Green Way
မြန်မာနိုင်ငံတွင် ဒီရေတောများ ပျံ့နှံ့ပေါက်ရောက်မှု

မြန်မာနိုင်ငံတွင် ဒီရေတောများ ပျံ့နှံ့ပေါက်ရောက်မှု

မြန်မာနိုင်ငံသည် ကမ္ဘာ့ဒီရေတောဧရိယာ၏ ၃.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒီရေတောဧရိယာ ၅,၀၂၉ စတုရန်းကီလိုမီတာရှိရာ ကမ္ဘာ့ဒီရေတော အများဆုံးပေါက်ရောက်သည့် နိုင်ငံများအနက် သတ္တမမြောက်နိုင်ငံအဖြစ် ရပ်တည်လျက်သည်။အရှေ့တောင်အာရှတွင်မူ တတိယမြောက် ဒီရေတောအများဆုံးပေါက်ရောက်သည့်နိုင်ငံအဖြစ်တည်ရှိနေသည်။

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတစ်လျှောက်ဖြစ်သော ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဒီရေတောအများဆုံးပေါက်ရောက်သည်။ ၁၉၈၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်း ဒီရေတောပေါက်ရောက်မှုကို နှိုင်းယှဉ်မည်ဆိုပါက သိသိသာသာလျော့ကျလာလျက်ရှိနေသည်။ ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ၇၆ ရာခိုင်နှုန်း၊ ဧရာဝတီ၌ ၂၉ ရာခိုင်နှုန်း နှင့် တနင်္သာရီ၌ ၉၈ ရာခိုင်နှုန်းအသီးသီးသာကျန်ရှိတော့သည်။ ၎င်းမှာ မြန်မာတစ်နိုင်ငံလုံး ဒီရေတောလွှမ်းခြုံမှု၏ ၆၆ ရာခိုင်နှုန်းသာ ကျန်ရှိခြင်းဖြစ်သည်။ 

ကမ္ဘာတစ်ဝှမ်း ဒီရေတော သစ်မျိုး ၁၁၀ ခန့်ရှိသည့်အနက် ဒီရေတောအပင်စစ်စစ် (True Mangrove) ၅၄ မျိုးရှိသည်။ (သစ်တောဦးစီးဌာန၊ ၂၀၁၈) ခုနှစ်လေ့လောချက်အရ မြန်မာနိုင်ငံတွင် True Mangrove ၃၂ မျိုးခန့်တွေ့နိုင်ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ဒီရေတောဧရိယာ ၂၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင်ဒီရေတော ဧရိယာပိုင်ဆိုင်မှုအများဆုံးနိုင်ငံအဖြစ် ဒီရေတောဧရိယာ (စတုရန်းကီလိုမီတာ) ၃၁,၈၄၉ ကို ပိုင် ဆိုင်ထားသည်ဟုသိရပါသည်။ ဒီရေတောများပျံ့နှံ့ပေါက်ရောက်မှုအများဆုံးနေရာတွင် ဘရာဇီးနိုင်ငံက နံပါတ် (၂) နေရာတွင်တည်ရှိပြီး ဩစတေးလျက နံပါတ် (၃)၊ မက္ကဆီကိုက နံပါတ် (၄)၊ နိုင်ဂျီရီးယားက နံပါတ် (၅)၊ မလေးရှားက နံပါတ် (၆)၊ မြန်မာက နံပါတ် (၇)၊ ဘင်္ဂလားဒေ့ရှ်က နံပါတ် (၈)၊ ကျုးဘားက နံပါတ် (၉)၊ အိန္ဒိယက နံပါတ် (၁၀) နေရာတွင် အသီးသီးတည်ရှိနေကြောင်းသိရသည်။

