ဇန်နဝါရီလမှမတ်လအထိ သားဖောက်ရန်အကောင်းဆုံးငါးတစ်မျိုးဖြစ်သော ရွှေဝါငါးကြင်းငါး
ရွှေဝါငါးကြင်းငါးကို သားဖောက်မည်ဆိုပါက ဇန်နဝါရီလမှ မတ်လအထိနှင့် ဇွန်လမှ သြဂုတ်လများသည် သားဖောက်ရန် အကောင်းဆုံးလများ ဖြစ်ကြပါသည်။
အရွယ်ရောက်ခြင်း
ရွှေဝါငါးကြင်းငါးသည် ၁နှစ်သားတွင် အရွယ်ရောက်သည်။ အလေးချိန် (၀.၅-၁) ကီလိုဂရမ် (၃၀-၆၀ ကျပ်သား) ရှိသော အမများသည် ဥချသားဖောက်မှု အကောင်းဆုံး ဖြစ်ပါသည်။ အထီးများသည် အမများထက်စော၍ မျိုးပွားအင်္ဂါရင့်ကျက်ကာ ပိုမိုသန်မာသဖြင့် အရွယ်ငယ်သော အထီးများကိုလည်း ရွေးချယ်သားဖောက်နိုင်ပါသည်။
သားဖောက်ခြင်း
ရွှေဝါငါးကြင်းငါးကို သဘာဝနည်းဖြင့် သားဖောက်ယူနိုင်ပါသည်။ မြေကန်၊ ကွန်ကရစ်ကန်နှင့် ပိုက်လှောင်အိမ်(Hapa)များ အသုံးပြုနိုင်ပါသည်။ အမ ၁ကောင်လျှင် အထီး ၂ကောင် နှုန်း အချိုးဖြင့် ထည့်သွင်းသားဖောက်နိုင်ပါသည်။
မျိုးပွားနှုန်းကောင်းသော ငါးများရွေးချယ်ရာတွင်-
(က) အရွယ်ရောက်သော အထီးများ၌ အပေါ်နှုတ်ခမ်းတစ်ဝိုက်တွင် အဖုငယ်များကို တွေ့ရပါသည်။ ရင်ဘက်ပိုင်းရေယပ်တောင်၏ အတွင်းပိုင်းသည် ကြမ်းတမ်းနေတတ်ပါသည်။ ဝမ်းဗိုက်မှ စအိုသို့ ဖြည်းညှင်းစွာ ညှစ်ကြည့်ပါက နို့နှစ်ရောင် မပြစ်မကျဲမျိုးရည်များ ထွက်လာသည်ကို တွေ့ရပါမည်။
(ခ) ပုံသဏ္ဍန်အားဖြင့် မျိုးငါးများသည် ဝမ်းဗိုက်ပျော့ပျောင်း၍ ပြန့်ကားနေရမည်။ အမြီးအရင်းပိုင်း ကျယ်ပြန့်၍ လွယ်ကူစွာ ကွေးနိုင်၊ ဆန့်နိုင်ရပါမည်။ ဦးခေါင်းပိုင်းသေးငယ်၍ ချွန်နေရပါမည်။ မျိုးပွားအင်္ဂါပေါက်သည် အမြီးရင်းနှင့် နီးကပ်စွာ တည်ရှိရပါမည်။
သားဖောက်ကန် အရွယ်အစား
မြေကန် -၆ပေ x ၄ပေ x ၄ပေ (တစ်ပိုင်တစ်နိုင်)
-၅၀ ပေ x ၂၅ ပေ x ၄ ပေ (တစ်ပိုင်တစ်နိုင်)
ကွန်ကရိကန် -၃၀ ပေ x ၂၇ ပေ x ၃ ပေ
ပိုက်လှောင်အိမ်(Hapa) - ၆ ပေ x ၃ ပေ x ၃ ပေ တို့ရှိရပါမည်။
ရွှေဝါငါးကြင်းဥများသည် စေးကပ်သောသဘာဝရှိသဖြင့် ဥများတွယ်ကပ်စေရန် အောက်ပါနည်းများပြုလုပ်၍ သားဖောက်နိုင်ပါသည်။
၁။ ကန်၏အလယ်တွင် မိတ်လိုက်ဥချနိုင်ရန် ဝါး၄လုံး ဘောင်ခတ်၍ အမြစ်ရှည်သော ဗေဒါပင်အား ရေဆေး၍ ထည့်ပေးရပါမည်။
၂။ ပင်လယ်ကဗွီး၊ ရေဆလတ် စသည့် ရေနေအပင်များအား ဆေးကြော၍လည်း အသုံးပြုနိုင်ပါသည်။
၃။ မြေကန်ဖြစ်ပါက မြေသားမာစေရန် ၅ရက်ခန့် နေပူလှန်းခြင်း၊ အသားစားငါးနှင့် အပင်များရှင်းလင်းခြင်း၊ ထုံးဖြူး ခြင်းများ ပြုလုပ်ရပါမည်။
