ရေချိုငါးမုတ် အသားတိုးမွေးမြူနည်း
ရေချိုငါးမုတ်ငါးမျိုးများသည် အစုံစားသောငါးမျိုးဖြစ်ပြီး အသားတိုးနှုန်းကောင်းမွန်၍ မြေကန်များနှင့် မွေးမြူနိုင်ပါသည်။ အသားမာပြီး အရသာရှိသောကြောင့် စီးပွားဖြစ်မွေးမြူသင့်သော ငါးမျိုးဖြစ်သည်။ ရေချိုမွေးမြူရေးငါးများတွင် ကြီးထွားနှုန်းအကောင်းဆုံးငါးမျိုး ဖြစ်ပါသည်။
မြေနေရာ၊ မြေအမျိုးအစားရွေးချယ်ခြင်း
ရေချိုငါးမုတ်မွေးမြူသော မြေနေရာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စျေးကွက်နှင့်နီးသောနေရာ ဖြစ်ရမည်။ တစ်နှစ်ပတ်လုံး ရေအလွယ်တကူရရှိနိုင်သောနေရာ ဖြစ်ရမည်။ ရွှံ့စေး(သို့)ရွှံ့နုန်းမြေအမျိုးအစားကို ရွေးချယ်သင့်ပါသည်။ ထုံးဓာတ်များသောရေသည် ပြုပြင်ရန်လိုအပ်သဖြင့် ကုန်ကျစရိတ်များသောကြောင့် မရွေးချယ်သင့်ပေ။
ကန်တူးဖော်ခြင်း
ရေချိုငါးမုတ်မွေးမြူရန် အနည်းဆုံး ရေအနက် ၄ပေ လိုအပ်ရာ မြေသားအနက် ၄ပေတူးဖော်ရန် လိုအပ်ပါသည်။ ရေနက်ကွင်းဒေသများတွင် အလယ်၌ကျောက်ပျဥ်ခံပြီး ဘေးပတ်လည်၌ ပတ်မြောင်းတူးကာ ကန်ဘောင်အမြင့် ၇ ပေ မှ ၈ ပေအထိ ခိုင်ခံ့စွာ ပြုလုပ်မွေးမြူနိုင်ပါသည်။
ရေသွင်းရေထုတ်ပြုလုပ်ရန် ရေတံခါးများစနစ်တကျ ပြုလုပ်ရမည်။ ငါးများပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူစေရန် ကန်အောက်ခြေ၌ ရေထုတ်ပေါက်ဖက်သို့ ဆင်ခြေလျှော တူးဖော်ပေးရမည်။

ကန်အရွယ်အစား
ရေချိုငါးမုတ် စီးပွားဖြစ်မွေးမြူရန် ၀.၅၀ ဧကမှ ၂ ဧကရှိသော ကန်များတူးဖော်သင့်ပါသည်။
ကန်ပြင်ဆင်ပုံ အဆင့်ဆင့်
ရေချိုငါးမုတ်မွေးမြူသောကန်သည် ကန်အသစ်ဖြစ်ပါက ဖောက်ထုံး၊ မဖောက်ထုံး၊ ဒိုလိုမိုက်၊ ကယ်လစီယမ်ကာဗွန်နိတ်တို့ကို အသုံးပြုနိုင်သည်။ အသုံးပြုရာတွင် ရေ၏pH ပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာ ၃၀ မှ ၁၀၀ အထိသုံးနိုင်သည်။
ထုံးထည့်ပြီး တစ်ပတ်အကြာတွင် တစ်ဧကလျှင် နွားချေး၊ ဝက်ချေး၊ ကြက်ချေး/သဘာဝမြေသြဇာများကို ပိဿာ ၁၅၀ ခန့် ထည့်ပေးရမည်။ အကယ်၍ သဘာဝမြေသြဇာများ လုံလောက်စွာမရရှိပါက ဓာတ်မြေသြဇာအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ဓာတ်ဆားများကို ၂ : ၃ : ၁ အတိုင်း တစ်ဧကလျှင် ၅ဝ ကီလိုဂရမ်မှ ၂၂၅ ကီလိုဂရမ်အတွင်း ထည့်သွင်းအသုံးပြုနိုင်သည်။
ထို့နောက် ရေ၄ပေခန့်အထိ ထည့်သွင်းပေးရသည်။ တစ်ပတ်မှ ၁၀ ရက်ခန့်အထိအကြာတွင် ကန်ရေမှာ ကြည်စိမ်းလာပါက ရေချိုငါးမုတ်သားပေါက်များ ထည့်သွင်းမွေးမြူနိုင်မည် ဖြစ်ပါသည်။
ရေချိုငါးမုတ်မွေးမြူရေးကန်သည် ကန်အဟောင်းဖြစ်ပါက ကန်အတွင်းရှိ ရေအားလုံးကို ထုတ်ပစ်၍ ငါးရိုင်းများကုန်စင်အောင် ရှင်းလင်းသုတ်သင် ပေးရသည်။ ရေကိုစစ်၍ သွင်းပေးရမည်။ ရေထည့်ပြီး ၁၀ ရက်ခန့်အကြာ ကန်ရေစိမ်းလာပါက ငါးသားပေါက်များ စတင်ထည့်သွင်းမွေးမြူနိုင်ပါသည်။
