ငါးမြစ်ချင်း စီးပွားဖြစ် အသားတိုး မွေးမြူနည်း
ငါးမြစ်ချင်းသည် စီးပွားဖြစ် ငါးမွေးမြူရေးတွင် အသုံးများသော ရေချိုမွေးမြူရေးငါး ဖြစ်ပါသည်။ အသီးအရွက်စား ငါးအမျိုးအစားဖြစ်သော်လည်း အင်းဆက်ပိုးမွှားများ၏ သားလောင်းများကိုလည်း စားသုံးလေ့ရှိပြီး ရေလယ်လွှာတွင် အဓိကနေထိုင်သော ငါးအမျိုးအစားဖြစ်ပါသည်။ ကြီးထွားမှုကောင်းမွန်ကာ အလျား ၂ပေခွဲခန့် (အလေးချိန် - ၆ ပိဿာ မှ ၉ ပိဿာ)အထိ ကြီးထွားနိုင်ပါသည်။ ရေအပူချိန် ၁ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ကောင်းစွာခံနိုင်ရည်ရှိပါသည်။ ၁၃ ဒီဂရီစင်တီဂရိတ်ခန့်တွင် ကြီးထွားနှုန်းအကောင်းဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် အထက်တွင်သာ သားပေါက်နိုင်ပါသည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး စျေးကွက်ဝယ်လိုအား ကောင်းမွန်သော ငါးအမျိုးအစားတစ်မျိုးဖြစ်ပါသည်။
ငါးမြစ်ချင်းငါးသည် အသုံးများသော ရေချိုမွေးမြူရေးငါးများ ဖြစ်သော်လည်း ငါးကူးခတ်သွားလာရန်(မွေးမြူရေးအခေါ်အရ ငါးပြေးလမ်း) လိုအပ်သောကြောင့် ကျယ်ဝန်းသောကန်များဖြင့်သာ မွေးမြူသင့်ပြီး အသေးစားငါးမွေးမြူရေးသုံး တစ်နိုင်တစ်ပိုင်ကန်ငယ်များဖြင့် မွေးမြူရန် သင့်လျော်မှု မရှိပါ။ အသေးစား ငါးမွေးမြူရေးအတွက် ၄င်းငါးမျိုးများအား မွေးမြူသင့်သော အသေးငယ်ဆုံးကန်အရွယ်အစားမှာ ၀.၂ ဧက (ဥပမာ- ၈၀ ပေ x ၁၂၀ ပေ အရွယ်အစား)ခန့် ကျယ်ဝန်းသောကန်များ ဖြစ်ပါသည်။
ငါးမြစ်ချင်းငါး အသားတိုးမွေးမြူနည်း
စီးပွားဖြစ် ငါးမြစ်ချင်းငါး မွေးမြူရာတွင် ပြုစုကန်နှင့် အသားတိုးကန် ၂မျိုးဖြင့် မွေးမြူလေ့ရှိကြပြီး မွေးကာလ ၃ နှစ်ခန့် မွေးမြူကြပါသည်။
ပြုစုကန် - ငါးမြစ်ချင်းငါးပြုစုကန်သည် ရေအနက် ၃ပေ ခန့်သာရှိပြီး ကန်အောက်ခြေရေမှော်ပင်များအား ရှင်းလင်းထားသော ရေသွင်းရေထုတ်ပြုလုပ်နိုင်သည့် ကန်များဖြစ်ပြီး အရွယ်အစားအားဖြင့် ၁ ဧက မှ ၂ ဧကခွဲခန့် ကျယ်ဝန်းသောကန်များ ဖြစ်ပါသည်။ ၄င်းကန်များအား ငါးမြစ်ချင်းသားပေါက်များ မထည့်သွင်းမီ သဘာဝသက်ရှိအစားအစာများဖြစ်သော သတ္တမျှောလှေး(zooplankton- rotifer, daphnia)များ ပေါက်ဖွားလာရန် ကောင်းစွာပြုစုထားရန် လိုအပ်ပါသည်။ ငါးသားပေါက်ထည့်သွင်းနှုန်းမှာ ၃ ပေ ပတ်လည်ရှိသော အကျယ်အဝန်းတွင် ငါးမြစ်ချင်းသားပေါက်(ငါးသန်)ကောင်ရေ ၁၀၀ မှ ၄၀၀ ခန့် ထည့်သွင်းမွေးမြူကြပါသည်။ ၄င်းကန်အတွင်း ပြုစုမွေးမြူကြပြီးမွေးမြူရေးကာလအားဖြင့် အချိန် ၄ ပတ်မှ ၆ ပတ်အတွင်း ငါးဖြန်းအရွယ် (၀.၀၁ ကျပ်သားမှ ၀.၀၃ ကျပ်သားအရွယ်)သို့ ရောက်ရှိချိန်တွင် အသားတိုးကန်များအတွင်းသို့ ပြောင်းရွှေ့ပြီးဆက်လက်မွေးမြူကြပါသည်။ ရှင်သန်နှုန်းမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့် ရရှိလေ့ရှိပါသည်။
