ကြက်ပေါက်ကလေးများ မီးပေးကာလတွင် လုပ်ဆောင်ရမည့်အချက်များ
မီးပေးအုပ်ဆောင်းအောက်တွင် စကော သို့မဟုတ် ဆန်ကာဖြင့် ၂ ရက် ၃ရက်ခန့် အစာကိုဖြန့်ကြဲကျွေးပေးပါ။ အစာလုံလုံလောက်လောက်ထားပေးရမည်။
ရက်သားမှစ၍ သုံးပတ်သားအထိ ချေးဖြူရောဂါမဖြစ်စေရန် အစာ(သို့) ရေအတွင်း ဆေးများ ထည့်ကျွေးရမည်။ ယိုင်ကို အစာခွက်၊ ရေခွက်မှ တစ်ပေသာသာတွင် ဝိုင်းရံကာထားပေးရမည်။ ယိုင်ကို အပတ်စဉ် အနောက်သို့ဆုတ်ပေးရမည်ဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာတွင် ယိုင်သည် ၁၀*၁၂ ပေအခန့်ထောင့်များကိုသာကာရန် လိုအပ်ပေတော့သည်။
၃ ပတ်သားမှစတင်၍ အစာစိမ်းအနည်းငယ်စီစတင်ကျွေးနိုင်သည်။ များများကျွေးလျှင် ဝမ်းလျှောတတ်သည်။ တဖြည်းဖြည်းတိုး၍ ကျွေးသွားပေးဖို့လိုအပ်ပါသည်။
၄ ပတ်သားတွင် ကြက်ငယ်လိုအပ်သည့် အစာများလုံလုံလောက်လောက်ထည့်ပေးနိုင်ရန် ၃ပေ အစာခွက် ၅ခုနှင့် ၁ ဂါလံဆန့် ရေခွက် ၄ ခုလိုအပ်သည်။ ရေသန့်သန့်တိုက်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်ပြည့်စုံသော အာဟာရတို့ လိုအပ်ပါမည်။
၂ ပတ်သားတွင် ကြက်လည်လိမ်ရောကာကွယ်ဖို့အတွက် မျက်စဉ်းခတ်ပေးရမည်။ ဆေးရည်အစက်တစ်စက် ချပေးရမည်။ မျက်ခွံကိုလက်ဖြင့်ဖြဲထားပြီး ဆေးကို မျက်လုံးပေါ်သို့ ချပေးပါ။ ဆေးရည်သည် မျက်ခွံအတွင်းဝင်သွားကြောင်း သေချာမှ လက်ကိုဖယ်ခွာပစ်ပါ။ အရည်ဖြင့်ဖုံးထားသော မျက်လုံးသည် အနည်းငယ်လှုပ်သောအခါ အရည်များမျက်ခွံအတွင်း စိမ့်ဝင်သွားမည်ဖြစ်သည်။ ဆေးစိမ့်မဝင်မီ လက်လွတ်လိုက်ပါက ဆေးရည်များအပြင်သို့ ထွက်ကျသွား၍ အာနိသင်ထိရောက်မည်မဟုတ်ပါ။
အထက်ပါ လုပ်ဆောင်ရမည့်အချက်များဖြင့် ကိုယ့်ကြက်ပေါက် မီးပေးကာလကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ကြပါစေ။
အောင်ဝင်းထွဋ်၏ “ကြက် မွေးမြူရေးအကြောင်း သိကောင်းစရာ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Thet Tun Oo
1 year agoကြက်အမျိုးစား အားလုံးအတွက်ပါ ခင်ဗျာ
ဒေးဗစ်ဝမ်း
2 years agoမျက်စဉ်းကဘယ်လိုဝယ်ရတာလည်းသာမာန်မျက်စဉ်းလားကြက်အတွက်သီးသန့်ထုတ်တဲ့မျက်စဉ်းလားသိပါရစေဗျာခုမှစမွေးဖို့ပါ
TSO
3 years agoမွေး/ကုဌာနကထုတ်တဲ့မျက်စဉ်းဖြစ်ဖို့များပါတယ်#
Wan Myat oo
3 years agoမျက်စဉ်းကဘယ်လိုမျက်စဉ်းလဲ
Moe Ah San
4 years agoအသားစား ဥစား ကြက်အတွက်လားခင်ဗျာ
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026