Analog Forestry နှင့် သဘာဝမြေဆွေး (သီရိလင်္ကာနိုင်ငံ ဟယ်လ်ဒူမူလာလက်ဖက်ခြံ၏ လက်တွေ့ဆောင်ရွက်ချက်များ)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်း (Analog Forestry)ရဲ့ ရည်ရွယ်ချက်က ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ရယူပြီး ဂေဟစနစ်ကို ပြန်လည်ရှင်သန်စေချင်လို့ ဖြစ်ပါတယ်။ သစ်တောပုံတူစိုက်ခင်းလို့ဆိုပေမယ့် သစ်ပင်တွေကိုပဲ အာရုံစိုက်ရတာတော့ မဟုတ်ပြန်ပါဘူး။ မြေဆီလွှာကိုလည်း အာရုံစိုက်ပြီး ပြုစုပျိုးထောင်ပေးရပါတယ်။ ဘာကြောင့်လဲဆိုရင် မြေ(Soil)ဆိုတာ ဂေဟစနစ်ကြီးရဲ့ အခြေခံအုတ်မြစ် ဖြစ်နေလို့ပါ။ မြေဆိုတဲ့ အခြေခံအုတ်မြစ်ကောင်းပါမှ အဲဒီမြေပေါ်မှာ အပင်တွေရဲ့ ပေါက်ရောက်ရှင်သန်ပုံ မှန်ကန်ကောင်းမွန်ပါလိမ့်မယ်။ ဒါမှသာ အပင်တွေကို အမှီပြုပြီး ဇီဝမျိုးကွဲစုံလင်မှုကိုရရှိပြီး ဂေဟစနစ်ရဲ့ အကျိုးရလဒ်တွေကို ခံစားကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သစ်တောပုံတူစိုက်ခင်းထူထောင်ရာမှာ မြေဆီလွှာပြုပြင်ထိန်းသိမ်းမှုက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ သီးနှံတစ်မျိုးတည်းကို စီးပွားဖြစ် တစ်အုပ်တစ်မစိုက်ပျိုးမှုကြောင့် ဆုံးရှုံးသွားတဲ့ မြေဆီလွှာရဲ့အရည်အသွေးတွေ၊ အော်ဂနစ်ပစ္စည်း (Organic Matter)တွေကို ပြန်လည်ဖြည့်သွင်းပေးဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် သဘာဝမြေဆွေး(Compost)တွေကို အကောင်းဆုံးအသုံးချ နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံကို သစ်တောပုံတူစိုက်ခင်း ထူထောင်ခြင်းနဲ့ပတ်သက်ပြီး သွားရောက်လေ့လာခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးကို ဝေမျှပေးပါရစေ။ သီဟိုဠ်ကျွန်းကြီးရဲ့ တောင်ဘက်အလယ်ပိုင်းလောက်က Uva ပြည်နယ်၊ Badulla ခရိုင်ထဲမှာရှိတဲ့ ဟယ်လ်ဒူမူလာ (Haldummulla) ဆိုတဲ့ လက်ဖက်ခြံလေးက အတွေ့အကြုံပါ။
ဟယ်လ်ဒူမူလာမှာ သစ်တောပုံတူစိုက်ခင်းထဲကအပင်တွေ အာဟာရဓာတ်ရရှိနိုင်ဖို့အတွက် Kaley Tea Estate မှာလိုပဲ နွားချေးအရည်ကို မြေဩဇာအဖြစ် သုံးစွဲပါတယ်။ ဒါပေမယ့် ထူးခြားတာက သဘာဝမြေဆွေး (Compost) ကိုပါ ထုတ်လုပ်သုံးစွဲတာပါ။
မြေဆီလွှာထဲကို အာဟာရဓာတ် ဖြည့်သွင်းပေးဖို့အပြင် မြေဆီလွှာပြုပြင်မှုအတွက်လည်း ရည်ရွယ်ပါတယ်။
ခြံတာဝန်ခံရဲ့ ရှင်းပြချက်အရ သူတို့ဆီမှာ နွားကောင်ရေအနည်းငယ်သာ မွေးမြူထားတာမို့ လက်ဖက်ခင်းတစ်ခုလုံးအတွက် မြေဩဇာလုံလုံလောက်လောက် မထုတ်လုပ်နိုင်သေးဘူးလို့ သိရပါတယ်။ ပြင်ပကနေ နွားချေးဝယ်ယူပြီး သုံးစွဲတာမျိုးလည်း လုပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နွားမွေးမြူရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဆက်လက်တိုးချဲ့ဖို့ရှိတယ်လို့ ဆိုပါတယ်။ လက်ဖက်အပါအဝင် သစ်တောပုံတူ စိုက်ခင်းတစ်ဧကအတွက် နွားတစ်ကောင်နှုန်း မွေးမြူသင့်တယ်လို့ သိရပါတယ်။