ငါးပြုစုကန်အနေဖြင့် အခြားနည်းလမ်းအားဖြင့် မြေကန်အစား ၅၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေခန့်အထိ ကျယ်ဝန်းပြီး ကွန်ကရစ်၊ အုတ် သို့မဟုတ် ပလတ်စတစ်များဖြင့် ပြုလုပ်ထားသော ကန်များအတွင်း ထည့်သွင်းမွေးမြူပြီး ၀.၄ လက်မမှ ၀.၈ လက်မခန့်အရွယ် ငါးမြစ်ချင်းသားပေါက်များ ရရှိသည်အထိ ငါးပြုစုခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝအစားအစာဖြစ်သော သတ္တမျှောလှေးများ သိပ်သည်းစွာ ပေါက်ဖွားလာရန်အတွက်ကွန်ပေါင်းဓာတ်မြေသြဇာ၊ နွားချေး၊ ကြက်ချေး စသော တိရစ္ဆာန်အညစ်အကြေးများအား ထည့်သွင်းပေးရန်လိုအပ်ပါသည်။
ငါးပြုစုရာတွင် ၅ ဧကအထက် မြေသားကန်ကြီးများဖြင့် မွေးမြူပြုစုခြင်းက ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ အကောင်းဆုံးကြီးထွားမှုကို ရရှိရန် ကန်၏ ရေအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်ရှိရန် လိုအပ်ပြီး ၄င်းအပူချိန်ထက်အေးသော ရေအပူချိန်တွင် ငါး၏ကြီးထွားနှုန်းလျော့နည်းကျဆင်းကြောင်း တွေ့ရပါသည်။ ကန်ရေ၏ အပူချိန်သည် ကြီးထွားနှုန်းအကောင်းဆုံးအခြေအနေကို ရရှိပါက ငါးမြစ်ချင်းသားပေါက်များသည် မွေးကာလ ၆ လ အတွင်း ၃၀ ကျပ်သားအရွယ်သို့ ကြီးထွားနိုင်ပါသည်။
အသားတိုး မွေးမြူခြင်း- အနည်းငယ်တိုးချဲ့မွေးမြူနည်းစနစ်(Extensive system)ဖြင့် အသားတိုး မွေးမြူရာတွင် တစ်ဧကလျှင် စတင်ထည့်သွင်းကုန်ချိန် ၃၀ ပိဿာ မှ ၅၀ ပိဿာ အထိ မွေးကာလတစ်နှစ်အတွင်း စျေးကွက်ဝင်အရွယ် ငါးမြစ်ချင်းကုန်ချိန်ပိဿာ ၁၅၀ မှ ၁၇၅ ပိဿာခန့် ရရှိနိုင်ပါသည်။

မွေးမြူနည်းစနစ် အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သားပေါက်ပြုစုခြင်း - တစ်ဧကကန်တွင် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၄၀,၀၀၀ မှ ၈၀,၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပြီး ပိဿာအနေဖြင့် ထည့်သွင်းမည်ဆိုလျှင် ၂၅ ကျပ်သား ထည့်သွင်းနိုင်ပါသည်။ ရှင်သန်မှုမှာ တစ်ဧကတွင် ငါးအကောင်ရေ ၂,၅၀၀ မှ ၁၆,ဝဝဝ ကောင် ရှင်သန်နိုင်ပြီး ရာခိုင်နှုန်းအား ဖြင့် ၅ မှ ၃၀ ရာခိုင်နှုန်း ရှင်သန်မှုရှိပါသည်။ တစ်ဧက ကုန်တက်ပိဿာမှာ ၅၀ မှ ၁၀၀ ပိဿာ အထိ ရှိပါသည်။
