ကဏန်းမွေးမြူနည်းစနစ်အမျိုးမျိုး
မြန်မာနိုင်ငံတွင် တွေ့ရှိရသောကဏန်းများမှာ ရွှံ့ကဏန်း/ကဏန်းမဲ(Mud crab) ၊ ကဏန်းချေးပုန်း (Mangrove crab) ၊ ကဏန်းပြာ(Blue swimming crab) ၊ သဲကဏန်း(Sand crab)၊ ကဏန်းဘုန်းကြီး/ ကဏန်းနီ(Spanner crab) တို့ဖြစ်ကြပြီး အခြားကဏန်းမျိုးစိတ်ငယ်များမှာ ခြေနီကဏန်း၊ ကဏန်းဖြူ၊ အုန်းကဏန်း၊ ဝသုံးလုံးကဏန်း၊ မျောက်ကဏန်း၊ ကဏန်းယပ်တောင်၊ တယောထိုးကဏန်း စသဖြင့် ရှိကြသည်။ ထိုထဲတွင်မှ စီးပွားဖြစ်မွေးမြူနိုင်သည့် ကဏန်း Scylla serrata မျိုးစိတ် မွေးမြူနည်းကို ဖော်ပြပေးပါမည်။
ကဏန်းသွင်ပြင်လက္ခဏာနှင့် သဘာဝအလေ့အထ
ရွှံ့ကဏန်းတွင် ခြေချောင်း(၅)စုံ ပါရှိပြီး ပထမခြေချောင်းကို ကဏန်းလက်မဟု လူသိများပါသည်။ ရွှံ့ကဏန်း၏ အပေါ်ခွံ Carapace အရောင်သည် ရွှံ့နှစ်ရောင်ရင့်ရင့်ဖြစ်ပြီး ဘဲဥပုံရှိပါသည်။ ကဏန်းအထီး၊ အမများကို ခွဲခြားရန်အတွက် ဝမ်းဗိုက်ပိုင်း(abdomen)ဘက်ကို လှည့်ကြည့်ခြင်းအား ဖြင့် ရင်ဘတ်အဖုံးအပြား(ချက်ပြား)၏ အနေအထားကို ကြည့်၍ လွယ်ကူစွာခွဲခြားနိုင်ပါသည်။ ကဏန်းအမမှာ ဝမ်းဗိုက်ပြည့်လုနီးပါး (ဂ)ပုံသဏ္ဍာန်ရှိပြီး အထီးမှာ ချက်ပြားငယ်၍ ထိပ်ချွန်ချွန်(တြိဂံ)ပုံရှိပါသည်။
ရေငန်ဝင်ရောက်ရာ မြစ်ဝ၊ ချောင်းဝ၊ ဒီရေတောများပေါက်ရောက်ရာ ကမ်းစပ်ဒေသ(လတာပြင်၊ လမုတော၊ ကနစိုတော)များတွင် နေထိုင်ကျက်စားကြပါသည်။ ရွှံ့ကဏန်းသည် အစာမျိုးစုံစားသည့် သတ္တဝါဖြစ်ပြီး ကြက်အူ၊ ငါး၊ ငါးခြောက်၊ ကမာ၊ ကင်းမွန်၊ ခရုကမာငယ်များကို စားသုံးတတ်ကြပါသည်။ ရွှံ့ကဏန်းများသည် အငန်နှုန်း 15 PPTမှ 25 PPT အတွင်း နေထိုင်ကြီးထွားနိုင်ကြပါသည်။
ရွှံ့ကဏန်းများသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်ပါသည်။ ရွှံ့ကဏန်းသည် ကြီးထွားရန်နှင့် မိတ်လိုက်ရန်အတွက် အရေခွံလဲလှယ်ခြင်း(Moulting) ပြု လုပ်ကြပါသည်။ အရေခွံလဲလှယ်စ ကဏန်းများသည် အငန်နှုန်း 20 PPT တွင် ၂-၃ နာရီခန့်တွင်လည်းကောင်း၊ ရေချိုတွင် ၈-၉ နာရီခန့်တွင်လည်းကောင်း အရေခွံပြန်မာသွားတတ်ပါသည်။ အရေခွံမလဲမီကဏန်းတစ်ကောင်သည် ၁၀၀ ဂရမ်ရှိပါက အရေခွံလဲပြီးလျှင် ၁၃၀ ဂရမ်ခန့်အထိ အလေးချိန်တိုးသွားတတ်ပါသည်။
ကဏန်းဝယ်ယူစုဆောင်းပုံ
ရေထရက်များတွင် ကဏန်းခုတ်(ကဏန်းဖမ်းဆီးသည့်မြှုံး)ဖြင့် ကဏန်းများရှင်သန်ပေါက်ဖွားရာ ဒီရေဝင်ရောက်သည့် ချောင်းလက်တက်၊လမုတော၊ ကမ်းနားစပ်များတွင် ချထားရပါသည်။ ကဏန်းစာများအဖြစ် ငါးအသေး(သို့မဟုတ်) ငါးအသားတုံးများကို အသုံးပြုပါသည်။ ဒီရေတက်လာ သောအခါ ကဏန်းဖမ်းဆီးသည့်မြှုံးများထဲသို့ ကဏန်းများဝင်ရောက်မိပြီး အလွယ်တကူဖမ်းဆီးနိုင်ပါသည်။ ရွှံ့ကဏန်းများမှာ အညှီနံ့ကိုပိုမိုကြိုက်နှစ်သက်ပြီး အမဲသား စသည့်အသားများကိုလည်း ထည့်သွင်းနိုင်ပါသည်။ ဖမ်းဆီးရမိကဏန်းများကို ကြိုးဖြင့်ချည်၍ သစ်သားတာပုံး(သို့မဟုတ်) ဝါးခြင်းများအတွင်း စနစ်တကျထည့်သွင်းကာ သယ်ယူပို့ဆောင်ကြပါသည်။

