Green Way
အံဖွယ်သစ်ပင် - ဒီရေတော

အံဖွယ်သစ်ပင် - ဒီရေတော

ကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များထဲတွင် ဒီရေတောများသည်လည်းတစ်ခုအပါအဝင်ဖြစ် သည်။ ဒီရေတောများသည် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းပေးခြင်း၊ ကမ်းရိုးတန်းဒေသအားကာကွယ်ခြင်းနှင့် ကာဗွန်စုဆောင်းခြင်းအစရှိသည့် တာဝန်များကို ထမ်းဆောင်ပေးနေလေသည်။ 

ဒီရေတောအပင်များသည် ကာဗွန်ပမာဏအမြောက်အမြားကို သိုလှောင်ပေးနိုင်ခြင်းမှတစ်ဆင့် ရာသီဥတု ပြောင်းလဲလာခြင်းကိုကာကွယ်တိုက်ဖျက်ရာတွင် အရေးပါသောနေရာမှ ပါဝင်နေလေသည်။ ထိုအပြင် ဒီရေတောများသည် ကမ္ဘာကြီးအတွက်ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနေပြီး အစားအသောက်၊ သစ်နှင့် ဆေးဖက်ဝင်အပင်များ၊ ကမ်းရိုးတန်းဒေသအတွက် အရေးကြီးသောအရင်းအမြစ်များကို ပံ့ပိုးလျက်ရှိပါသည်။

ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကုန်းနေဂေဟစနစ်များထက် ကာဗွန်ကို ပိုမိုသိုလှောင်နိုင်စွမ်းရှိကြသည်။ အထူးသဖြင့် ဒီရေတောများ နှင့် ပင်လယ်မြက်များပင်ဖြစ်လေသည်။ အဆိုပါ ဂေဟစနစ်များသည် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်အများအပြားကိုစုပ်ယူသိုလှောင်နိုင်သည့် အခြေခံ ကုန်ထုတ်စွမ်းအားမြင့်မားသည့် သဘာဝရှိသည်။ စုပ်ယူထားသောကာဗွန်များကို အပင်၏ ဇီဝဒြပ်ထုနှင့် ၎င်းတို့အောက်ရှိ အနည်များတွင် သိမ်းဆည်းသည်။

သစ်ပင်များသည် ကမ္ဘာကြီးစိမ်းလန်းခြင်း၊ ကမ္ဘာကြီးပူနွေးမှုကိုအကာအကွယ်ပေးခြင်းအစရှိသည့် အကျိုုးကျေးဇူးများကိုပေးနေရာ ဒီရေတောများအနေဖြင့် ကုန်းပေါ်တွင်ပေါက်ရောက်သောသစ်ပင်များထက် ကာဗွန်ပမာဏငါးဆအထိ စုဆောင်းနိုင်စွမ်းရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ဒီရေတောများသည် ၎င်းတို့၏ အမြစ်များနှင့် မြေဆီလွှာများတွင် ကာဗွန်စုဆောင်းမှုနှုန်း အလွန်မြင့်မားသောကြောင့်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် ကာဗွန်ကို သိုလှောင်ထားနိုင်သောကြောင့် ဖြစ်သည်။ ပင်လယ်မြက်များသည်လည်း ထိုနည်းလည်းကောင်းပင် ၎င်းတို့၏မြေဆီလွှာတွင် ကာဗွန်ကို နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာကြာအောင် သိုလှောင်ထားနိုင်သည့် အရေးကြီးသော ကာဗွန်စုပ်ခွက်များ ဖြစ်သည်။

ထိုကဲ့သို့အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကမ္ဘာပေါ်တွင် ခြိမ်းခြောက်မှုအရှိဆုံးဂေဟစနစ်များထဲမှတစ်ခုဖြစ်ပါသည်။ ပညာရှင်များ၏ ခန့်မှန်းချက် အရ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းခန့်တိုက်စားခံရနေပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တန်ချိန် (၁၀၂) ဘီလီယံ ထုတ်လွှတ်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသည်။

ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးသော မဟာဗျူဟာများ ဖြစ်သည်။

အဆိုပါဆောင်ရွက်ချက်များဖြင့် လိုအပ်နေသောဂေဟစနစ်ကိုပြုပြင်ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဟုဆိုရာတွင် ပျက်စီးယိုယွင်းသွား သော၊ ပျက်စီးနေသော ဒီရေတောများ၌ ဒီရေတောပျိုးပင်ငယ်များကို ပြန်လည်စိုက်ပျိုးခြင်းလည်းပါဝင်ပါ သည်။

ဒီရေတောများပြန်လည်စိမ်းလန်းလာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုများအစရှိသော စီးပွားရေးဆိုင်ရာအကျိုးရလာဒ်များကိုလည်း ကောင်း စွာထောက်ပံ့ပေးနိုင်ပါသည်။ ထိုမျှပင်မကသေးပါ။ သဘာဝခရီးသွားလုပ်ငန်းကဏ္ဍကိုလည်းထောက်ပံ့ပေးပြီး ဒေသခံများအတွက် စီးပွားရေးအသစ်များ၊ ဝင်ငွေအသစ်များကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါ သည်။

ထို့ကြောင့် ဒီရေတောများပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့သည် ဂေဟစနစ်နှင့် လူသားအသိုင်း အဝိုင်းနှစ်ခုစလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများအကျိုးကျေးဇူးများကို ပေးစွမ်းနေပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

You
Worldview International Foundation

Content provider

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....