ဒီရေတောဂေဟစနစ်များမှ ပံ့ပိုးပေးနေသော ဝန်ဆောင်မှု (၄) မျိုးရှိပါသည်။

ယင်းတို့မှာ

  • ပံ့ပိုးပေးခြင်း ဆိုင်ရာဝန်ဆောင်မှုများ (အစားအစာ၊ ရေအရင်းအမြစ်၊ ဆေးဝါးပစ္စည်းများ၊ သစ်၊ ထင်း၊ မျော၊ တိုင်)
  • ပတ်ဝန်းကျင်ထိန်းညှိပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ရာသီဥတုမျှတခြင်း၊ ကမ်းရိုးတန်း အကာအကွယ် ပေးခြင်းကမ်းပါးပြိုတိုက်စားမှုထိန်းချုပ်ပေးခြင်း)၊
  • ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ ဝန်ဆောင်မှုများ (ခရီး သွားလုပ်ငန်း၊ ရှုခင်းပသာဒ၊ သုတေသနနှင့် ပညာပေးလုပ်ငန်း၊ မိရိုးဖလာ အမွေအနှစ်များ)နှင့်
  • အထောက်အကူပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ဂေဟစနစ်လည်ပတ်မှု၊ မြေဆီလွှာ ထုတ်လုပ်ခြင်း၊  မြေဆီလွှာထုတ်လုပ်ခြင်း၊ အစာချက်လုပ်ခြင်း၊ ဇီဝရုပ်ကြွင်း (Biomass) များပံ့ပိုးပေးခြင်း) တို့ဖြစ်လေသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ဒီရေတောဧရိယာပေါင်းဟက်တာ ၁၅.၂ သန်းဝန်းကျင်ခန့်ရှိသည်။  သို့သော်လည်း နှစ်စဉ် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ဒီရေတောများ ဆုံးရှုံးနေရသည်။ ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

Continue reading related topics, questions and articles.

1
U Mg Mg Htwe

U Mg Mg Htwe

2 years ago

မြန်မာနိုင်ငံတွင်နာဂစ်ဖြစ်မှဒီရေတောရဲ့တန်ဘိုးကိုသိကြတယ်၊ဒိရေတောပြံးတည်းရခြင်းအဓိက၊ကအိမ်တွင်လျှပ်စစ်မီးမရလို့ချက်ပြုတ်ရန်လောင်စာအတွက်တတိုင်းပြည်လုံးထင်းမီးသွေးအဖြစ်အသုံးပြုကြရ၊ကြေးရွာများတွင်တဲအိမ်မျာဆောက်ရန်မဓမတိုင်အဖြီစ်သုံးရခြင်းကြေင့်ပြုံးတည်းတယ်၊ဖိလပိုင်နိုင်ငံတွင်ကျွန်တော၁၉၆၂ ခုနှစ်ရောက်ခဲ့ချိန်တွင်ရေနံမထွက်သော်လည်းကျေးရွာများအထိလျှပ်စစ်မီးရသလို၊ LPG ကိုကျေးရွာများတွင်လိုအပ်သလိုဖုံးဆက်လိုက်ရင်ခြောက်ပေလောက်ရှိတဲ့စလင်ဒါနဲ့လာချပေးတယ်ကျွန်တောနေသောမိသားစာမှာချက်ပြုတ်မုံ့ဖုတ်ရန်လောင်စာအတွက်တခါမှပြသနာမတွေ့ရပါလျှပ်စစ်မီးလဲပြတ်တာမကြုံရပါပြတ်ရင်လဲခဏပဲ၊နာဂစ်တုံးကဘဲမြန်မာနိုင်ငံတွင်ဒီရေတောကို NGO အထောက်အပံ့နဲ့စိုက်ခဲ့ဘူးတယ်ဒီလိုလုပ်ငန်းမျိုးကိုဆက်လုပ်သင့်တယ်ယ္ခုအချိမ်ထိကျေးရွာများမှုထင်းနဲ့တဲဆောက်ရန်တိုင်များလိုအပ်နေသေးတယ်လောင်စာလဲပိုပြီးလိုအပ်နေသေးတယ်

You
Worldview International Foundation

Content provider

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....