Analog Forestry ဒီဇိုင်းရေးဆွဲရန် မြေပုံထုတ်ခြင်း
စိုက်ပျိုးရေးလုပ်ငန်းများအနေနဲ့ မိမိတို့ရဲ့ စီးပွားရေးအကျိုးအမြတ်ကို မထိခိုက်စေဘဲ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းပြီး ပျောက်ဆုံးသွားတဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်လာနိုင်ဖို့အတွက် စီးပွားဖြစ်သီးနှံစိုက်ခင်းတွေမှာ သစ်တောပုံတူစိုက်ခင်း (Analog Forestry)ကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး တည်ထောင်နိုင်ပါတယ်။ Analog Forestry ကို လက်တွေ့လုပ်ဆောင်ရာမှာ အခြေခံသဘောတရား ၁၂ ချက်ကို လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အဲဒီထဲက တစ်ချက်ကတော့ “မြေပုံထုတ်ယူပါ” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မိမိတို့တည်ထောင်အကောင်အထည်ဖော်မယ့် သစ်တောပုံတူစိုက်ခင်းအတွက် ဒီဇိုင်းရေးဆွဲဖို့အတွက် မြေပုံတွေဟာ အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဒီဇိုင်းမရေးဆွဲခင်မှာ “ပထဝီအနေအထားပြမြေပုံ (Base Mapping/Biophysical Map)” နဲ့ “မြေယာအသုံးချထားမှုပြမြေပုံ (Site Mapping/ Existing land use map)” တို့ကို ရေးဆွဲထားဖို့ လိုအပ်ပါတယ်။

ပထဝီအနေအထားပြမြေပုံ (Base Mapping/Biophysical Map)
ပထဝီအနေအထားပြမြေပုံမှာ မိမိတို့ Analog Forestry တည်ထောင်မယ့် စီမံကိန်းမြေနေရာရဲ့ မြေပြင်အခြေအနေနဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ခြုံငုံဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါမှသာ အဲဒီစီမံကိန်းမြေနေရာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ချိတ်ဆက်နားလည်နိုင်မှာဖြစ်ပြီး ဒီဇိုင်းရေးဆွဲရာမှာ ထည့်သွင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ပထဝီအနေအထားပြမြေပုံတစ်ခုမှာ ပါဝင်ရမယ့် အဓိကအစိတ်အပိုင်း ၄ ခုရှိပါ တယ်။
- မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ကွန်တိုလိုင်းများ (Topographic lines) - မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် အနေအထားတွေဟာ ရေစီးရေလာကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မြေဆီလွှာတိုက်စားမှုအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ မြေပြင်အနေအထားပေါ်မူတည်ပြီး၊ နေရောင်ခြည်ရရှိမှု၊ လေတိုက်ခတ်မှုတွေကလည်း ကွာခြားနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အပင်အမျိုးအစားတွေကလည်း မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ ဒါကြောင့် စီမံကိန်းနေရာရဲ့ မြေမျက်နှာသွင်ပြင်ကို ကြိုတင်သိရှိထားခြင်းက Analog Forestry အတွက် ဒီဇိုင်းရေးဆွဲရာမှာ အထောက်အကူပြုနိုင်ပါတယ်။
