ရေတိမ်ဒေသရှိခြင်းရဲ့ အကျိုးကျေးဇူးများ
ရေတိမ်ဒေသဆိုသည်မှာ သစ်ဆွေးမြေ၊ ရွံ့နွံတောများအပါအဝင် ကုန်းတွင်း၌ ရေဝပ်နေသည့်ကန်များ၊ အင်းအိုင်များ၊ ရေချိုရေငန်ဒေသများ၊ မြစ်ဝရှိရွှံပြင်၊ လတာပြင်များ၊ သဘာဝရေဝပ်ဒေသ သို့မဟုတ် လူများက ပြုလုပ်ဖန်တီးထားသော ဆည်၊ ရေကန်များနှင့် ပင်လယ်ကမ်းခြေ ဒီရေတောများ ပါဝင်ပြီး ပင်လယ်ကုန်းတွင်း ဒီရေအကျဆုံးအချိန်၌ ရေအနက် (၆) မီတာထက် မကျော်လွန်သော ပင်လယ်ရေတိမ်ဒေသများကို ခေါ်ဆိုပါသည်။
ရေတိမ်ဒေသများသည် ကမ္ဘာ့မြေပြင်၏ (၆)ရာခိုင်နှုန်းခန့်ရှိပြီး ငါးနှင့် ရေပျော်ငှက်များအပါအဝင် သတ္တဝါများ ပေါက်ဖွားကြီးပြင်းရာဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိသော ရမ်ဆာရေတိမ်ဒေသများမှာ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ အင်းလေးကန် ဘေးမဲ့တော၊ အင်းတော်ကြီးကန် ဘေးမဲ့တော၊ မိန်းမလှကျွန်း ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံသာကျွန်းနှင့် မေယုမြစ်ဝတို့ ဖြစ်သည်။
ရေတိမ်ဒေသများရှိခြင်း၏ အကျိုးကျေးဇူးများ
၁။ ရေ၏အရည်အသွေးကို ကောင်းမွန်စေခြင်း
ရွှံနွံ၊ ဗျိုက်တော၊ လတာပြင်များသည် ရေထုရှိ အဆိပ်အတောက်များအား စုပုံအနည်ကျစေခြင်း၊ ရေတိမ်ဒေသများမှရေသည် မြေအောက်သို့ စိမ့်ဝင်ကာ မြေအောက်ရေဖြည့်တင်းခြင်းစနစ်အား အထောက်အပံ့ပေးခြင်းဖြင့် ရေအရင်းအမြစ်အား ရေရှည်တိုးပွားစေပါသည်။
၂။ သဘာဝဘေးဒဏ်မှ ကာကွယ်ခြင်း
ရေတိမ်ဒေသများသည် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြင့်တက်လာသော မြစ်ရေများအား သိုလှောင်စနစ်ဖြင့် ရေစီးနှုန်းကို ထိန်းချုပ်ထားခြင်း၊ ရေတွင်ပေါက်ရောက်သော အပင်များက ရေစီးနှုန်းအားဟန့်တားခြင်းဖြင့် ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ်ပေးခြင်း၊ ပင်လယ်ကမ်းခြေ ရေတိမ်ဒေသသည် ပင်လယ်မှ တိုက်ခတ်လာသော လေပြင်းမုန်တိုင်းနှင့် ဆားဓာတ်ပါသော လေတိုက်ခတ်မှုအား ဟန့်တားခြင်းဖြင့် သဘာဝပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။
၃။ ရေအသုံးချမှုကို အထောက်အပံ့ပေးခြင်း
စီးပွားရေးလုပ်ငန်းများအတွက် ရေတိမ်ဒေသမှရေကို တိုက်ရိုက်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ ရေထုအတွင်းရှိ အပင်များ ဥပမာ-ဗေဒါအပင်များက ရေထုအတွင်းရှိ အဆိပ်အတောက်များအား စုပ်ယူဖယ်ရှားပြီး ရေ၏အရည်အသွေးကို ကောင်းမွန်စေပါသည်။
၄။ သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်ခြင်း
လူနှင့် ဒေသထွက်ကုန်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်မှုတို့ကြောင့် ကူးသန်းရောင်းဝယ်မှုအား အထောက်အကူပြုပါသည်။
၅။ ရေထွက်ပစ္စည်းများ ထုတ်ယူနိုင်ခြင်း
