ငါးလွှတ်ကုသိုလ်ယူတယ်ဆိုပေမဲ့ အခြားတစ်ဘက်ခြမ်းမှာတော့...
အခါကြီးရက်ကြီးတွေမှာ လူအများက နည်းလမ်းပေါင်းများစွာဖြင့် ကုသိုလ်ယူဖို့ တွေးတောနေကြမှာပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ကုသိုလ်ကောင်းမှု ပြုလုပ်ကြရာမှာ ငါးလွှတ်ကြတဲ့ ဓလေ့က အမြဲပါဝင်နေပါတယ်။
အခါကြီးရက်ကြီးနေ့များမှာ ဘုရားဘေးမဲ့ကန် သို့မဟုတ် အနီးအနားမှ ကန်၊ မြစ်၊ ချောင်းများအတွင်း စည်စည်ကားကား ငါးလွှတ်ကြတယ်မဟုတ်လား။
ကျွန်တော်တို့က တစ်ကယ်တမ်းတော့ လောဘဖြင့် ကုသိုလ်ရရေးသာမြင်ပြီး မျက်စိရှေ့တွေ့မြင်နေရသည့် ငါးများရဲ့ ငရဲကျသဖွယ် ဒုက္ခများ နှင့် ဂေဟစနစ်များအတွက် အန္တရာယ်ဆိုးများကို ကျွန်တော်တို့ ဘယ်သောအခါမှ မမြင်ခဲ့ကြပါ။
သူတစ်ပါး ကုသိုလ်ယူခြင်းကို တားဆီးရာရောက်ပေမယ့် စာရေးသူကျွန်တော်ဟာ ငယ်ငယ်ထဲက ငါးလွှတ်တဲ့ ဓလေ့ကို ကုသိုလ်ဖြစ်မယ်ဟု တစ်ခါမှ မယူဆခဲ့ပါ။ စိတ်အာသာဖြေခြင်းလို့သာ ယူဆပါသည်။ ကုသိုလ်တစ်မျိုးထဲသာ တစ်ဖက်ပိတ်မတွေးပဲ အခြားရှုထောင့်မှ သက်ရောက်မှုတွေကိုလည်း ကျွန်တော့်တို့ မြင်ကွင်းထဲစတင်ထည့်သွင်းကြည့်ကြရအောင်လားဗျာ။
အရင်ဆုံး ဘုရားဘေးမဲ့ငါးကန်များဆီ စိတ်ကူးထဲ အလည်သွားကြည့်ရအောင်
ဘုရားဖူးသွားပြီးတိုင်းအပြန်မှာ လူတိုင်းဘေးမဲ့ငါးကန်ဆီ အလည်ရောက်ကြပါတယ်။ ကလေး လူကြီးမရွေး ဘုရားငါးကန်သွားရတာကို အလွန်နှစ်သက်ကြတယ်မဟုတ်လား။ အရင်ဆုံး ငါးကန်ကြီးကို ခပ်လှမ်းလှမ်းက မြင်နေရချိန်မှာ အရင်ဆုံး ငါးကန်ဆီက အောက်သိုးသိုး ညှီစို့စို့ပုပ်အက်အက် အနံ့ပြင်းပြင်းက ကြိုဆိုနေမှာပါ။ လူကြီးများဆီက အသံမထွက် ကလေးအများစုမှာတော့ ငယ်ရွယ်ပွင့်လင်းသူများပီပီ အနံ့ကိုစတင်သတိထားမိပြီး လူကြီးများကို မေးခွန်းထုတ်တာကိုမြင်ရတိုင်း ကျွန်တော်အမြဲကြိတ်ပြုံးမိပါတယ်။
မကြာခင်မှာ ငါးကန်ဘေးက ဈေးဆိုင်တွေမှာ ကိုယ်စီကိုယ်စီ ငါးစာ ပေါင်မုန့်၊ ရောင်စုံဝေဖာ၊ ပေါက်ပေါက်ဆုပ်၊ ကန်စွန်းရွက်များနဲ့ လွှတ်ငါး၊ လိပ်များ ရောင်းချနေကြပါပြီ။ ကျွန်တော်တို့အားလုံး ရေထဲမှာ ပုပ်ပွနေတဲ့ အမှိုက်သာဖြစ်မယ့် ပေါင်မုန့်တွေအားရပါးရဝယ်၊ စီမံခန့်ခွဲ ထိန်းသိမ်းမှု ညံ့ဖြင်းပြီး မဆန့်အင်္ဂါ ငါးများ ပြွတ်သိပ်ထည့်ထားသည့် ရေကန်ထဲ ပေါင်မုန့်များကို အမှိုက်သွန်သလိုချ၊ ပလတ်စတစ်အိတ် အမှိုက်များပစ်ချပါတော့မယ်။
မရှိရှိတာရွေးစားရသည်မို့သာ ငါးများသည် ပေါင်မုန့်ကို အလုအယက်စားနေကြသည်။ ဗိုက်ထဲတွင်စားထားတဲ့ ပေါင်မုန့်စတွေ ပွတက်လာပြီး အစာချေဖျက်ရန်ခက်ခဲ ဝမ်းသွားရန်ခက်ခဲစေပြီး ဝမ်းချုပ်သောကြောင့် ကျန်းမာရေးချို့တည့်စေပြီး ငါးများကိုသေစေနိုင်သည်။ ပေါက်ပေါက်စုပ်များ နှင့် ဝေဖာချောင်းများမှာလဲ အလားတူပင်ဖြစ်သည်။ ကန်ထောင့်များတွင် အစာကြွင်းးအစာကျန်များစုပြီး ရေများ ပုပ်သည့် နောက်ဆက်တွဲသည် ရေမသန့်ကာ ငါးများသေရသည်။ မိမိမှာငါးစာပါလာတိုင်းအကုန်ကျွေးရမည်မဟုတ် အနည်းငယ်သာချပြီးအကဲခတ်ပြီးမှ စားနိုင်တာမြင်ရတဲအခါကျွေးကြရန်လိုအပ်သည်။ မစားနိုင်တော့သည့် ငါးများအားအစာကျွေးခြင်းမှာလည်း ရေကိုပုပ်စေရုံမှလွဲပြီး အကျိုးမရှိပါ။