- မြစ်၊ ချောင်း၊ မြောင်း အစရှိတာတွေရဲ့ စီးဆင်းပုံအနေအထား (Waterways) - ရေအရင်းအမြစ် နဲ့ ရေစီးကြောင်းတွေဟာ မိမိရဲ့ လက်ရှိစိုက်ခင်းအတွက်ရော ဖြစ်ပေါ်လာမယ့် Analog Forestry အတွက်ပါ အရေးကြီးပါတယ်။ မြစ်ချောင်းတွေ၊ ရေမြောင်းတွေ၊ ရေအိုင်တွေ၊ ရေထွက်တွေ ကိုယ်တိုင်က ဂေဟစနစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်သလို ဇီဝမျိုးကွဲစုံလင်မှုအတွက် အဓိကကျတဲ့ ရေအရင်းအမြစ်တွေ ဖြစ်နေပါတယ်။ ဒါ့အပြင် မိမိစိုက်ပျိုးတည်ထောင်မယ့် Analog Forestry စိုက်ခင်းရေရှည်တည်တံ့နိုင်ဖို့အတွက် အရင်းအမြစ်လည်း ဖြစ်ပြန်ပါတယ်။ ဒါကြောင့် ရေစီးဆင်းပုံအနေအထား၊ ရေရရှိနိုင်မှုတွေပေါ်မူတည်ပြီး ဘယ်လိုသီးနှံမျိုးကို ဘယ်နေရာမှာစိုက်ပျိုးမလဲဆိုတာကို ဆုံးဖြတ်ရမှာပါ။ ရေစီးကြောင်းတွေဟာ မြေဆီလွှာတိုက်စားမှုကို ဖြစ်ပေါ်စေတတ်တာမို့ အဲဒီလိုမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဒီဇိုင်းရေးဆွဲရာမှာ ရေစီးကြောင်းတွေအကြောင်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အခြားသော စီးပွားဖြစ်စိုက်ခင်းတွေမှာ အသုံးပြုပြီး စွန့်ပစ်တဲ့ ဓာတုဆေးကြွင်းတွေက မိမိတို့ရဲ့ Analog Forestry စိုက်ခင်းတွေထဲကို ရေအရင်းအမြစ်တွေကတဆင့် ရောက်ရှိလာနိုင်ပါတယ်။ အဲဒီလိုသာ ရောက်ရှိလာရင် မိမိတို့ပြုပြင်တည်ဆောက်တဲ့ ဂေဟစနစ်ဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးရင့်မှည့်လာမှာ မဟုတ်သလို ဇီဝမျိုးကွဲတွေဟာလည်း စုံလင်လာနိုင်စရာ မရှိပါဘူး။ ဒါကြောင့် Analog Forestry ဒီဇိုင်းရေးဆွဲရာမှာ ရေစီးဆင်းပုံ အနေအထားတွေကိုလည်း အရေးတ ကြီး ထည့်သွင်းစဉ်းစားရခြင်း ဖြစ်ပါတယ်။
- လေတိုက်ခတ်ရာလမ်းကြောင်း (Wind directions) - အပင်တစ်ပင်နဲ့တစ်ပင် ဝတ်မှုံကူးတာ၊ ရောဂါကူးစက်ပြန့်ပွားတာ စသည်ဖြင့် လေဟာ အပင်တွေအတွက် အရေးကြီးတဲ့ သဘာဝအင်ဂျင်နီယာ တစ်မျိုး ဖြစ်ပါတယ်။ တချို့အပင်တွေက လမ်းကြမ်းကြမ်းတိုက်တာကို ခံနိုင်ပေမယ့် တချို့ကတော့ လေကြမ်းတိုက်တာကို မခံနိုင်ကြပြန်ပါဘူး။ မိမိတို့စိုက်ပျိုးထား အပင်တွေရဲ့ လိုအပ်ချက်နဲ့ လေတိုက်ခတ်ရာလမ်းကြောင်းကို မှန်မှန်ကန်ကန် တွက်ချက်ယူပြီး Analog Forestry မှာ ဘယ်လိုအပင်တွေကို ဘယ်နေရာမှာ ထည့်သွင်းစိုက်ပျိုးမယ်ဆိုတာမျိုး သေသေချာချာစဉ်းစားပြီး ဒီဇိုင်းရေးဆွဲရမှာပါ။ ဒါကြောင့် ပထဝီအနေအထားမြေပုံမှာ လေတိုက်ခတ်ရာလမ်းကြောင်းတွေနဲ့ ရာသီအလိုက်ပြောင်းလဲပုံတွေကို ထည့်သွင်းရေးဆွဲထားဖို့ လိုအပ်ပါတယ်။
- နေသွားရာလမ်းကြောင်း (the movement of the sun) - အချို့အပင်တွေဟာ နေရောင်ခြည်များများရရှိဖို့ လိုအပ်သလို တချို့အပင်တွေက အရိပ်ကို ပိုနှစ်ခြိုက်ကြပါတယ်။ နေရောင်ခြည်ရရှိဖို့ လိုအပ်တယ်ဆိုရာမှာတောင် နေရောင်ခပ်ပြင်းပြင်းလိုတဲ့ အပင်၊ နေရောင်ခပ်ဖျော့ဖျော့သာ နှစ်သက်တဲ့အပင်ရယ်လို့ ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် နေသွားရာလမ်းကြောင်းဟာ အပင်တွေအပေါ်သက်ရောက်မှု ကြီးမားလှပါတယ်။ ဒါကြောင့် နေသွားရာလမ်းကြောင်းပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အပင်အမျိုးအစားတွေကို လိုက်ဖက်တဲ့ဒီဇိုင်းနဲ့ ရောနှောစိုက်ပျိုးကြရပါတယ်။ ဒါကြောင့် မြေပုံထုတ်ရာမှာ နေသွားရာလမ်းကြောင်းကို ထည့်သွင်းရေးဆွဲရခြင်း ဖြစ်ပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်သက်ရောက်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ နေသွားရာလမ်းကြောင်းတူညီသည့်တိုင် မြေမျက်နှာသွင်ပြင်မတူရင် အပင်တွေမှာ နေရောင်ခြည်ရရှိမှု မတူညီနိုင်ပါဘူး။ ထို့အတူ မြေမျက်နှာသွင်ပြင် မတူရင် လေရရှိမှု မတူညီနိုင်ပါဘူး။ ကျန်တဲ့အချက်တွေ တူညီရင်တောင် ရေရှိနိုင်မှု မတူပြန်ရင်လည်း အပင်တွေရဲ့ ရှင်သန်ပုံက မတူနိုင်ပြန်ပါဘူး။ ဒါကြောင့် ပထဝီအနေအထားပြ မြေပုံဟာ Analog Forestry ကို ဒီဇိုင်းရေးဆွဲရာမှာ အခြေခံအကျဆုံးမြေပုံ ဖြစ်ပါတယ်။