ဟယ်လ်ဒူမူလာရဲ့ နွားခြံလေးဟာ ကုန်းမြင့်မြင့်လေးပေါ်မှာ တည်ရှိပါတယ်။ သစ်တောပုံတူစိုက်ခင်းထဲက ထွက်ရှိတဲ့မြက်၊ မြေပြန့်ချယ်ရီတွေကို နွားစာအဖြစ် အသုံးပြုပါတယ်။
နွားခြံရဲ့နောက်မှာ နွားချေးနဲ့ အစာကျန်တွေကိုစုစည်းပေးမယ့် စုဆောင်းကန်(collecting area)ကို ထားရှိပါတယ်။ အဲဒီစုဆောင်းကန်ရဲ့ကြမ်းခင်းကို ဆင်ခြေလျှောလေး လုပ်ပေးထားတာကို တွေ့ရပါတယ်။ နွားချေးအရည်နဲ့ အဖတ်တွေကို သီးခြားစီ ခွဲထုတ်ဖို့ပါ။ အရည်တွေဟာ မြင့်ရာက နိမ့်ရာကို စီးဆင်းတယ်ဆိုတဲ့ ရူပဗေဒသဘောတရားကို အသုံးချပြီး နွားမစင်ကို အရည်နဲ့အဖတ် အလွယ်တကူ ခွဲခြားတာဖြစ်ပါတယ်။ နိမ့်တဲ့ဘက်မှာ စုလာတဲ့ အရည်တွေကို ပိုက်လိုင်းတစ်ခုကနေတဆင့် အရည်စုကန်ထဲကို ပို့ဆောင်ပေးပါတယ်။ အဲဒီအရည်တွေကို ရေ ၆ ဆနဲ့ရောစပ်ပြီး စိုက်ခင်းထဲမှာ မြေဩဇာအရည်(liquid fertilizer)အဖြစ် အသုံးပြုပါတယ်။

စုဆောင်းကန်ရဲ့ အောက်မှာ လှေကားထစ်ပုံစံနဲ့ နောက်ထပ် မြေဆွေးခန်း ၃ ခန်းကို အဆင့်လိုက် တည်ဆောက်ထားပါတယ်။ စုဆောင်းကန်ထဲက ကျန်ရှိနေတဲ့ အဖတ်တွေကို ကပ်လျက် ပထမမြေဆွေးကန်ထဲကို ရွှေ့ပြောင်းပေးပါတယ်။ နွားချေးတစ်လွှာထည့်ပြီးတိုင်း စိုက်ခင်းထဲကရရှိတဲ့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်စသဖြင့် ကာဗွန်ကြွယ်ဝတဲ့ အမှိုက်သရိုက်တွေကို တစ်လွှာထပ်ခင်းပေးပါတယ်။ အဲဒီလို နွားချေး တစ်လွှာ၊ အမှိုက်တစ်လွှာ စုဆောင်းရင်း ရက်ပေါင်း ၂၀ လောက် ကြာတဲ့အခါ မြေဆွေးအပုံတစ်ပုံ ရရှိပါပြီ။ အဲဒီနောက် ပုံထားတဲ့ အပုံကို အောက်ဘက်ကပ်လျက်က ဒုတိယမြေဆွေးကန်ထဲကိုထပ်ပြီး ရွှေ့ပြောင်းယူပြီး မြေဆွေးပုံ ထပ်မံပြုလုပ်ပါတယ်။ အမြင့်မှာရှိနေတဲ့ ကန်ထဲကနေ အောက်ကကန်ထဲကို ရွှေ့ယူရတာမို့ လုပ်အားလိုအပ်ချက် သက်သာလှပါတယ်။ အဲဒီလိုရွှေ့ပြောင်းပေးခြင်းအားဖြင့် မြေဆွေးပုံထဲကို လေဝင်စေပါတယ်။ ဒါကြောင့် မြေဆွေးဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ အဏုဇီဝပိုးမွှားလေးတွေအတွက် အောက်ဆီဂျင်ရရှိပြီး ဆွေးမြည့်မှုကို မြန်မြန်ဖြစ်ပေါ်စေပါတယ်။