ငါးဖြန်းအား ပထမတစ်နှစ်မွေးခြင်း- တစ်ဧကကန်တွင် ငါးဖြန်းကောင်ရေ ၁၆,၀၀၀ မှ ၂၄,၀၀၀ အထိ ထည့်သွင်းနိုင်ပြီး ပိဿာအနေဖြင့် ၂ မှ ၃.၇၅ ပိဿာ ထည့်သွင်းနိုင်ပါသည်။ ရှင်သန်မှုမှာ တစ်ဧကကန်တွင် ငါးဖြန်းကောင်ရေ ၈,၀၀၀ မှ ၁၄,၀၀၀ ကောင်ရှင်သန်နိုင်ပြီး ရာခိုင်နှုန်အားဖြင့် ၅၀ မှ ၆၀ ရာခိုင်နှုန်း ရှင်သန်မှုရှိပါသည်။ တစ်ဧက ကုန်တက်ပိဿာမှာ ၇၅ မှ ၁၇၅ ပိဿာအထိ ရှိပါသည်။
ပထမနှစ်မှ ဒုတိယတစ်နှစ် မွေးမြူခြင်း - တစ်ဧကကန်တွင် ငါးမြစ်ချင်းကောင်ရေ ၂၀၀၀ မှ ၂၈၀၀ ကောင်အထိ ထည့်သွင်းနိုင်ပြီး ပိဿာအနေဖြင့် ၂၅ မှ ၅၀ ပိဿာ ထည့်သွင်းနိုင်ပါသည်။ ရှင်သန်မှုမှာ တစ်ဧကတွင် ငါးမြစ်ချင်းကောင်ရေ ၁၂၀၀ မှ ၁၆၀၀ ကောင်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၀ မှ ၇၀ ရာခိုင်နှုန်း ရှင်သန်မှုရှိပါသည်။တစ်ဧက ကုန်တက်ပိဿာမှာ ၁၅၀ မှ ၂၀၀ ပိဿာအထိ ရှိပါသည်။
ဒုတိယနှစ်မှ ကန်ဖော်ဖမ်းဆီးခြင်း - တစ်ဧကကန်တွင် ငါးမြစ်ချင်းကောင်ရေ ၂၄၀ မှ ၃၂၀ ကောင်အထိ ထည့်သွင်းနိုင်ပြီး ပိဿာအနေဖြင့် ၃၀ မှ ၅၀ ပိဿာ အထိ ထည့်သွင်းနိုင်ပါသည်။ရှင်သန်မှုမှာ တစ်ဧကတွင် ငါးမြစ်ချင်းကောင်ရေ ၁၆၀ မှ ၂၀၀ ပိဿာ အထိ ရှင်သန်နိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၅၀ မှ ၇၀ ရာခိုင်နှုန်း ရှင်သန်နိုင်ပါသည်။ တစ်ဧက ကုန်တက်ပိဿာမှာ ၁၅၀ မှ ၁၇၅ ပိဿာ အထိ ရှိပါသည်။
အစာကျွေးခြင်း- ငါးမြစ်ချင်းငါးသည် အစုံစားငါးအမျိုးအစားဖြစ်ပြီး ရေနေအင်းဆက်သားလောင်းများအား နှစ်သက်စွာ စားသုံးပါသည်။သဘာဝအစားအစာကို အားထားမွေးမြူသော်လည်း ကန်၏ သဘာဝအစားအစာထုတ်လုပ်မှု ကျဆင်းသောအခြေအနေများတွင် ငါး၏ကြီးထွားနှုန်းအား မထိခိုက်စေရန်အတွက် ဖြည့်စွက်စာကျွေးမွေးပေးရန် လိုအပ်ပါသည်။ ငါး၏ကြီးထွားနှုန်း အကောင်းဆုံး ဖြစ်စေလိုပါက အာဟာရတန်ဖိုးမြင့်မားသော အရည်အသွေးကောင်းမွန်သည့် အစာအား ဖြည့်စွက်စာအဖြစ် ကျွေးမွေးပေးရန် လိုအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tun Min Aung
1 year agoငါးမွေးကန်၉ဧကကို(၄၀)သားအရွယ်အကောင်ရေ(၆၀၀၀)ထည့်ထားပါတယ်(၁၂)လမွေးပါမယ်ကြီးထွားမှုမည်မျှလောက်ရှိနိုင်ပါသလဲ။
Tun Min Aung
1 year agoငါးကန်၉ဧကကိုငါးမြစ်ချင်းအကောင်ရေ(၆၀၀၀)ထည့်ထားပါတယ်အရွယ်တကောင်(၄၀)သားပါမွေးမြူချိန်၁၂ကိုတကောင်ဘယ်လောက်ကြီးထွားနိုင်ပါသလဲနည်းလမ်းသိချင်ပါတယ်
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....