ငါးကို ပေါင်မုန့်ကျွေးခြင်းဟာ မြန်မာနိုင်ငံတွင်သာရှိပြီး အခြားနိုင်ငံများမှာ ပန်းခြံလို အများပြည်သူပိုင်နေရာများရဲ့ ရေအိုင်များအတွင်းသို့ ပေါင်မုန့်ကဲ့သို့ အစာများချကျွေးခြင်းနှင့် ခိုစာကျွေးခြင်းကို အထူးတားမြစ်ထားပြီး ချကျွေးခဲ့သည်ရှိသော် ဒဏ်ရိုက်ပါသည်။
ငါးကျန်းမာရေးနှင့် မညီညွတ်သော ပေါင်မုန့်အစား ငါးများအတွက် ရည်ရွယ်၍ထုတ်လုပ်ထားတဲ့ ငါးစာခြောက်များကို အစာထိုးကျွေးသင့်ပါသည်။ ငါးတိုင်းနီးပါးစားသလို ငါးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကြာရှည်ခံ ထိန်းသိမ်းရလွယ်သည်။ ဘုရားငါးကန်များတွင် ငါးစာရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုနေရသူများလည်း လုပ်ငန်းမထိခိုက်ပဲ ငါးစာများကို ပြောင်းလဲပြီး ဆက်လက်ရောင်းချနိုင်ပါလိမ့်မည်။
ငါးလွှတ်ခြင်း အနုပညာ နဲ့ နောက်ဆက်တွဲများ
"ငါးလွှတ်ပြီး ကုသိုလ်ယူကြတာလား ငါးစာကျွေးပြီး ကုသိုလ်ယူကြတာလား "
ကျွန်တော်တို့အားလုံး ငါးပေါက်များကို ငါးကန်ထဲသွန် မျက်စိစုံမှိတ်ပြီး ဆုများတောင်း ကုသိုလ်ယူကြချိန် ကန်ထဲရှိငါးကြီးတို့အတွက် ငါးသေးတွေက အစာဖြစ်သွားတာကို မြင်မိကြမှာမဟုတ်ပါ။ တစ်ခါတစ်ရံ ဘုရားငါးကန်ဆိုင်များမှ ငါးများဝယ်ပြီးလွှတ်ခြင်းမှမဟုတ် လူအများသည် မိမိတို့အိမ်မှာ မမွေးထားချင်တော့တဲ့ အလှမွေးငါးများ သို့မဟုတ် ဆိုင်များမှ ဝယ်ယူလာပြီး လက်လှမ်းမီရာငါးကန်တိုင်းကို အမှိုက်ပုံကဲ့သို့ အမှိုက်လာသွန်ကြပါသည်။ ဒါကြောင့်လဲ အလှမွေးငါးမျိုးစိတ်များဖြစ်တဲ့ စုပ်ခွက်ငါးနှင့် သားရဲငါးမျိုးစိတ်များမှာ ပြန့်ပွားသောင်းကျန်းပြီး ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကြီးမားစွာ ဒုက္ခပေးနေကြပါပြီ။ မိမိ မဆင်မခြင် လွှတ်လိုက်တဲ့ ငါးက ရောဂါပိုးပါလာရင်လဲ ကန်အတွင်းရှိ အခြားငါးများကို လွယ်ကူစွာကူးစက်နိုင်ပါသည်။ လွှတ်တဲ့အခါ ငါးအပြင်၊ နေရာအစုံမှလိပ်များပါဝင်နိုင်ပြီး ကုန်းလိပ်များပါပါသည်။ ကျွန်တော်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ဖူးပြီး ငါးကန်အတွင်းလွှတ်လိုက်သည့်အခါ ကုန်းလိပ်များမှာ ရေနစ်သေပွဲဝင်ကြရပါသည်။ လွှတ်သူကို လှမ်းတားဖို့ လက်ခံမှာမဟုတ် ကန်ထဲဆင်းဆယ်ရင်လဲ ဂေါပကနှင့် နှစ်ပါသွားရမှာကို တွေးပြီး စိတ်မကောင်းစွာကြည့်ခဲ့ရပါသည်။ ကံကောင်းစွာ လိပ်ကလေးကုန်းပေါ်ရောက်ခဲ့ အသက်ရှင်ခဲ့ရပါသည်။ သို့သော် သက်ဆိုးရှည်မည်မထင်။ ဘုရားငါးကန်များအတွင်းမှာ နေရာယူထားသည့် လိပ်အများစုမှာလည်း ပြည်တွင်းတွင် မရှိသင့်ပဲ ပြည်ပမှတင်သွင်းလာသည့် ဆိုးသွမ်းသော လိပ်ပါးနီများသာဖြစ်နေပါသည်။ ငှက်လွှတ်ခြင်းမှာလဲ ကုသိုလ်ထက် ငှက်လေးများအတွက် ဆိုးကျိုးများသာ စောင့်မျှော်နေသလို၊ အဖမ်းခံရပြီး နေရာဒေသအသစ်မှာ အလွှတ်ခံရတဲ့ ငှက်များအဖို့ ကျီးထိုးခံရပြီး သေဆုံးရမှာပါ။ လွှတ်သူမရှိတော့ရင် ဖမ်းရောင်းသူလဲရှိတော့မှာမဟုတ်ပါ။

သဘာဝရေပြင် ကြီးငယ်များအတွင်းငါးများ ဘေးမဲ့လွှတ်ခြင်း
လူအချို့မှာ အခါကြီးရက်ကြီးတိုင်း သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များအတွင်းသို့ ငါးများ စေလွှတ်ဘေးမဲ့ပေးကြတဲ့အခါ ငါးများနှင့် ဂေဟစနစ်အပေါ် ထိခိုက်ပျက်စီးမှု ပမာဏမှာ ပိုမိုများပြားပြီး ကြုံရသည်။ ငါးများကို ကြုံရာနေရာတွင်လွှတ်သည့်အခါပါလာသော ရောဂါများပြန့်ပွားခြင်း၊ ပြည်တွင်းမှမျိုးစိတ်မဟုတ်ဘဲ ပြည်ပမှသားရဲမျိုးစိတ်များဖြစ်နေသည့်အခါ ထိုငါးများမှာ ကျူးကျော်ပြန့်ပွား သောင်းကျန်းနိုင်ပါသည်။ အရိုးရှင်းဆုံးဥပမာပေးရမည်ဆိုလျှင် ရေအောက်ဂေဟစနစ်တစ်ခုအတွင်းတွင် ငါးမျိုးစိတ်များသည် သားကောင် သားရဲမျိုးစိတ်များ အရေအတွက်ဟန်ချက်ညီမျှစွာနေချိန်တွင် လူအများစည်းကမ်းမဲ့ ငါးလွှတ်မှုကြောင့် ဟန်ချက်ပျက်ပြီး ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါသည်။
ဥပမာအနေနဲ့ ချင်းမိုင်မြို့နားရှိ ဂူကရေစိမ့်အိုင်ထဲ မွေးမြူရေးငါးခူတွေ ဘေးမဲ့လွှတ်လို့ ကန်ထဲက မူရင်းရှိတဲ့ ကျောက်ငါးကြင်းများ အနည်းငယ်သာကျန်တော့တာသိရပါသည်။ (https://m.facebook.com/story.php?story_fbid=10159388160007214&id=633127213) ကျူးကျော်မျိုးစိတ်များ အမဲလိုက်စားသောက် သတ်ဖြတ်သည့်အတွက် ပြည်တွင်းငါးမျိုးစိတ်များစွာ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိသည်။ ကုသိုလ်အတွက်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သော်လည်း ငါးလွှတ်ခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာရှိသည့်အတွက် အထူးသတိထားသင့်ပါတယ်။
ဘေးမဲ့ပေးခြင်း ဓလေ့စနစ်ဆိုးကြီးမှာ ပျောက်ကွယ်သင့်သည်ဟုမြင်မိပါတယ်။ စည်းကမ်းမဲ့ ငါးလွှတ်ခြင်းမှာလည်း ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာ ရှိသည့်အတွက် ကျွမ်းကျင်တဲ့ ပညာရှင်များကိုသာ ကိုင်တွယ်စေပြီး မဆင်မခြင် ငါးလွှတ်ခြင်းမှ ရှောင်ရှားသင့်ပါသည်။
စာကိုနိဂုံးမချုပ်ခင် ကျွန်တော်အားလုံးအတွက် စဥ်းစားစရာ အတွေးလေးအချို့ ချန်ခဲ့ချင်ပါသည်။ ဘုရားငါးကန်များ သက်တမ်းကြာတဲ့အခါ ပြင်စရာရှိခြင်းသို့မဟုတ် ငါးများကြီးလာတဲ့အခါ ဝန်လျှော့ကြပါသည်။
ဝန်လျော့သည့်အခါ ငါးတွေ ဘယ်နေရာမှာအဆုံးသတ်ကြတယ်ထင်ကြသလဲ?
