ဂိုရာမီလေး ခေါ် ဘီလားငါး ဆေးထိုးသားဖောက်နည်း
ဂိုရာမီလေး ခေါ် ဘီလား ခေါ် ဂျပန်ငါးမှာ ဆေးထိုးသားဖောက်မွေးမြူ၍ ရသဖြင့် ဆေးထိုးသားဖောက်နည်းကို ဖော်ပြပေးပါမည်။
ဆေးထိုးရန် ဟော်မုန်းဖော်စပ်ခြင်း
ဆူပရီဖက်ဟော်မုန်း ၁ပုလင်းတွင် ဟော်မုန်း ၁၀၀၀၀ မိုက်ခရိုဂရမ်ပါရှိသော ဆေးရည် ၁၀ စီစီ ပါရှိပါသည်။
ဆေးထိုးပြွန်ဖြင့် ဆူပရီဖက်ဟော်မုန်းဆေးရည် ၁စီစီ စုပ်ယူပါ။ အဆိုပါ ဟော်မုန်းဆေးရည် ၁စီစီတွင် ဟော်မုန်း ၁၀၀၀ မိုက်ခရိုဂရမ် ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ ဟော်မုန်းဆေးရည် ၁ စီစီ ကို ပေါင်းခံရည် ၉စီစီ နှင့် ရောစပ်လိုက်ပါက ၁၀ စီစီ ဖျော်စပ်ပြီးသား ဆူပရီဖက်ဟော်မုန်း ဖျော်ရည်တွင် ၁၀၀၀ မိုက်ခရိုဂရမ် ဟော်မုန်းဓါတ် ပါဝင်ပါမည်။ (ဖျော်စပ်ထားသော ဆူပရီဖက်ဟော်မုန်းရည် ၁စီစီ ကို အသုံးပြုမည်ဆိုလျှင် ဟော်မုန်းအား ၁၀၀ မိုက်ခရိုဂရမ် ပါရှိမည် ဖြစ်သည်။)
ဆူပရီဖက်ဖျော်ရည်ကို Motilium M ဆေးပြားဖြင့် ရောစပ်ဖျော်ခြင်း
မိုတီလီယမ်ဆေးပြား ၁ပြားလျှင် ဆေးအလေးချိန် ၁၀ မီလီဂရမ် ပါရှိပါသည်။ ငါးအလေးချိန်ပေါ် မူတည်၍ ငါးအလေးချိန် ၁ကီလိုဂရမ်အတွက် မိုတီလီယမ် ၁၀ မီလီဂရမ် အသုံးပြုပါက ဆေးပြား ၁ပြား အသုံးပြုရပါမည်။
ပေါင်းခံရည် အသုံးပြုဖော်စပ်ခြင်း
များသောအားဖြင့် မျိုးငါးစုစုပေါင်း အလေးချိန် ၁ကီလိုဂရမ်ရှိသော မျိုးငါးအမများအတွက် ပေါင်းခံရည် ၁စီစီ ဖြင့် အသုံးပြု ဆေးထိုးနိုင်ပါသည်။ သို့ဖြစ်၍ မျိုးငါးအလေးချိန်အပေါ် မူတည်ပြီး အသုံးပြုမည့် ဆူပရီဖက်ဟော်မုန်းဖျော်ရည် ပမာဏကို နှုတ်ပါက ကျန်ရှိသော အပိုင်းကို ပေါင်းခံရည်ထပ်မံထည့်ပြီး ဖျော်ရပါမည်။
ဟော်မုန်းဆေးထိုးခြင်း(ပထမအကြိမ်)
ဂိုရာမီလေးမျိုးငါး အထီး ၅ကီလိုဂရမ် နှင့် မျိုးငါးအမ ၅ကီလိုဂရမ်ကို ချိန်တွယ်ပါ။ (၁ကီလိုဂရမ်လျှင် ၁၀ ကောင် အရွယ်တို့အား အထီး ၁ကောင်လျှင် အမ ၁ကောင် အချိုးနှုန်းဖြင့်) ပထမအကြိမ်ဆေးထိုးရန် ငါးအလေးချိန် ၁ကီလိုဂရမ်အတွက် ဆူပရီဖက်ဟော်မုန်း ၁၀ မိုက်ခရိုဂရမ် အသုံးပြု၍ မိုတီလီယမ် ၅မီလီဂရမ် အသုံးပြုပြီး ဖော်စပ်ရပါမည်။ ပထမ အကြိမ်တွင် မျိုးငါးအထီးရော အမပါ ထိုးရပါမည်။ ဆေးထိုးရာ၌ ငါး၏ ကျောရေယက်အရင်း နေရာကို ထိုးရပါမည်။
ဟော်မုန်း ဒုတိယအကြိမ် ဆေးထိုးခြင်း (ပထမအကြိမ် ဆေးထိုးပြီး ၁၄-၁၆ နာရီ ကြာပြီးနောက်)
ငါးအလေးချိန် ၁ကီလိုဂရမ်အတွက်ဆူပရီဖက်ဟော်မုန်း ၁၅-၂၀ မိုက်ခရိုဂရမ် အသုံးပြု၍ မိုတီလီယမ် ၅-၁၀ မီလီဂရမ် အသုံးပြုပြီး ဖော်စပ်ရပါမည်။
