတဲ့ ငါးရွေးချယ်ရာတွင် -
- အရွယ်ရောက်တဲ့ အထီးကို ဝမ်းဗိုက်မှ စအိုဖက်သို့ ဖြည်းညှင်းစွာညှစ်ကြည့်ပါက နို့နှစ်ရောင်မပျစ်မကြဲ မျိုးရည်များ ထွက်လာတာကို တွေ့ရပါမယ်။
- အမမျိုးငါး ပုံစံက ဝမ်းဗိုက်ပျော့ပြောင်းပြီး ပြန့်ကားနေရပါမယ်။ အမြီးအရင်းပိုင်း ကျယ်ပြန့်၍ လွယ်ကူစွာကွေးနိုင်၊ ဆန့်နိုင်ရပြီးတော့ မျိုးပွားအင်္ဂါပေါက်က အမြီးရင်းနဲ့ နီးကပ်စွာ တည်ရှိရပါမယ်။
- ရေအပူချိန်ပေါ်မူတည်၍ ဆေးထိုးပြီး ၄နာရီအကြာမှာ မိတ်လိုက်ဥချတတ်ပါတယ်။ မျိုးငါးအမ ၁ကီလိုအလေးချိန်မှာ ငါးဥ (၀.၅-၂)သိန်းအထိ ရရှိနိုင်ပါတယ်။
- သန္ဓေအောင်ဥတွေက အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်မှ ၂၉ ဒီဂရီ စင်တီဂရိတ်မှာ စတင်သန္ဓေအောင်ပြီး ၁၂နာရီ ကျော်ရင် အကောင်ပေါက်ပါတယ်။
- အကောင်ပေါက်လာတဲ့ ငါးမှုန်တွေကို ဥနှစ်(Yolk Sac) ကုန်တဲ့အထိ သားဖောက်ရုံမှာ ၃ရက်ကြာပြုစုပြီး မြေသားပြုစုကန် အတွင်းသို့ ထည့်သွင်းပြုစုရပါမယ်။
သားဖောက်ကန်အရွယ်အစား
မြေကန် - ၆ပေ x ၄ပေ x ၄ပေ (တစ်ပိုင်တစ်နိုင်)
- ၅၀ပေ x ၂၅ပေ x ၄ပေ (တစ်ပိုင်တစ်နိုင်)
ကွန်ကရစ်ကန် - ၃၀ပေ x ၂၇ပေ x ၃ပေ
ပိုက်လှောင်ကန် - ၆ပေ x ၃ပေ x ၃ပေ ရှိရပါမယ်။
ငါးမှုန်ပြုစုခြင်း
၁။ ငါးမှုန်ပြုစုကန်အနေနဲ့ ၁ဧကအကျယ်ရှိကန်အတွက် မြေအမျိုးအစားကိုလိုက်၍ ထုံး(၆၀-၃၀၀)ပိဿာ ထည့်သွင်းရပါမယ်။ သြဇာဓာတ်အဖြစ် နွားချေး၊ကြက်ချေး ၁ဧကမှာ ၁၅၀ တင်းနှုန်း ထည့်သွင်းပြီး သန့်ရှင်းတဲ့ရေကို နိုင်လွန်ဇာဖြင့် စစ်၍ ၃ပေခန့်ထည့်သွင်းပေးရပါမယ်။ ရေဖြည့်ပြီး ပိုးဆွဲပိုက်ဖြင့် အနည်းဆုံး ၃ကြိမ်ခန့် ရေပိုးများ ဆွဲပေးရန်လိုအပ်ပါတယ်။ ရေဖြည့်ပြီး ၁ပါတ်အကြာမှာတော့ ငါးမှုန်များ စတင်ထည့်သွင်းနိုင်ပြီးတော့ နံနက်စောစော ပိုင်းမှာ ထည့်သွင်းရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
၂။ ငါးမှုန်တွေထည့်သွင်းပြီး ၃ရက်ကျော်ပါက ပဲဖတ်(သို့)ပဲပိစပ်ရည်ကို ကန်အနှံ့ ပတ်ဖျန်း ကျွေးပေး နိုင်ပါတယ်။ အစာ အဖြစ်ဖွဲနုကို ဇကာတိုက်(သို့)စပ်စာမှုန့် (ဖွဲနု၊ပဲဖတ်၊ငါးခြောက်မှုန့်) (၃း၁း၁) ကို တစ်နေ့(၂-၄) ကြိမ်ခန့်ခွဲ၍လည်း ကျွေးမွေးပေး နိုင်ပါတယ်။ အစာကို ခန္ဓာကိုယ်အလေးချိန်ရဲ့ (၃၀-၁၀)% ထိ ကျွေးမွေးနိုင်ပါတယ်။
၃။ သဘာဝအစာဖြစ်တဲ့ သတ္တမျှောလေး (Rotifer, Moina) ကို ဖောက်၍ ကျွေးမွေးပေးခြင်းဖြင့်လည်း ကြီးထွားနှုန်း ပိုမိုကောင်းမွန်စေပါတယ်။ ငါးမှုန်ပြုစုကာလ(၄၅)ရက် အကြာမှာ ငါးသန်အဆင့်ကို ရောက်ရှိမှာပဲဖြစ်ပါတယ်။
ရေးသားသူ- ပင်လယ်ပြာ(ငါးဦးစီး)
Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
u Naing
1 year agoစိတ်ဝင်စားပါသည်
si thu
1 year agoငါးခူ
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025