Analog Forestry ၏ အခြေခံသဘောတရား ၁၂ ချက်
စိုက်ပျိုးရေးကဏ္ဍအနေနဲ့ မိမိတို့ရဲ့ စီးပွားရေးအကျိုးအမြတ်ကို မထိခိုက်စေဘဲ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းပြီး ပျောက်ဆုံးသွားတဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်လာနိုင်ဖို့အတွက်ဆိုရင် မိမိတို့ရဲ့ စီးပွားဖြစ်စိုက်ခင်းတွေမှာ Analog Forestry ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးပြီး အကောင်အထည် ဖော်နိုင်ပါတယ်။
Analog Forestry ကို လက်တွေ့ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အခြေခံသဘောတရား ၁၂ ချက် ကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ အဲဒီအခြေခံသဘောတရား ၁၂ ချက်ကိုလည်း အပိုင်း (၄) ပိုင်း ပြန်ခွဲပြီး လေ့လာနိုင်ပါတယ်။
ပထမပိုင်း - Analog Forestry မစတင်မီ အခြေအနေမှန်ကို သိရှိခြင်း (Baseline)
Analog Forestry အကောင်အထည်ဖော်မယ့်ဒေသ၊ စိုက်ခင်းတွေရဲ့ အခြေအနေတွေကို တိတိကျကျ သိထားမှသာ Analog Forestry ကို ဘယ်လိုဒီဇိုင်းနဲ့ အကောင်အထည်ဖော်မယ်၊ ဘယ်လိုအပင်တွေကို ဖြည့် စွက်စိုက်ပျိုးနိုင်မယ်၊ Analog Forestry ရဲ့ ကောင်းကျိုးတွေကို အမှန်တကယ်ရရှိအောင် ဘယ်လိုဆောင်ရွက် နိုင်မယ်ဆိုတာတွေကို ဆက်စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြေခံသဘောတရား ၃ ချက်ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
(၁) လေ့လာပြီး မှတ်တမ်းတင်ပါ။ (Observe and record)
လက်ရှိ မိမိရဲ့ စိုက်ခင်းအနေအထားက ဘယ်လိုအခြေအနေမှာ ရှိတာလဲ။ မိမိဒေသမှာ ဘယ်လိုသစ်တောအမျိုးအစားတွေ ပေါက်ရောက်ရှင်သန်တာလဲ။ ဘယ်လိုဇီဝမျိုးကွဲ မျိုးစိတ်တွေ ရှင်သန်ပေါက်ရောက်၊ နေထိုင်ကျက်စားနေသလဲ စတာတွေကို လေ့လာပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
(၂) အခြေအနေကို နားလည်အောင် ဆန်းစစ်ဝေဖန်သုံးသပ်ပါ။ (Understand and Evaluate)
လေ့လာမှတ်သားထားတဲ့ အချက်အလက်တွေကို ပြန်လည်ခြုံငုံသုံးသပ်ပြီး အခြေအနေအားလုံးကို လွှမ်းခြုံပြီး နားလည်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို ခြုံငုံသုံးသပ်ရာမှာ သိပ္ပံနည်းကျ တွက်ချက်မှုတွေသာမက၊ သမားရိုးကျ အစဉ်အလာအတိုင်း စဉ်းစားပုံတွေကိုပါ ထည့်သွင်းပြီး ခြုံငုံသုံးသပ်ရမှာ ဖြစ်ပါတယ်။
(၃) မိမိရဲ့ စိုက်ခင်းအကြောင်း သေသေချာချာ နားလည်ပါစေ။ (Know your land)
Analog Forestry ကို အကောင်အထည်ဖော်မယ့် မိမိရဲ့မြေ၊ စိုက်ခင်း၊ နေရာ မှာ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်၊ ရေဆင်းနဲ့ ရေသိုလှောင်နိုင်မှု၊၊ မြေဆီလွှာအမျိုးအစား၊ နေရောင်ရရှိမှု၊ လေတိုက်နှုန်းနဲ့ လေတိုက်ရာအရပ်မျက်နှာ၊ စိုက်ခင်းမှာပါဝင်နေတဲ့ အစိတ်အပိုင်းတွေ၊ ကုန်းနေရေနေသတ္တဝါတွေ မွေးမြူထားပုံ၊ ရှင်သန်ကျက်စားကြပုံ စတာတွေကို ဆက်စပ်ပြီး နားလည်ထားရမှာ ဖြစ်ပါတယ်။
ဒုတိယပိုင်း - Analog Forestry အတွက် ဒီဇိုင်းရေးဆွဲခြင်း (Designs)
လက်ရှိအခြေအနေ (baseline) ကို စေ့စေ့စပ်စပ် သဘောပေါက်ပြီးတဲ့နောက် အဲဒီအချက်အလက်တွေပေါ်မူတည်ပြီး မိမိတည်ထောင်ဆောင်ရွက်မယ့် Analog Forestry ကို ဒီဇိုင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီဇီုင်းရေးဆွဲဖို့အတွက် အခြေခံသဘောတရား ၂ ချက်ကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။