ကဏန်းမွေးမြူနည်းစနစ်အမျိုးမျိုး
(က) အရေခွံပျော့ မွေးမြူပုံ(Moulting Crab Culture)
အမအစား အထီးများကို မွေးမြူလေ့ရှိပါသည်။အလေးချိန် ၁၀၀ ဂရမ်ပတ်ဝန်းကျင် အထီးများကို စုဆောင်းပြီး ပေ ၁၀၀ ပတ်လည်၊ ရေအနက် ၂ပေခန့်ရှိ မြေကြီးကန်များတွင် PVC ပိုက်များတွင်တပ်ဆင်ထားသည့် “ကဏန်းမွေးမြူသည့်ခြင်း”များတွင် တစ်ကောင်စီ ထည့်သွင်း၍ မွေးမြူနည်းဖြစ်ပါသည်။တစ်ရက်တစ်ကြိမ် ငါးအသားတုံးများကို ကျွေးမွေးပြီး အရေခွံလဲလှယ်မှုကို ၃နာရီခြားတစ်ခါ၊ တစ်ပတ်ခန့်စောင့်ကြည့်ရလေ့ရှိပါသည်။အခွံဟောင်းနှင့် ကဏန်းအရေခွံပျော့တွေ့ရှိပါက ထုတ်ယူပြီး အအေးခန်းစက်ရုံတွင် အခဲခံကာ သိမ်းဆည်းပါသည်။
(ခ) ဝါးခြင်းဖြင့် မွေးမြူမှု(Cage Culture)
ဝါးခြင်းများတွင် ကဏန်းတစ်ကောင်နှုန်းထည့်သွင်းကာ မွေးမြူမှုဖြစ်ပါသည်။ အချို့ဒေသများတွင် ဝါးဘုံလုံအတွင်း ကဏန်းငယ်များအားထည့်သွင်းမွေးမြူတတ်ပါသည်။ ဝါးခြင်း(သို့မဟုတ်) ဝါးဘုံလုံရေပေါ် ပေါ်နေစေရန် ဝါးဘိုးဝါး၊ ပလတ်စတစ်ပုံး၊ ဖော့တုံးများ အသုံးပြုကြပါသည်။ အသား ပြည့်လာသည့်အခါ ဖော်ယူရောင်းချကြပါသည်။
ယခုအခါ Crab Bank ဟုခေါ်သည့် ငါးဖမ်းပိုက်ကာရံထားသည့် ၁၀ ပေ x ၁၀ ပေ x ၁၀ ပေ ပတ်လည် Floating Cage Culture ပြုလုပ်ကာ ကဏန်းငယ်များထည့်သွင်း၍ မွေးမြူနေကြပြီ ဖြစ်ပါသည်။
(ဂ) ခြံခတ်မွေးမြူမှု (Pen Culture)
ဒီရေလွှမ်းသည့် ရေပြင်တွင် အရွယ်အစားအလိုက် ဝါးယင်းများဖြင့် ခြံခတ်၍ မွေးမြူမှု ဖြစ်ပါသည်။ ခြံများကို ဝါးယင်းလိပ်များဖြင့် ဖုံးအုပ်ထားပြီး ခြံတစ်ခြံကောင်ရေ ၁၀၀- ၁၅၀ ခန့်ရှိကာ ဒီရေကျမှ ခြံအဖုံးဖွင့်၍ အစာကျွေးကာ မွေးမြူနည်းဖြစ်ပါသည်။ ကဏန်းအစာအဖြစ် ငါးသေး၊ ငါးဖွဲ (Trash Fish)၊ တိရစ္ဆာန်စွန့်ပစ်အစာများကို ကဏန်းအလေးချိန်၏ ၁၀ ရာခိုင်နှုန်းခန့် ကျွေးမွေးပါသည်။
(ဃ) မြေကြီးကန်တူး၍ မွေးမြူမှု(Pond Culture)
ရွှံ့စေးဆန်သောမြေတွင် မြေကြီးကန်များတူး၍ မွေးမြူမှုဖြစ်ပါသည်။ ကန်ဘောင်ပတ်လည်တွင် ဝါးယင်းများ ကာရံရပါသည်။ ကဏန်းအရေခွံလဲချိန်တွင် အချင်းချင်း စားပစ်တတ်၍ ကဏန်းခိုရန် နေရာပေးထားရန် လိုအပ်ပါသည်။(ဥပမာ- ငါးဖမ်းပိုက်အဟောင်း၊ ဝါးယင်းလိပ်၊ ခြုံစသည်များ)ကဏန်းထီးသည် အသားတက်မြန်လေ့ရှိပါသည်။ တစ်ဧကလျှင် အကောင်ရေ ၄၀၀၀ နှုန်းခန့် မွေးမြူပါသည်။
၁၀၀-၁၅၀ ဂရမ်အကောင်များ ဝယ်ယူ၍ ၃-၄ လခန့်မွေးမြူလျှင် ၂၅၀-၃၀၀ ဂရမ်ခန့် ကြီးထွားနိုင်ပါသည်။ ရှင်သန်နှုန်းမှာ ကန်အရွယ်အစားနှင့် ကောင်ရေနှုန်းပေါ်မူတည်၍ ၅၀ မှ ၇၅ ရာခိုင်နှုန်းခန့်အထိ ရှင်သန်တတ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kaung khant
2 years agogood
win ko thu
2 years agoကျေးဇူးပါ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025