၄။ မျိုးငါးတစ်စုံလျှင် အထီး၂ကောင်၊အမ ၁ကောင်နှုန်းဖြင့် တစ်ပြိုင်နက် ထည့်သွင်းသားဖောက်နိုင်ပါသည်။ ညနေပိုင်းတွင် ရေဖြန်းပေးပြီး နံနက်ပိုင်း၌ ဥများတွယ်ကပ်နေသော အသိုက်များကို သားဖောက်ပြုစုကန်သို့ ပြောင်းရွှေ့သားဖောက်ပေးနိုင်ပါသည်။
၅။ အချို့သော မွေးမြူရေးသမားများသည် ဥများအား ရွှေ့ပြောင်းခြင်း မပြုတော့ဘဲ ၄င်းကန်မှာပင် ငါးမှုန်များအား ဆက်လက်ပြုစုလေ့ရှိပါသည်။ ရာသီဥတုကိုလိုက်၍ ဥမှ ငါးမှုန်များ ၂ရက် မှ ၃ရက် အကြာတွင် ရေအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်စ် မှ ၂၅ ဒီဂရီဆဲလ်စီးယပ်စ် အတွင်း ပေါက်ဖွားလာနိုင်ပါသည်။
ငါးမှုန်ပြုစုခြင်း
၁။ ငါးမှုန်ပြုစုကန်အနေဖြင့် ၁ဧက အကျယ်ရှိ ကန်အတွက် မြေအမျိုးအစားကိုလိုက်၍ ထုံး (၆၀-၃၀၀) ပိဿာ ထည့်သွင်းပြီး သြဇာဓာတ်အဖြစ် နွားချေး၊ ကြက်ချေး တစ်ဧကလျှင် ၁၅ဝ တင်းနှုန်း ထည့်သွင်းပြီး သန့်ရှင်းသောရေကို နိုင်လွန်ဇာဖြင့် စစ်၍ ၃ပေခန့် ထည့်သွင်းပေးရပါမည်။
၂။ ရေဖြည့်ပြီး ပိုးဆွဲပိုက်ဖြင့် အနည်းဆုံး ၃ကြိမ်ခန့် ရေပိုးများ ဆွဲပေးရန် လိုပါသည်။ ရေဖြည့်ပြီး ၁ပါတ်အကြာ၌ ငါးမှုန်များ စတင်ထည့်သွင်းနိုင်ပါသည်။ ငါးမှုန်များအား နံနက်စောစောပိုင်းတွင် ထည့်သွင်းရန် အကောင်းဆုံး ဖြစ်ပါသည်။
၃။ ငါးမှုန်များထည့်သွင်းပြီး ၃ရက်ကျော်ပါက ပဲဖတ်(သို့)ပဲပိစပ်ရည်ကို ကန်အနှံ့ ပက်ဖျန်းကျွေးပေးနိုင်ပါသည်။ အစာအဖြစ် ဖွဲနုကို ဇကာတိုက် (သို့) စပ်စာမှုန့် (ဖွဲနု၊ ပဲဖတ်၊ ငါးခြောက်မှုန့်) (၃း၁း၁) နှုန်းဖြင့် တစ်နေ့လျှင် (၂-၄) ကြိမ်ခန့် ခွဲ၍လည်း ကျွေးမွေးပေးနိုင်ပါသည်။
၄။ သဘာဝအစာဖြစ်သော သတ္တမျှောလှေး(Rotifer,Monia) အား ဖောက်၍ ကျွေးမွေးပေးခြင်းဖြင့်လည်း ကြီးထွားနှုန်း ပိုမိုကောင်းမွန်စေပါသည်။ ငါးမှုန်ပြုစုကာလ(၄၅)ရက်အကြာတွင် ငါးသန်အဆင့်သို့ ရောက်ရှိမည် ဖြစ်ပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါပါသည်။
Related articles
ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း
Related questions
ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ
မင်းသက် • 1 answers
ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား
ကျော်သက်အောင် • 1 answers
နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅
ထက်ဝဏ္ဏအောင် • 1 answers
အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ
Than Soe • 1 answers
ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ
AHP • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025