(၄) မြေပုံထုတ်ယူပါ။ (Map out flow and reservoir systems)
Analog Forestry အကောင်အထည်ဖော်မယ့် စိုက်ခင်း၊ ဒါမှမဟုတ် မြေနေရာရဲ့ အနေအထား တွေကို မြေပုံထုတ်ယူရပါမယ်။ ရေက ဘယ်ကနေ ဘယ်လို စီးဆင်းနေသလဲ၊ ဘယ်မှာ သိုလှောင်ထားသလဲ၊ နေက စိုက်ခင်းရဲ့ ဘယ်ဘက်ကနေထွက်ပြီး၊ ဘယ်ဘက်ကို ဝင်သလဲ။ လေက ဘယ်အရပ်မျက်နှာကတိုက်သလဲ စသည်ဖြင့် အခြေအနေအားလုံးကို ခြုံငုံမိအောင် မြေပုံထဲမှာ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်။
(၅) ထုတ်လုပ်နိုင်စွမ်းကို တွက်ချက်ပါ။ (Identify levels of yield)
စိုက်ခင်းကနေ တစ်နှစ်ကို သီးနှံအထွက်နှုန်းဘယ်လောက် ထုတ်လုပ်ပေးနိုင်သလဲ၊ သစ်တောအတွက် ဘယ်လောက်ပံ့ပိုးပေးနိုင်သလဲ ဆိုတာတွေကို တွက်ချက်ရပါမယ်။ ကိုယ့်ရဲ့ စိုက်ခင်းနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို ချိန်ညှိပြီးမှသာ မှန်ကန်တဲ့ Analog Forestry ဒီဇိုင်းကို ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။
တတိယပိုင်း - လက်တွေ့အကောင်အထည်ဖော်ရန် စီမံခန့်ခွဲခြင်း (Management)
စီမံခန့်ခွဲခြင်းနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အခြေခံသဘောတရား ၆ ခု ရှိပါတယ်။ အဲဒီ သဘောတရားတွေဟာ ဒီဇိုင်းရေးဆွဲစဉ်ကာလမှာကတည်းက ထည့်သွင်းစဉ်းစားထားရမယ့်အချက်တွေလည်း ဖြစ်ပါတယ်။
(၆) လိုအပ်ချက်နှင့် ကိုက်ညီအောင် ဖြည့်ဆည်းပါ။ (Be guided by landscape needs)
မိမိအကောင်အထည်ဖော်ဆောင်မယ့် မြေနေရာနဲ့ ပတ်ဝန်းကျင်ရဲ့ မြေမျက်နှာသွင်ပြင်အပါအဝင် ပထဝီအနေအထားတွေအားလုံးကို သိရှိပြီး အဲဒီအနေအထားတွေနဲ့ ကိုက်ညီတဲ့ အခြေအနေမျိုးကို ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ မိမိရဲ့ ဒေသဟာ ပူအိုက်ဆွတ်စိုတဲ့ ဒေသဆိုရင် Analog Forestry အတွက် ဒီဇိုင်းရေးဆွဲပြီး လက်တွေ့စိုက်ပျိုးရာမှာ ပူအိုက်ဆွတ်စိုတဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးစိတ်တွေကို ထည့်သွင်းစိုက်ပျိုးဖို့ လိုအပ်ပါတယ်။
(၇) သစ်တောတွေရဲ့ ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေ အတိုင်း သဘာဝကျစွာ လိုက်နာဆောင် ရွက်ပါ။ (Follow ecological succession)
Analog Forestry ကို ဖော်ဆောင်ရာမှာ သိပ်ပြီး လောကြီးနေလို့ မဖြစ်ပါဘူး။ သစ်တောတွေဆိုတာ အပင်ကြီးတွေ တန်းပြီးပေါက်လာတာမျိုး မဟုတ်ဘဲ ecological succession လို့ခေါ်တဲ့ ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေကို တဆင့်ပြီးတဆင့် မြှင့်တင်လာရတာပါ။ ဒါကြောင့် အဲဒီသဘာဝတရားကို မှီငြမ်းပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ဥပမာ လက်ဖက်ခင်းတွေကြားမှာ ကျွန်းပင်တွေ အများအပြား ပေါက်ရောက်နေတဲ့ အမြဲစိမ်းတောကြီး ချက်ချင်း ထူထောင်ယူလို့ မရပါဘူး။

(၈) ဂေဟဗေဒဖြစ်စဉ်တွေကပေးတဲ့ အကျိုးအမြတ်ကို အသုံးချပါ။ (Utilize ecological processes)
Analog Forestry ရဲ့ ဒီဇိုင်းကသာ မှန်ကန်ပြီး၊ စီမံခန့်ခွဲမှုကလည်း ကောင်းမွန်မယ်ဆိုရင် Ana-log Forestry ရဲ့ အစိတ်အပိုင်းတွေအချင်းချင်းကြားမှာ အချင်းချင်း အပြန်အလှန် ထောက်ပံ့ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် လက်ဖက်စိုက်ခင်းတွေထဲမှာ မြေပြန့်ချယ်ရီတွေ ရောနှောစိုက်ပျိုးပေးတဲ့ ဒီဇိုင်းမျိုး ရေးဆွဲထားတာကြောင့် လက်ဖက်ပင်အတွက် မြေပြန့်ချယ်ရီက အရိပ်အနည်းငယ် ပေးနိုင် သလို၊ မြေဆီလွှာထဲကိုလည်း နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လက်ဖက်ခင်းက ပိုမိုကောင်းမွန်လာပြီး မြေပြန့်ချယ်ရီ အရွက်ကို တိရစ္ဆာန်အစာအတွက် ထုတ်ယူသုံးစွဲနိုင်မှာပါ။