မြေယာအသုံးချထားမှုပြမြေပုံ (Site Mapping/ Existing land use map)
မြေယာအသုံးချထားမှုပြမြေပုံမှာတော့ Analog Forestry ဖော်ဆောင်မယ့် မြေနေရာကို လက်ရှိမှာ ဘယ်လိုအသုံးချနေသလဲ ဆိုတာကို ခြုံငုံနားလည်နိုင်အောင် ရေးဆွဲဖော်ပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ရင် Analog Forestry ဆိုတာ လက်ရှိ ရှိနေတဲ့ စီးပွားဖြစ်စိုက်ပျိုးရေးတွေ၊ လူနေအိမ်ခြေတွေကို ဖယ်ရှားပစ်ပြီး၊ သစ်တောမြေအဖြစ် သစ်ပင်တွေပဲ အစားထိုးပြီး ပြန်လည်စိုက်ပျိုးတဲ့လုပ်ငန်း မဟုတ်ဘဲ၊ အဲဒီနေရာမှာရှိနေတဲ့ လူမှုစီးပွားဘဝတွေကို မထိခိုက်စေဘဲ ဂေဟစနစ်ကို ပြန်လည်ရှင်သန်လာအောင် ဒီဇိုင်းရေးဆွဲပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်တဲ့ စနစ်ဖြစ်နေလို့ပါ။ တချိန်မှာ Analog Forestry အဖြစ် ပုံပေါ်လာတဲ့အခါ ဂေဟစနစ် ပြန်လည်အသက်ဝင်လာသလို အဲဒီမှာရှိနေခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ပိုမိုပြီး တွက်ချေကိုက်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Analog Forestry ရဲ့ ဒီဇိုင်းမှာ လက်ရှိ လူမှုစီးပွားဘဝတွေကို ထည့်သွင်းတွက်ချက်ရေး ဆွဲနိုင်ဖို့ မြေယာအသုံးချထားမှုပြမြေပုံကို ရေးဆွဲရတာ ဖြစ်ပါတယ်။
အဲဒီလို ရေးဆွဲရာမှာ လူနေအဆောက်အဦးတွေ၊ မွေးမြူရေးခြံတွေ၊ စိုက်ပျိုးသီးနှံအလိုက် ကွဲပြားနေတဲ့ စိုက်ခင်းတွေ၊ လမ်းတံတားတွေ၊ အများပြည်သူပိုင်နေရာတွေ၊ မြေလွတ်မြေရိုင်းတွေ၊ သဘာဝသစ်တောတွေစသည်ဖြင့် မြေယာကို လူတွေက ဘယ်လိုအသုံးချထားသလဲ၊ ဘယ်လောက်အကျယ်အဝန်းအထိ အသုံးချထားသလဲ၊ ရာသီအလိုက်အသုံးချပုံ ကွဲပြားသလား စတာတွေကို ပေါ်လွင်အောင် ခြုံငုံထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါ တယ်။
လက်ရှိအခြေအနေ
Analog Forestry တည်ထောင်မယ့် နေရာအတွက် “ပထဝီအနေအထားပြမြေပုံ” နဲ့ “မြေယာအသုံးချထားမှုပြမြေပုံ” ဆိုတဲ့ အခြေခံမြေပုံနှစ်ခုကိုရေးဆွဲပြီး အဲဒီမြေပုံနှစ်ခုကိုထပ်ကြည့်လိုက်မယ်ဆိုရင် အခြေအနေအားလုံးကို ခြုံငုံနားလည်နိုင်စေမယ့် (Overlay map) တစ်ခု ရရှိမှာဖြစ်ပါတယ်။ ဒါဟာ လက်ရှိအခြေအနေကိုသိရှိအောင် ဆောင်ရွက်တာဖြစ်သလို ဒီဇိုင်းရေးဆွဲဖို့အတွက် ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
အဲဒီမြေပုံနှစ်ခုကို အခြေခံပြီး Analog Forestryကို ဘယ်လိုတည်ထောင်မလဲ၊ ဘာတွေ စိုက်ပျိုးမလဲဆိုတာနဲ့ ပတ်သက်တဲ့ နောက်ထပ် မြေပုံတစ်ခုကို ထပ်မံရေးဆွဲဖို့ လိုအပ်ပါသေးတယ်။ အဲဒါကိုတော့ ဒီဇိုင်းမြေပုံ (Design Map) လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒီဇိုင်းမြေပုံကို ချက်ချင်းထုတ်ယူလို့ မရသေးပါဘူး။ နောက်ထပ် အချက်အလက်တွေ ထပ်မံလေ့လာဖို့ လိုအပ်ပါသေးတယ်။ နောက်ထပ်ဆက်လက် ဆွေးနွေးသွားပါဦးမယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all