အလှမွေးငါးတွေကို ကမ္ဘာတစ်ဝန်း ပို့ဆောင်ပေးတော့မယ့် ထိုင်းစာတိုက်လုပ်ငန်း
ထိုင်းစာတိုက်လုပ်ငန်းဟာ ငါးလုပ်ငန်းဌာနနဲ့ ပူးပေါင်းပြီး အလှမွေးငါးတွေကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ဖို့ရာ အမြန်ပို့ဆောင်ရေးဝန်ဆောင်မှုကို ပထမဆုံးအကြိမ်အဖြစ် စတင်မိတ်ဆက်လိုက်ပါတယ်။ အခုလိုဆောင်ရွက်မှုဟာ ထိုင်းနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ အလှမွေးငါး တင်ပို့ရောင်းချရာ အချက်အချာကျတဲ့နေရာတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်နိုင်စေဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
အဆိုပါဝန်ဆောင်မှုကို ယခု အောက်တိုဘာလမှာ စတင်မှာဖြစ်ပြီး ငါးလုပ်ငန်းဌာနလက်အောက်ရှိ မှတ်ပုံတင်ထားသော အလှငါးမွေးမြူသူ ၁၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါတယ်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တစ်နှစ်လျှင် ဘတ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ အလှမွေးငါးဈေးကွက်အတွင်းမှ ဝင်ငွေတွေကိုရယူနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
ထိုင်းစာတိုက်လုပ်ငန်းရဲ့ ဥက္ကဌဖြစ်သူ Dhanant Subhadrabandhu ရဲ့ အဆိုအရ ပထမအဆင့်မှာတော့ အလှမွေးငါး ရောင်းဝယ်ဖောက်ကားတဲ့ အဓိကစျေးကွက် ၅ ခုဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ် နဲ့ အင်ဒိုနီးရှားနိုင်ငံများသို့ ထိုင်း တိုက်ငါး (ခေါ်) ဖိုက်တာငါး (Betta Fish) တင်ပို့မှုကို အဓိကထားဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီနောက်မှသာ အခြားသောအလားအလာရှိတဲ့ ဈေးကွက်များသို့ တိုးချဲ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဝန်ဆောင်မှုကို ထိုင်းနိုင်ငံရဲ့ ဖိုက်တာငါး (Betta Fish) မွေးမြူသူတွေ အများဆုံးရှိနေတဲ့ Nakhon Pathom ပြည်နယ်ရဲ့ စာတိုက်ရုံးမှာ စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိအခြေအနေကနေ ဘတ်ငွေ ၁ ဘီလီယံကျော်တန်ဖိုးရှိသော အလှမွေးငါးတင်ပို့မှုကို တိုးနိုင်မြှင့်ရန်အလားအလာရှိနေပြီး ထိုပမာဏထဲမှ ၄၀ ရာခိုင်နှုန်းဟာ ဖိုက်တာငါး (Betta Fish) တွေဖြစ်ကြောင်း Mr. Dhanant က ပြောပါတယ်။

Mr. Dhanant ပြောကြားခဲ့တာကတော့ ထိုင်းစာတိုက်လုပ်ငန်းဟာ ပါဆယ်နဲ့ စာပို့ ဝန်ဆောင်မှုလုပ်ငန်းများကနေ ထိုင်းနိုင်ငံရဲ့စီးပွားရေးကို ဘက်ပေါင်းစုံကနေ မောင်းနှင်နိုင်ဖို့ရာ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ ထပ်ဆင့်ပြောကြားတာကတော့ ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုဟာ ထိုင်းစာတိုက်လုပ်ငန်းရဲ့ “ပါဆယ်အခြေပြု သယ်ယူပို့ဆောင်ရေးမူဝါဒ” ကို အကြောင်းပြုကာ အမျိုးမျိုးသော ကုန်ပစ္စည်းများအတွက် သင့်လျော်သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖြေရှင်းချက်များကိုပါ ပြုလုပ်ပေးနိုင်ကြောင်း ထင်ဟပ်ပြသနေတယ်လို့လည်း ဆိုပါတယ်။
"ငါးလုပ်ငန်းဌာနနဲ့ လက်တွဲလုပ်ကိုင်ခြင်းဟာ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းပို့ဆောင်ရေးမျှသာလျှင် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှ တောင်သူများနဲ့ ရေလုပ်ငန်းကဏ္ဍအတွက် နိုင်ငံပေါင်း ၁၉၀ ကျော်မှာရှိနေတဲ့ ထိုင်းစာတိုက်လုပ်ငန်းရဲ့ ကျယ်ပြန့်လှသော ဝန်ဆောင်မှုဌာနပေါင်း ၅၀,၀၀၀ ကျော်ရှိတဲ့ ကွန်ရက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များအတွင်းသို့ ဝင်ရောက်နိုင်ရန် အခွင့်အလမ်းပေးထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။
Mr Dhanant ပြောကြားခဲ့တာကတော့ ထိုင်းစာတိုက်လုပ်ငန်းနဲ့ ငါးလုပ်ငန်းဌာနတို့ဟာ ထိုင်းနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာအလှမွေးငါး ရောင်းဝယ်ဖောက်ကားရာ အချက်အချာကျတဲ့နေရာတစ်ခုအဖြစ် ထွက်ပေါ်လာစေဖို့ ထင်ရှားသောအမှတ်တံဆိပ်တစ်ခုကို ဖန်တီးဖို့ရာ ကတိကဝတ် ပြုထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်း စာတိုက်လုပ်ငန်းဟာ မွေးမြူသူတွေနဲ့ လုပ်ငန်းရှင်များအတွက် အလှမွေးငါးနဲ့ ရေနေအပင်များကို အမြန်ပို့ဝန်ဆောင်မှုများနဲ့ ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။ ထိုင်း ဖိုက်တာငါး (fighting fish) ၊ ဒေါင်းငါး (guppies)၊ မော်လီငါး (mollies)၊ အလှမွေးပုစွန်များ၊ ရေနေအပင်များနဲ့ ပင်လယ်စပျစ်သီး - ရေညှိတစ်မျိုး (sea grapes) များအပါအ၀င် အမျိုးအစား ၁၂ မျိုးလောက်ကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လအထိ ထိုင်းစာတိုက်လုပ်ငန်းဟာ ထိုင်းနိုင်ငံတစ်ဝန်းရှိ ၀ယ်ယူသူများထံသို့ အလှမွေးငါးနဲ့ ဆက်စပ်ပစ္စည်း ၁၁၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
Ref:
https://www.bangkokpost.com/business/general/3120088/thailand-post-offers-global-fish-delivery
Bangkok post မှ သတင်းအား မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားသော သတင်းဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသတင်း
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026