ငါးသားပေါက် ထည့်သွင်းနှုန်း
ငါးကန်တစ်ဧကလျှင် ရေချိုငါးမုတ်သားပေါက်ကောင် ရေ ၃၀၀၀ မှ ၅၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ မွေးမြူသောငါးများသည် အရွယ်အစားညီမျှရမည်။ အခြားငါးများနှင့် ရောနှောမွေးမြူမည်ဆိုပါက ငါးဖျန်းအရွယ်များကိုသာ ထည့်သွင်းမွေးမြူသင့်ပါသည်။ သီးသန့်မွေးမြူပါက ပိုမို သင့်လျော်ပါသည်။
အစာအမျိုးအစားနှင့် အစာကျွေးနှုန်း
မွေးမြူထားသော ရေချိုငါးမုတ်များကို ဖွဲနု၊ ပဲဖတ်၊နှမ်းဖတ်နှင့် တိရစ္ဆာန်အူများ၊အစာကြွင်း အစာကျန်များနှင့် အသားများကိုလည်း ကျွေးမွေးနိုင်ပါသည်။ အထူးစပ်စာအဖြစ် ဖွဲနု ၅၀ % ၊ ပဲဖတ် ၃၀ % နှင့် ငါးကြေမှုန့် ၂၀ % တို့အား ရေဖြင့်ရောနယ်ပြီး အလုံးများပြုလုပ်၍ ကျွေးမွေးနိုင်ပါသည်။
ကန်အတွင်းတွင်ရှိသော ငါးစုစုပေါင်းအလေးချိန်၏ ၅% မှ ၈% အထိ နေ့စဥ်တွက်ချက်ကျွေးမွေးနိုင်ပါသည်။ ရေချိုငါးမုတ်ငါးမျိုးသည် အစုံစားငါးမျိုးဖြစ်သဖြင့် ကျွေးမွေးသော အစာအကြွင်းအကျန်များကြောင့် ကန်ရေညစ်ညမ်းလျှင် ရေလဲလှယ်ပေးရန် လိုအပ်ပါသည်။
ကြီးထွားနှုန်း
ရေချိုငါးမုတ်များကို အာဟာရပြည့်ဝသောအစာကိုကျွေး၍ စနစ်တကျ မွေးမြူမည်ဆိုပါက တစ်နှစ်တွင် ၁ ပိဿာ မှ ၂ ပိဿာအထိ ကြီးထွားနိုင်ပါသည်။
အဖတ်တင်နှုန်း
ရေချိုငါးမုတ် ငါးသားပေါက်များကို ၁.၅-၂ လက်မငါးသန်အရွယ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူပါက ၅၀ % နှင့် ၃လက်မ-၄လက်မ ငါးသန်အရွယ်ထည့်သွင်းမွေးမြူပါက ၇၀ % မှ ၈၀ % အဖတ်တင်နှုန်း ရရှိနိုင်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများ
ရေချိုငါးမုတ် ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာန၊ငါးသားဖောက် စခန်းများမှ လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေချိုငါးမုတ်မွေးမြူရေးနှင့် ပတ်သက်သည့် နည်းစနစ်များ၊ ကျွမ်းကျင်မှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးလျက် ရှိပါသည်။
ရေချိုငါးမုတ်မွေးမြူရန် သင့်လျော်သည့် မြေများနှင့် ရေ၊ မြေတို့၏ ရူပ၊ ဓာတုဆိုင်ရာ အခြေအနေများအား စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရေမြေနှင့် ကိုက်ညီသည့် ငါးမျိုးအသစ်များ၏ မွေးမြူနည်း၊ သားဖောက်နည်းများအား သုတေသနပြုလျှက် စီးပွားရေးအရ အကျိုးအမြတ်ရှိနိုင်သည့် ငါးမျိုးသားပေါက်များ ထုတ်လုပ်ပေးခြင်း၊ နည်းစနစ်များ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်သက်အောင်
4 months agoငါးမုန့်သားပေါက်ဘယ်မှာဝယ်ဘို့ရလဲဗျ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025