အထက်ဖော်ပြပါတို့ကို အားလုံးရောစပ်၍ ဒုတိယအကြိမ်တွင် မျိုးငါးအမ ကိုသာ ထိုးပေးရပါမည်။ ဆေးထိုးပြီးသော မျိုးငါးများအား အသင့်ပြင်ထားသော သားဖောက်ကန်အတွင်းသို့ လွှတ်ပေးရပါမည်။
အုတ်ကန်သားဖောက်ကန် အကျယ်အားဖြင့် ၅၀ စတုရန်းမီတာ၌ မျိုးငါးအထီးနှင့်အမ (၁း၁) ဖြင့် စုံတွဲ (၁၀၀-၂၀၀)တွဲနှုန်း ထည့်ပြီး သားဖောက်နိုင်ပါသည်။ မျိုးငါးများ လွတ်ပြီး ၂၄ နာရီ ကြာပြီးနောက် သားဖောက်ပြုစုကန်အတွင်းမှ သန္ဓအောင် ဥများကို ဆယ်ယူစုဆောင်းနိုင်ပါသည်။ စုဆောင်း ရယူထားသော သန္ဓေအောင်ဥများကို သန့်စင်ပြီးနောက် ပြုစုကန်သို့ ပြောင်းရွှေ့ပြုစုရပါမည်။
။ 
မျိုးသန္ဓေအောင်ဥများ (ရေပေါ် ပေါ်သောဥများ)
ရေအပူချိန် (၂၈-၃၂ ဒီဂရီဆဲလ်စီးရပ်စ်) တွင် သန္ဓေအောင်ဥများသည် (၁၈- ၂၄) နာရီ အကြာတွင်အကောင် ပေါက်ပါသည်။ အကောင်ပေါက်ပြီး(၁-၂)ရက်အတွင်း ငါးသားပေါက်ကလေးများသည် ရေပေါ်ပေါ်နေပြီး စုစည်းလျက်ရှိကြောင်း တွေ့ရမည်ဖြစ်၍ ပြုစုကန်သို့ ခပ်ယူပြောင်းရွှေ့ရပါမည်။ သားပေါက်ပြုစုမည့် ကန်ကို သားပေါက်များ မပြောင်းရွှေ့မီ ၁ရက်ကြိုတင်ပြီး ပြင်ဆင်ရပါမည်။ သားပေါက်သည် ၃ရက် ကြာပြီးနောက် ပြင်ပအစာများဖြစ်သော Rotifer (သို့မဟုတ်) Moina တို့ကို စတင်စားလာနိုင်ပြီး ဖြည့်စွက်စာအနေဖြင့် ကြက်ဥနှစ်ပြုတ်ဖျော်ရည်ကို ၃ရက်မှ ၅ရက်အထိ ကျွေးရပါမည်။
သားပေါက်များသည် အသက်အားဖြင့် ၈ ရက် အရွယ်ရောက်ရှိသောအခါ ပြင်ပအစာ(စပ်စာ ဖွဲနုနှင့် ငါးကြေမှုန့် ၂ အချိုး ၁ အရော)ကို စတင်ကျွေးရပါမည်။
သားပေါက်များသည် ၂၅ ရက်သားတွင် ပျှမ်းမျှအားဖြင့် ၂စင်တီမီတာအရွယ်ခန့် ရှိလာပြီးဖြစ်၍ သားပေါက်များကို ပြုစုကန်မှ ပိုက်ဆွဲဖမ်းယူသောအခါ ပထမတစ်ခေါက်တွင် ကန်တစ်ဝက်ကိုသာ ပိုက်သားနုသော ဆွဲပိုက်ဖြင့် ဖမ်းယူစုဆောင်းနိုင်ပြီး ၄င်းနောက် ကန်အပြည့် ပိုက်ဆွဲ ဖမ်းယူခြင်းဖြင့် ငါးသားပေါက်များ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
Related articles
ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း
Related questions
ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ
မင်းသက် • 1 answers
ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား
ကျော်သက်အောင် • 1 answers
နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅
ထက်ဝဏ္ဏအောင် • 1 answers
အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ
Than Soe • 1 answers
ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ
AHP • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....