ရေတိမ်ဒေသများမှ ငါး၊ ပုစွန်၊ ငှက်နှင့် ရေသတ္တဝါများ ရရှိစားသုံးနိုင်ခြင်း၊ သစ်၊ကြိမ်၊ အမိုးသက်ကယ် စသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်နှင့် စားပင်များကို ထုတ်ယူရရှိနိုင်ပါသည်။
၆။ ဗီဇထိန်းသိမ်းခြင်း
ရေတိမ်ဒေသများသည် အပင်နှင့်သတ္တဝါများ၏ ဇီဝမျိုးစိတ်များပေါက်ဖွားကြီးပြင်းရန်နှင့် ထိန်းသိမ်းရန် အထောက်အကူပြုလျက်ရှိကြသည်။
၇။ အပန်းဖြေခြင်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအား အထောက်အကူပေးခြင်း
ရေတိမ်ဒေသရှိ ထူးခြားသော သဘာဝရှုခင်းများကို ခံစားကြည့်ရှုနိုင်ခြင်း၊ သားငှက်တိရစ္ဆာန်များအား အနီးကပ်လေ့လာကြည့်ရှုနိုင်ပါသည်။
၈။ သုတေသနနှင့် ရေတိမ်ဒေသများထိန်းသိမ်းကာကွယ်ရေးအတွက် အထောက်အကူပြုခြင်းတို့ ဖြစ်သည်။
ရေတိမ်ဒေသများသည် သိပ္ပံနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လက်တွေ့ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းတို့ကို အထောက်အကူပြုသည်။
ရေတိမ်ဒေသများ ပျက်စီးရခြင်းအကြောင်း
ရေတိမ်ဒေသများ ပျက်စီးရခြင်းမှာ- စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ လူနေအိမ်ယာများ ချဲ့ထွင်ခြင်း၊ စိုက်ပျိုးရေးအတွက် ရေနုတ်ယူခြင်း၊ အမဲလိုက်ခြင်း၊ ခွင့်ပြုထားခြင်းမရှိသောနည်းလမ်းဖြင့် ငါးဖမ်းခြင်း၊ ရွှေကျင်ခြင်း၊ စက်မှုလုပ်ငန်းသုံး စွန့်ပစ်အညစ်အကြေးများ၊ အိမ်သုံးစွန့်ပစ်အညစ်အကြေးများနှင့် ပိုးသတ်ဆေးများကြောင့် ညစ်ညမ်းမှုဖြစ်ခြင်း၊ ဒီရေတောနှင့် ရေချိုရွှံနွံသစ်တောများတွင် စီးပွားဖြစ် အပင်များ ခုတ်လှဲထုတ်ယူခြင်း၊ ရေဝေရေလဲဒေသများ ဆုတ်ယုတ်ခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ ရေတိမ်ဒေသထွက်ကုန်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ဂေဟစနစ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။
ရေတိမ်ဒေသများ ထိန်းသိမ်းရခြင်းအကြောင်းအရင်း
ရေတိမ်ဒေသများ၏ အခြေခံဂေဟစနစ်သည် ရေကို ထိန်းညှိသန့်စင်ပေးသည့် စနစ်ဖြစ်သကဲ့သို့ အပင်နှင့် တိရစ္ဆာန်များ အထူးသဖြင့် ရေပျော်ငှက်များ ခိုလှုံကျက်စားရာ နေရင်းဒေသများကို ကူညီပံ့ပိုးပေးလျက်ရှိခြင်း၊ ရေတိမ်ဒေသအရင်းအမြစ်များမှ ရရှိသည့် စီးပွားရေး၊ ယဥ်ကျေးမှု၊ သိပ္ပံနှင့် အပန်းဖြေရေးဆိုင်ရာ တန်ဖိုးများနှင့် ၄င်းရေတိမ်ဒေသများ လျော့နည်းပျောက်ကွယ်ပါက ပြန်လည် အစားထိုး၍ မရနိုင်ခြင်း၊ ရေပျော်ငှက်များသည် ရာသီအလိုက် နေရာဒေသရွှေ့ပြောင်းသွားလာကျက်စားရာတွင် ရေတိမ်ဒေသအတွင်းရှိ ဂေဟစနစ်များအပေါ်တွင် မှီတင်းနေထိုင်ရခြင်းတို့ကြောင့် ဖြစ်ပါသည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းအကြောင်း
ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းသည် ကမ္ဘာ့သဘာဝသယံဇာတများနှင့် သက်ရှိများ၏ နေရင်းဒေသများကို စနစ်တကျထိန်းသိမ်းကာကွယ်၍ အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ချမှတ်ခဲ့သည့် ပထမဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် ဖြစ်ပါ သည်။
ကမ္ဘာအနှံ့အပြားတွင် တည်ရှိသော ရေတိမ်ဒေသများနှင့် ရေပျော်ငှက်များ၏ ခိုလှုံကျက်စားရာ နေရင်းဒေသများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် အီရန်နိုင်ငံ၊ ရမ်ဆာမြို့တွင် နိုင်ငံတကာရေပျော်ငှက်များခိုလှုံကျက်စားရာ နေရင်းဒေသများအဖြစ် အရေးပါသည့်ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းကို အတည်ပြုချမှတ်ခဲ့ပါသည်။
ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းမှာ ၄င်းအားအတည်ပြုချမှတ်ခဲ့သည့်မြို့ကို အစွဲပြုလျက် ရမ်ဆာကွန်ဗန်းရှင်း(Ramsar Convention)ဟု ခေါ်ဆိုကြပါသည်။ ကွန်ဗန်းရှင်းဆိုင်ရာရုံးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂလန်းမြို့(Gland)တွင် ဖွင့်လှစ်ထားရှိပါသည်။
ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းအား စတင်လက်မှတ်ရေးထိုးသည့်နေ့ရက်ဖြစ်သော ဖေဖော်ဝါရီ(၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများနေ့(World Wetlands Day) ဟု သတ်မှတ်ထားပါသည်။
ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းဆိုင်ရာ လိုက်နာရမည့်တာဝန်များ
မိမိနိုင်ငံနယ်နိမိတ်အတွင်းရှိ ရေတိမ်ဒေသများနှင့် သယံဇာတများအား အကျိုးရှိစွာ အသုံးပြုရေးနှင့် စနစ်တကျ ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ရန်၊ ကွန်ဗန်းရှင်းမှ သတ်မှတ်သည့် နိုင်ငံတကာအတွက် အရေးပါသော ရေနိမ်ဒေသများစာရင်းတွင် ထည့်သွင်းရန်အတွက် မိမိတို့နိုင်ငံရှိ ရေတိမ်ဒေသ အနည်းဆုံးတစ်ခုကို အဆိုပြုရန်၊ ရေတိမ်ဒေသများ ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများနှင့် ကွန်ဗန်းရှင်းအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မိမိနိုင်ငံအတွင်းရှိ ရေတိမ်ဒေသများ တိုးမြှင့်တည်ထောင်ရန်တို့ ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင်-
ရေတိမ်ဒေသများ ထိန်းသိမ်းခြင်းသည် လူသားတို့အတွက် စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ အပန်းဖြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသဖြင့် ရေတိမ်ဒေသများ မပျက်စီးစေရေး၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုရေး တို့ကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
1 year agoကျေးဇူးပါ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....