(၉) ဇီဝမျိုးကွဲစုံလင်မှုကို တန်ဖိုးထားပါ။ (Value Biodiversity)
Analog Forestry စီမံကိန်းနေရာမှာ ဇီဝမျိုးကွဲတွေ စုံလင်လာတာနဲ့အမျှ ဂေဟစနစ်ဟာ ပိုပြီးဟန်ချက်ညီလာသလို၊ ဂေဟစနစ်က လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ပိုမိုခံစားကြရမှာ ဖြစ်တာမို့ Analog Forestry ကို ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ရာမှာ ဇီဝမျိုးကွဲစုံလင်လာစေရေးကို တန်ဖိုးထားပြီး ထည့်သွင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
(၁၀) သစ်တော၏ ဖွံ့ဖြိုးလာမှုအပေါ် လေးစားတန်ဖိုးထားပါ။ (Respect maturity)
သစ်တောတွေဟာ သက်တမ်းရင့်ပြီး ဖွံ့ဖြိုးမှုအဆင့်ပြည့်စုံသွားလေလေ၊ သစ်တောတစ်ခုရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်လေလေပဲ ဖြစ်ပါတယ်။ Analog Forestry ရဲ့ ရည်မှန်းချက်ကလည်း ဖွံ့ဖြိုးမှုအဆင့်တွေ ပြည့်စုံတဲ့ သစ်တောအုပ်တွေကို တတ်နိုင်သမျှ အချိန်တိုတိုနဲ့ စီးပွားရေးကို မထိခိုက်စေဘဲ ပေါ်ထွန်းလာစေနိုင်ဖို့ ဖြစ်ပါတယ်။
(၁၁) ပြင်ပက သွင်းအားစုတွေကို လျှော့ချသုံးစွဲပါ။ (Reduce ratio of external energy in production)
Analog Forestry ထဲကို ရုပ်ကြွင်းလောင်စာတွေအပါအဝင် အခြားသော ပြင်ပက သွင်းအားစုတွေ ထည့်သွင်းသုံးစွဲခြင်းကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ တတ်နိုင်သမျှ မိမိရဲ့ Analog Forestry စီမံကိန်းထဲက ထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို သွင်းအားစုအဖြစ် ပြန်လည်အသုံးချနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
စတုတ္ထပိုင်း - ကိုယ်ပိုင်ဟန်ဖြင့် အဆင့်မြှင့်တင်ခြင်း (Individual and collective expression)
Analog Forestry ဆိုတာ ဘယ်အပင်ကို ဘယ်နားမှာ ဘယ်လိုစိုက်ရမယ် ဆိုပြီး အသေးစိတ်လိုက်နာဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် (Procedure) မဟုတ်ပါဘူး။ အခြေအနေနဲ့ လိုက်လျောညီထွေရှိအောင် ကိုယ်ပိုင်ဟန်နဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိတစ်ဦးတည်းအနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့လိုက် စုပေါင်းပြီးတော့ပဲဖြစ် ဖြစ်၊ Analog Forestry ကို ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည်ဖော်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ အခြေခံသဘောတရား ၁ ခုတည်းပဲ ရှိပါတယ်။
(၁၂) ကြုံတွေ့လာသမျှ ဖန်တီးနိုင်စွမ်းရှိစွာ ရင်ဆိုင်ဖြေရှင်းပါ။ (Respond creatively)
Analog Forestry ကို ဖော်ဆောင်ရာမှာ ထင်မှတ်မထားတဲ့ အခက်အခဲတွေ ကြုံတွေ့လာနိုင်သလို၊ ထင်မှတ်မထားတဲ့ အခွင့်အလမ်းတွေ၊ အောင်မြင်မှုတွေလည်း ရလာနိုင်ပါတယ်။ အဲဒါတွေကို ဖန်တီးနိုင်စွမ်းမြင့်မြင့်မားမားနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။

Analog Forestry ရဲ့ အခြေခံသဘောတရား ၁၂ ချက်ကို အကျဉ်းချုပ်ပြီးတင်ပြခဲ့တာမို့ လက်တွေ့အကောင်အထည်ဖော်တဲ့အပိုင်းတွေကိုလည်း ဆက်လက်တင်ပြနိုင်ဖို့ ကြိုးစားပါဦးမယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....