ဒုတိယမြေဆွေးကန်ထဲမှာ ရက်၂၀လောက် ကြာပြီဆိုရင် တတိယကန်ထဲကို ရွှေ့ပြောင်းယူပြီး မြေဆွေးပုံအဖြစ် ပြန်ပုံပါတယ်။ တတိယကန်မှာ ရက်ပေါင်း ၂၀ ကြာပြီဆိုရင်တော့ မြေဆွေးပုံရဲ့ သက်တမ်းဟာ အကြမ်းဖျဉ်း ရက်ပေါင်း ၆၀လောက် ရရှိပြီ ဖြစ်ပါတယ်။ မြေဆွေးဖြစ်သွားပြီမို့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပြီဖြစ်သလို မြေဆီလွှာကို ပြုပြင်ပေးနိုင်မယ့် သဘာဝမြေဆွေးလည်း ဖြစ်သွားပါပြီ။ ဒါကြောင့် စိုက်ခင်း တွေထဲမှာ ထည့်သုံးပြီဖြစ်ပါတယ်။ လက်ဖက်ပင်တစ်ရုံကို သဘာဝမြေဆွေး ၂ ကီလိုဂရမ်နဲ့ ရက် ၆၀ (နှစ်လ) တစ်ကြိမ် ထည့်သွင်းပေးတယ်လို့ သိရပါတယ်။
ဒီနေရာမှာ သဘာဝမြေဆွေးနဲ့ ဇီဝမျိုးကွဲစုံလင်မှုရဲ့ကြားက အဆက်အစပ်နဲ့ပတ်သက်ပြီး Analog Forestry ဖခင်ကြီးဒေါက်တာရာနေးလ်ရဲ့ Belipora Arboretum ကျောင်းတော်ကြီးဆီ ရောက်ရှိခိုက်မှာ Analog Forestry သင်တန်းဆရာ မစ္စတာဒေဂျန် (Dejan deZoysa)က စာရေးသူကို ရှင်းပြခဲ့တာလေး တစ်ခုကို သတိရမိပါတယ်။ သူက “ပျက်စီးနေတဲ့မြေထဲကို သဘာဝမြေဆွေးတွေ ဖြည့်သွင်းပေးတဲ့အတွက် မြေဆီလွှာဟာ ပြန်ပြီးရှင်သန်လာတယ်။ ဆိုလိုတာက မြေကြီးထဲကို ဩဂဲနစ်ပစ္စည်း (Organic Matter)တွေ ရောက်ရှိလာတဲ့အတွက် မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်ပုံ မှန်လာပြီး၊ ရေ၊ လေ နဲ့ အာဟာရတွေကို ထိန်းပေးလာနိုင်တယ်။ ဒါကြောင့် အကျိုးပြုအဏုဇီဝပိုးမွှားတွေ ရှင်သန်ပေါက်ပွားလာတယ်။ ဇီဝမျိုးကွဲစုံလင်မှုဟာ မြေပြင်ပေါ်မှာ မမြင်ရသေးရင်တောင် မြေဆီလွှာထဲမှာ စပြီးတိုးတက်လာနေပြီလို့ ပြောလို့ရပါတယ်။ နောက်ပြီး မြေဆီလွှာထဲက အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာ မြေပြင်ပေါ်မှာ ဇီဝမျိုးကွဲစုံလင်ဖို့ အခြေခံပါပဲ” လို့ ရှင်းပြခဲ့တာပါ။

နိဂုံးချုပ်အနေနဲ့ကတော့ သစ်တောပုံတူစိုက်ခင်း ထူထောင်ရာမှာ ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းဟာ အရေးတကြီးလိုအပ်ပြီး အဲဒီလိုပြုပြင်ထိန်းသိမ်းနိုင်ဖို့ သဘာဝမြေဆွေးတွေက အင်မတန်အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေကြောင်းနဲ့ သဘာဝမြေဆွေးတွေ အလုံအလောက် ရရှိနိုင်ဖို့ကတော့ မွေးမြူရေးနဲ့တွဲဖက်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြလိုပါတယ်။
တစ်ဆက်တည်းမှာ မွေးမြူရေး လုပ်ငန်းနဲ့ သဘာဝမြေဆွေးထုတ်လုပ်မှုကို ဟန်ချက်ညီညီနဲ့ တွဲဖက်နိုင်ဖို့ မိမိရဲ့မြေပြင်အခြေအနေ၊ လုပ်အား၊ စီမံခန့်ခွဲနိုင်မှု၊ လိုအပ်ချက်စတဲ့ အချက်အလက်မျိုးစုံကို အသေးစိတ်တွက်ချက်ပြီး ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နိုင်လေလေ အကျိုးဖြစ်ထွန်းလေလေပဲဖြစ်ပါကြောင်း ဟယ်လ်ဒူမူလာ လက်ဖက်ခြံရဲ့ အတွေ့အကြုံကို အခြေခံပြီးတင်ပြလိုက်ရပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
win ko thu
2 years agoလယ်ယာမြေတွေအသက်ပြန်၀င်လာပြီပေါ့နော်
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....