တကယ်တော့ ဘုရားဘေးမဲ့ငါးကန်တွေကလည်း ကန်ထရိုက်နဲ့ထားထားပြီး လာလည်သူများဆီကရတဲ့ စရိတ်နဲ့အစာဖိုးသက်သာစွာလည်ပတ်နေတဲ့ စီးပွားဖြစ်ငါးမွေးမြူရေးကန်တွေဖြစ်ပြီး အချိန်တန်ရင်ဒီငါးတွေဟာ ဈေးဗန်းထဲပဲအဆုံးသတ်ကြတာပါ။
ဒါကိုသိလိုက်ရလို့ အားလုံးကလည်း ငါးတွေသနားဖို့ကောင်းတယ်ဝိုင်းကယ်ကြပါဆိုပြီး ဘေးမဲ့ကန်ထဲကနေ ဂေဟစနစ်တွေ ဌာနေငါးမျိုးတွေအားလုံး ဒုက္ခပေးမယ့်ကောင်တွေကို ကယ်ထုတ်ပြီး သဘာဝထဲလွှတ်မယ်ဆိုရင်တော့ ဌာနေသက်ရှိများကိုပါ ထောင်သောင်းချီသေကြေပျက်စီးမှာမလို့ ကျွန်တော်တို့ဟာ ဒီဒုက္ခသံသရာစက်ကွင်းဖြစ်တဲ့ စနစ်ဆိုးကြီးကိုသာ အဆုံးသတ်စေတာကပဲ ဖြေရှင်းချက်ဖြစ်မှာပါ။
သတ္တဝါတွေကိုချစ်ရင် ငါးတွေကိုချစ်ရင် အစာချကျွေးစရာမလိုပါ၊ ဘေးမဲ့ပေးစရာမလိုပါ၊ သူတို့နေထိုင်ရာ သဘာဝဂေဟစနစ်များကိုသာ ပုံစံမပျက်ရှိနေဖို့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ခြင်းနဲ့ စည်းကမ်းမဲ့အမှိုက်မပစ်တာဟာ မှန်ကန်သော ချစ်ခြင်းဖြစ်ပါသည်။
Article by Shin Paing @ Piscey Wang
မူရင်းလင့်ခ်>>>
#FishReleaseIssues
#LetsProtectOurWaters
#PisceyAquatics
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ဂေဟစနစ်
zaw min oo
3 years agoသတိပြုမိပါတယ် ကန်တွင်းရေသန့်ရှင်းဘို့ လိုအပ်နေပါပြီ ရေးသားထောက်ပြမှုကို ကျေးဇူးပါ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Shin Paing @ Piscey Wang
See all
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ကိုတော်လှန်ခဲ့ကြတဲ့ သူရဲကောင်းမိကျောင်းကြီးတို့အကြောင်း
23/08/2023
ရေမြောင်းများသည် အမှိုက်ပုံးမဟုတ်...
03/08/2023
လူသိနည်းသေးသည့် ကျူးကျော်မျိုးစိတ်များရဲ့ အန္တရာယ်
26/07/2023
ဘုရားကန်ထဲပင် မရောက်သင့်သည့် 'လိပ်ပါးနီ'
12/07/2023
အင်းလျားကန် (သို့) အလှမွေးငါးမွေးကြသူများရဲ့ အကြီးဆုံးအမှိုက်ပုံကြီး
05/07/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....