ဝက်ငယ်တွေသားခွဲဖို့သိထားသင့်တဲ့ အချက်များ
ဝက်ငယ်တွေရဲ့ အဟာရလိုအပ်ချက်က နို့ပေါ်မှာ မီခိုမနေတဲ့အတွက် အစာလုံလုံရရှိပါက သားခွဲပေးနိုင်ပါတယ်။ ဒါပေမဲ့ မိခင်နဲ့ သားသမီးရဲ့ သံယောဇဥ်ကြောင့် စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။ စောစောသားခွဲလေ ဝက်ငယ်လေးတွေ ပိုခံစားရလေဘဲဖြစ်ပါတယ်။ အာဟာရဖိစီးမှုက ရုတ်တရက် နို့ဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဝက်ငယ်အသက်ငယ်လေ နို့မှရတဲ့ အာဟာရက အရေးကြီးလေပါ။ ဒါဆို ဝက်ငယ်တွေသားခွဲစဥ် စိတ်ဖိစီးမှု နည်းစေရန် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
(၁) ရာသီဥတုပူတဲ့ ပတ်ဝန်းကျင်မှာ (၇)ပတ်သား ရောက်မှ သားခွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံမှာ နည်းပညာမပြည့်စုံခြင်း၊ နို့မှုန့်ဈေးကြီးတဲ့ အတွက် ဝက်ငယ်စာထောက်ပံ့ဖို့ခဲယဥ်းခြင်းနဲ့ အစာတောင့် ပြုလုပ်ရန် မဖြစ်နိုင်အတွက်ကြောင့်ပါ။ ဒီပြဿနာတွေမရှိဘူးဆိုရင်တော့ ၅ပတ်သားအရွယ်ထဲကစပြီး ဂရုတစိုက်နဲ့ သားခွဲပေးနိုင်ပါတယ်။
(၂) သားခွဲရာမှာ ဝက်မကြီးကို လှောင်အိမ်ထဲကနေဖယ်ပေးလိုက်ခြင်းဖြင့် သားခွဲနိုင်ပါတယ်။ ဝက်ငယ်တွေကို ခြံထဲမှာ ၁ပတ်လောက်ထားပေးရမယ်။ ပထမဆုံး ၂ရက်ကတော့ အစာစားနှုန်း အတူတူဘဲဖြစ်တဲ့အတွက် ၃ရက်မြောက်နေ့မှာ ဝက်ငယ်စာနဲ့ ဝက်လတ်စာ ကိုရောကျွေးရပါမယ်။ နေ့စဥ် ဝက်လတ်စာကို တိုးကျွေးနေပြီးတော့ တစ်ပတ်အကြာမှာ ဝက်ငယ်တွေကို ဝက်လတ်ခြံထဲကို ပြောင်းထည့်ပေးရပါမယ်။
(၃) ဝက်လှောင်အိမ်ကို ဝက်ငယ်တွေမထည့်ခင် ၁၅ရက်ခန့်ဘားမှမထည့်ဘဲ သန့်ရှင်းရေးပြုလုပ် ထားရ
ပါမယ်။
သမပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ အသက်(၃)ပတ်မှာ သားခွဲပေမယ့် အပူပိုင်းဒေသထဲမှာတော့ ထည့်သွင်းစဥ်းစားခြင်းမရှိပါ။ ၃ပတ်မှာ သားခွဲမယ်ဆိုရင် အမြင့်ဆုံးအရည်အသွေးရှိတဲ့ နို့အစားထိုးပစ္စည်းတွေလိုအပ်ပါတယ်။
နို့ပေးကာလကြာရှည်ခြင်းက နှစ်စဥ်ဝက်ငယ်သားခွဲ ကောင်ရေကို နည်းစေပါတယ်။ ဒီလိုဖြစ်ရခြင်းက နည်းပညာအသစ်များကို အသုံးချမှုနည်းခြင်းနဲ့လည်းဆက်စပ်မှု ရှိပါတယ်။
အပူပိုင်းဒေသမှာ အသက်ငယ်ငယ်နဲ့ သားခွဲပေးခြင်းက ကြီးထွားမှုကို နှေးစေပြီးသေနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းတို့ကိုပါ မြင့်မားစေပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဖြိုး
2 years agoမင်္ဂလာပါလူကြီးမငိးတို့ ကျွန်တော့်အနေနဲ့ကတော့ မွေးမြူရေးကို ခုမှ ပထမဆူံးလုပ်ဖူးတာပါ။ယခု ဝက်သားပေါက်တွေကျထားပါပီ နို့ခွဲတာနဲ့ တန်းရောင်းထုတ်မှာဆိုတော့ အဲ့အချိန်ရောင်းတဲ့နေရာမှာ ဝက်လေးတွေ အဆင်ပြေပြေ ဈေးကောင်းကောင်းလေးရအောင် ပြုစုပျိုးထောင်နည်းလမ်းကောင်းလေးများရှိရင် ညွှန်ကြားပေးပါဦးဆရာတို့ခင်ဗျ။ကျေးဇူးပါ။
toetoe
3 years agoအမေနို့အလုံအလောက္ရနေလို့ပါ
ဦးဝင်းမြင့်
3 years agoရက်၂၀ သားဝက်ပေါက်ကလေးတွေ အစာကောက်စားတတ်ဖို့သင်တာ အချို့ကောင်တွေက ကောက်မစားကြသေးတာဘာဖြစ်လို့ပါလည်း၊ကျွန်တော်ကအခုမှ သားစဖေါက်တာမို့ပါ။နည်းပညာလေးမျှဝေပါအုံးခင်ဗျာ။
Phyo Wai Aung
4 years agoကျွန်တော်တော့ သားခွဲဝက်လေးတွေကို cp 950 kpနဲ့ စေတနာ EM ကို ရောစပ်ကျွေးပါတယ်။ အစာကို နည်းနည်းနဲ့ ခဏခဏကျွေးပေးပါတယ်။ တစ်ကောင်ကို တစ်အိတ်နှုန်းကျွေးပါတယ်။ cp 950 951 952 တစ်အိတ်နှုန်း ပြီးရင် ရောစပ်စာ cp 751 ကို ဖွဲကြမ်း ၁ အိတ် ဖွဲနုအိတ်တစ်ဝက် ပွိုင့်တစ်အိတ် ရောပီး ကျွေးပါတယ်။ မနက်စာမှာ EM ထည့်ကျွေးပြီး ညနေစာမှာ ငါးအမိုင်နို FAA ထည့်ကျွေးပါတယ်။ သားခွဲပီး ၃လခွဲဆို ကတ္တား 65kg ပျမ်းမျှ နဲ့ ထုတိပါပီ။
Pyae Some
4 years agoကျေးဇူးပါ သားခွဲစဝက်လေးတွေတတ်နှုန်းကောင်းပြီးကုန်ကျစရိတ်သက်သာအောင်အစာဘယ်လိုကျွေးပြီးဘာဆေးသုံးရမလဲသိချင်ပါတယ်
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....