ကြက်မတွေရဲ့အမြင့်ဆုံးဥနှုန်း ထိန်းထားနိုင်ဖို့...
ကြက်ဥမှာ ဆိုရင် ရေ၆၆% ၊ ပရိုတိန်း၁၃%၊ အဆီ၁၀%၊ သတ္တု ၁၁% နဲ့ အာဟာရဓာတ် အများကြီးပါဝင်ပါတယ်..။ စားသုံးမှုဝယ်လိုအားကလည်းမြင့်တာမို့ ဥစားကြက်မွေးမြူရေးသမားတွေ လည်း စနစ်တကျနဲ့မွေးနိုင်ရင် အကျိုးအမြတ်များပါတယ်..။
ဥစားကြက်မွေးမြူသူ တောင်သူတွေအနေနဲ့ မိမိတို့ခြံထဲမှာ ကြက်တွေ များများဥနိုင်ဖို့အတွက် ဆိုရင် ကြက်မတွေကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးရပါမယ်။ ကြက်ဥနှုန်းမြင့်မားစေဖို့အတွက် ဆိုရင် ထုတ်လုပ်မှုကျဆင်းစေတဲ့ ရောဂါနဲ့ မည့်သည့် စိတ်ဖိစီးမှုကို မဆို လေ့လာစောင့်ကြည်ရန်နဲ့ အထူးသတိပြု ရှောင်ရှားရန်တွေ လိုအပ်ပါတယ်။
အချိန်ကြာကြာနဲ့ အမြင့်ဆုံး ဥနှုန်းကို ထိန်းထားဖို့အတွက်ဆိုရင် ...
(၁) အာဟာရပြည့်ဝစွာ ရရှိစေဖို့အတွက် အစာနဲ့ရေကို ထောက်ပံ့ပေးရပါမယ်။
(၂)ကြက်မများကို မခြောက်လှန့်ရပါ။ ခြောက်လှန့်ပါက ထုတ်လုပ်မှုအပေါ် ဆိုးရွားတဲ့ အကျိုးဆက် ဖြစ်ပေါ်နိုင်ပါတယ်။
(၃)အပူချိန်၊ စိုထိုင်းဆနဲ့ လေဝင်လေထွက်တို့ မျှတတဲ့ ပတ်ဝန်းကျင် ဟုတ်မဟုတ်လည်း စစ်ဆေးပေး ရပါမယ်။
(၄)အဖြူရောင်ဥ ကြက်မတွေအတွက် ကြက်အသက် (၂၀)ပတ်သားက စပြီးတော့ အလင်းထိုးပေး သင့်ပါတယ်။ လျှပ်စစ်မီးသီးတွေလည်း သန့်ရှင်းနေရပါမယ်။
(၅)အပူချိန် ရုတ်တရက်ကျဆင်းခြင်းကဲ့သို့သော ပတ်ဝန်းကျင်ပြောင်းလဲမှုက ကြက်ဥထုတ်လုပ်မှုအပေါ် မကောင်းတဲ့ အကျိုးဆက်များဖြစ်နိုင်ပါတယ်။
(၆)တချို့ကြက်မွေးတောင်သူတွေက ကြက်ဥစဥချိန်မှာ ကာကွယ်ဆေးထိုးဖို့ မေ့ကျန်ခဲ့တဲ့အတွက် ဥနှုန်း မြင့်နေချိန်မှာ ကာကွယ်ဆေးထိုးတတ်ကြပါတယ်။ ဒါဟာ ဥနှုန်းကျဆင်းစေနိုင်တဲ့အတွက် ကြက်ဥနေတဲ့ ကာလမှာ ကာကွယ်ဆေးမထိုးသင့်ပါဘူး။
(၇)ဥနှုန်းအမြင့်ဆုံးရောက်ရှိနေချိန်မှာ ရောဂါခုခံနိုင်မှု လျော့ကျနေတဲ့အတွက် ၎င်းအချိန်မှာ ရောဂါ တွေနဲ့ ထိတွေ့မှုမရှိစေရန်လည်းသတိပြုရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ ကြက်လည်လိမ် ရောဂါနဲ့ ဥနှုန်းကျ ရောဂါကာကွယ်ဆေးများကို ဥမစမ်းခင်အချိန်တည်းက ထိုးနှံပြီးသားဖြစ်ရပါမယ်။
ကဲ..ဒီအချက်တွေကို သတိပြုလိုက်နာကျင့်သုံးပြီး အမြင့်ဆုံးကြက်ဥနှုန်းကိုထိန်းရင်း အကျိုးအမြတ် များစွာ ရရှိကြပါစေ။
Refrence: စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေသော ခေတ်မီမွေးမြူရေးနည်းပညာများ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေးဗစ်ဝမ်း
2 years agoဆရာရေကျွန်တော်ကဥစားကြက်နဲ့cpကြက်ခုမှစမွေးမှာမို့ကြက်ခြံအကျယ်ကဆယ်တောင် ရှစ်တောင်ရှိပါတယ် အကောင်ရေဘယ်လောက်မွေးသင့်လည်းကြက်ပေါက်လည်းအစာကျွေးနည်းစောင့်ရှောက်နည်းလေးပြန်လှည်ဖြေကြားပေးပါနော်သိပါရစေဗျာ
မောင်မြင့်
3 years agoဥစားကြက်ကို အိမ်ကြက်လိုမွေးမြူလိုရပါသလား ဆရာ
ကျေးဇူးတင်ပါတယ်။
AyeMyaOo
4 years agoမွေးချင်တယ်ဘယ်မှာဝယ်လို့ရမလဲပြောပြပေးပါ
ခင်ချိုမြင့်
4 years agoကျေးဇူးပါဆရာ
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026